မလေးရှားရောက် မြန်မာနိုင်ငံများအရေးကိစ္စ သံရုံး ထုတ်ပြန်ချက်

 မလေးရှားရောက် မြန်မာနိုင်ငံများ အရေးကိစ္စ ကွာလာလမ်ပူရှိ မြန်မာ သံအမတ်ကြီးနှင့် စစ်သံမှူးတို့ မလေးရှားနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ လုံခြုံရေး တာဝန်ရှိ သူများအား သွားရောက် တွေ့ဆုံ၍ အောက်ပါ အချက်(၂) ချက်ကို တောင်းဆို ခဲ့ကြောင်း သိရှိရသည်။

● မြန်မာနိုင်ငံသားများအား အကြမ်းဖက်တိုက်ခိုက်မှုများမှ အကာအကွယ်ပေးရန်၊

● ရာဇ၀တ်မှုကျူးလွန်သည့် တရားခံများကို အမြန်ဆုံးဖော်ထုတ်အရေးယူပေးရန်။

မလေးရှားရောက် မြန်မာနိုင်ငံသားများအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ မဖြစ်မနေ သွားလာရမည့် ကိစ္စရပ်များမှအပ မိမိတို့နေထိုင်ရာ နယ်မြေဒေသများ အလိုက် လုံခြုံရေးဆိုင်ရာသတင်းအခြေအနေများကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာကာ ကောလဟာလ မမှန်သတင်းများကိုလည်း ဆင်ခြင်သုံးသပ်လျက် မိမိတို့လုံခြုံရေးအတွက် အထူးဂရုပြု သတိထား သွားလာနေထိုင်ကြပါရန် နှိုးဆောင်ထားသည်။

Hmuu Zaw

[Read More:http://myanmarembassy-kl.org/?p=955]


မလေးရှားရောက် မြန်မာနိုင်ငံများအရေးကိစ္စ သံရုံး ထုတ်ပြန်ချက်  မလေးရှားရောက် မြန်မာနိုင်ငံများအရေးကိစ္စ သံရုံး ထုတ်ပြန်ချက် Reviewed by သစ်ထူးလွင် on 18:24 Rating: 5
Powered by Blogger.