စလင်း မြို့နယ်မှာ ဆိုင်ကယ် တိမ်းမှောက်၍ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

 အရှိန်မထိန်းနိုင်သော ဆိုင်ကယ် တိမ်းမှောက်၍ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

နေပြည်တော်၊ ဇူလိုင် ၁၁

 ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ ည ၁၁ နာရီခွဲအချိန် မကွေးတိုင်း ဒေသကြီး၊ စလင်း မြို့နယ်၊ ပုသိမ်-မုံရွာလမ်း ဇဟာချောင်းတံတားအနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သရက်တော ရဲကင်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ စလင်းမြို့နယ်၊ သရက်တော ကျေးရွာ အုပ်စု၊ ကန်ကုန်းလေးကျေးရွာနေ တင်ဌေး (၅၈)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေသူများဖြစ်ကြသည့် အောင်မြင့်ရွှေ(၃၉)နှစ်နှင့် မင်းနိုင်(၂၉)နှစ် တို့လိုက်ပါလာသော ၂၃ယ/xxxx ရင်ဇင်း ၁၁၀ အနက်ရောင်ဆိုင်ကယ်သည် ပုသိမ်-မုံရွာလမ်း အတိုင်း မြောက်မှတောင်သို့မောင်းနှင်လာစဉ် မိုင်တိုင်အမှတ်(၃၂၅/၆)အနီး ဇဟာချောင်းတံတား အရောက် အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိမ်းမှောက်မှုကြောင့် တင်ဌေးတွင် ၀ဲချိုစောင်း(၁)လက်မခန့်ပေါက်၊ နားသွေးထွက်ဒဏ်ရာ၊ အောင်မြင့်ရွှေတွင် ၀ဲမျက်ခုံးပေါက်၊ နားထင်ပွန်း၊ နဖူးပေါက်ပြဲဒဏ်ရာနှင့် မင်းနိုင်တွင် ၀ဲ/ယာပါးပွန်းခြစ်၊ ၀ဲတံတောင်ပွန်းပဲ့ ဒဏ်ရာများအသီးသီး ရရှိခဲ့သောကြောင့် စလင်းပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်စဉ် တင်ဌေးမှာ လမ်း၌သေဆုံးသွားသဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ တင်ဌေးအား လင်းဇင်းနယ်မြေရဲစခန်း ယာဉ်(ပ)၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်အရးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096


စလင်း မြို့နယ်မှာ ဆိုင်ကယ် တိမ်းမှောက်၍ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ  စလင်း မြို့နယ်မှာ ဆိုင်ကယ် တိမ်းမှောက်၍ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 19:52 Rating: 5
Powered by Blogger.