လှည်းတန်းဂုံးကျော်တံတားအနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့သဖြင့် (၉)ဦးဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၁

၃၀.၆.၂၀၁၄ရက်နေ့ ၂၃၅၀အချိန် ကမာရွတ်မြို့နယ်၊ ပြည်လမ်းအတိုင်း မြေနီကုန်းဘက်မှ (၈)မိုင် ဘက်သို့ ယာဉ်မောင်း အောင်ထွန်း မောင်းနှင်လာသည့် ၁စ/---- နစ်ဆန်း ကက်စတာထရက် အဖြူရောင် ကိုယ်ပိုင်ယာဉ်သည် လှည်းတန်းဂုံးကျော် တံတားအနီး အရောက် အရှိန်မထိန်း နိုင်ဘဲဖြစ်ကာ ၀ဲဘက်သို့တိမ်းမှောက်စဉ် လမ်းလယ်ကပ်တုံးများအား တိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေး တိမ်းရှောင်သွား ခဲ့ပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်နှင့်လမ်းလယ် ကပ်တုံးများပျက်စီးပြီး ယာဉ်ပေါ် ပါသူ ကျား(၄)ဦး၊ မ(၅)ဦးတို့တွင် ဖူးရောင်ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့ပြီ ထွက်ပြေး တိမ်းရှောင်သွားသူ ယာဉ်မောင်း အောင်ထွန်းအား ကမာရွတ်မြို့မ ရဲစခန်း ယာဉ်(ပ)၄၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/ ၂၇၉/၂၀၂ ဖြင့် အမှုဖွင့် အရေးယူကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


လှည်းတန်းဂုံးကျော်တံတားအနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့သဖြင့် (၉)ဦးဒဏ်ရာရ  လှည်းတန်းဂုံးကျော်တံတားအနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့သဖြင့် (၉)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 16:12 Rating: 5
Powered by Blogger.