အရှိန်မထိန်းနိုင်သော ယာဉ်မှ ၎င်း၏ရှေ့မှမောင်းနှင် နေသော ဆိုင်ကယ်အား တိုက်မိသဖြင့် (၁)ဦးသေ၊ (၄)ဦးဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၁၀

၉.၇.၂၀၁၄ ရက်နေ့ ၂၂၀၀ အချိန်တွင် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်း အတိုင်း မှော်ဘီဘက်မှ ထောက်ကြန့်ဘက်သို့ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နေ ယာဉ်မောင်း ထွန်းကိုကို၊ (၂၉)နှစ် မောင်းနှင်လာသော 7A---- Nissan Cedric ကိုယ်ပိုင်ယာဉ်သည် မိုင်တိုင်အမှတ်(၂၃/၆)နှင့် (၂၃/၇) ကြားအရောက် ၎င်း၏ ရှေ့မှမောင်းနှင်သွားနေသော မှော်ဘီမြို့နယ်နေ ကိုမျိုး၊ (၃၆)နှစ် စီးနင်းမောင်းနှင်သည့် Hi BOBO အနက်ရောင်ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှ ၀င်ရောက် တိုက်မိခဲ့ပြီး ယာဘက်လမ်းဘေးရှိ အုတ်ခုံအားထပ်မံတိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နှင့်ယာဉ်ပျက်စီးကာ ဆိုင်ကယ်ပေါ်တွင်စီးနင်း လိုက်ပါလာသော မှော်ဘီမြို့နယ်နေ ကိုဇော်မင်းထွန်း၊ (၃၂)နှစ်မှာ နဖူးပေါက်ပြဲ၊ ၀ဲပါး၊ ယာဘက်ဖျံပွန်းစုတ်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ ကိုမျိုးတွင် ယာပါးပွန်းစုတ်၊ ၀ဲခြေသလုံးရိုးကျိုးဒဏ်ရာများ ရရှိခဲ့သည့်အပြင် 7A----ယာဉ်မောင်း ထွန်းကိုကိုနှင့် ယာဉ်ပေါ်ပါအမျိုးသား(၂)ဦး တို့တွင် ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့ကြသဖြင့် မှော်ဘီဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ထွန်းကိုကိုအား မှော်ဘီမြို့မရဲစခန်း ယာဉ်(ပ)၄၁/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


အရှိန်မထိန်းနိုင်သော ယာဉ်မှ ၎င်း၏ရှေ့မှမောင်းနှင် နေသော ဆိုင်ကယ်အား တိုက်မိသဖြင့် (၁)ဦးသေ၊ (၄)ဦးဒဏ်ရာရ  အရှိန်မထိန်းနိုင်သော ယာဉ်မှ ၎င်း၏ရှေ့မှမောင်းနှင် နေသော ဆိုင်ကယ်အား တိုက်မိသဖြင့် (၁)ဦးသေ၊ (၄)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 19:40 Rating: 5
Powered by Blogger.