ကြက်ခြင်းသယ်ဆောင်လာသောကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်၊ ဆိုင်ကယ်မောင်းသူ သေဆုံး

 မိုးညှင်း ဇူလိုင် ၁၉

 မိုးညှင်းမြို့နယ် မော်ဟန်ရဲစခန်း ပိုင်နယ်မြေအတွင်း ကြက်ခြင်းသယ် ဆောင်လာသော ကားနှင့် ဆိုင်ကယ် တို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူမှာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၅ ရက် ညနေ ၃ နာရီခွဲခန့်က မော်ဟန်ရဲကင်းစခန်း တွင် ဒုရဲအုပ်ထွန်းထွန်းဝင်း တာဝန် မှူးတာဝန်ဆောင်ရွက်နေစဉ် ရွှေဘို-မြစ်ကြီးနားကားလမ်းမပေါ် မော်ဟဲ ကျေးရွာအနီး ကားလမ်း မိုင်တိုင် အမှတ် (၁၆၉/၇)နှင့် (၁၇ဝ/ဝ)ကြား တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မော်ဟန်ရဲကင်းစခန်းမှ ဒု-တပ်ကြပ် အောင်ဇေယျာထွန်း၊ သက်သေ ပင်လုံကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူး ဦးဇော်လွင်၊ ဦးကျော်ဝင်း တို့နှင့်အတူ သွားရောက်စစ်ဆေးရာ ၄င်း ပြည်ထောင်စုလမ်းမပေါ် နန့်စီး အောင်ကျေးရွာဘက်မှ ကြက်ခြင်း ၃၂ ခြင်းတင်ဆောင်၍ ယာဉ်မောင်း ဆွတ်အောင်မိုင် မောင်းနှင်လာသော ၂က/----ဒိုင်နာ ခြောက်ဘီး အစိမ်း ရောင်မော်တော်ယာဉ်နှင့် ဝင်းမင်း လတ် ၃၃ နှစ် လမ်းခွကျေးရွာ၊ ကသာ မြို့နေသူ တစ်ဦးတည်း မောင်းနှင်လာ သော DT ဂျာလင်း- ၁၅ဝ အမျိုး အစား အပြာရောင်ဆိုင်ကယ်တို့ သည် မျက်နှာချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်လာသူ ဝင်းမင်း လတ်မှာ ဒဏ်ရာများရရှိကာ အခင်း ဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ သောကြောင့် ဒုရဲအုပ်ထွန်းထွန်းဝင်း မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ပြီး သေဆုံးသူအား မိုးညှင်းမြို့ ပြည်သူ့ ဆေးရုံသို့ ရဲဆေးစာနှင့်အတူ စစ်ဆေးရန် ပို့ဆောင်ခဲ့ကြောင်း သိရ သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ဆွတ်အောင်မိုင် (၁၉)နှစ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ မြို့မ(၂) ရပ်ကွက်နေသူအား မိုးညှင်းရဲစခန်းမှ ပြစ်မှုပုဒ်မ ၃ဝ၄(က)ဖြင့် အရေးယူ ခဲ့ပြီး အမှုစစ် ဒုရဲအုပ်ထွန်းထွန်းဝင်း က ဆက်လက်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily


ကြက်ခြင်းသယ်ဆောင်လာသောကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်၊ ဆိုင်ကယ်မောင်းသူ သေဆုံး  ကြက်ခြင်းသယ်ဆောင်လာသောကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်၊ ဆိုင်ကယ်မောင်းသူ သေဆုံး Reviewed by သစ်ထူးလွင် on 15:31 Rating: 5
Powered by Blogger.