တရုတ်တွင် လောင်စာဆီတင်ဆောင်သည့်ကားနှင့် လိုင်းကား တိုက်မိမှု၊ လူ ၃၈ ဦး သေဆုံး

 တရုတ်နိုင်ငံ အလယ်ပိုင်းမှာ လိုင်းကားတစီးနဲ့ လောင်စာဆီတွေ တင်ထားတဲ့ ဘန်းကားတစီး တိုက်မိပြီး လူ ၃၈ ဦး သေဆုံးသွားတယ်လို့ နိုင်ငံပိုင် မီဒီယာက ဇူလိုင်လ ၁၉ ရက်နေ့မှာ အစီရင်ခံပါတယ်။ ဟူနန်ခရိုင်၊ ရှိုယန်မြို့နားက အဝေးပြေးလမ်းပေါ်မှာ ဇူလိုင်လ ၁၉ ရက်နေ့ မနက်အစောပိုင်း မတော်တဆမှု ဖြစ်ခဲ့တာလို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

လူ ၅ ဦး ဒဏ်ရာရခဲ့ပြီး ၄ ဦးကတော့ မီးလောင် ဒဏ်ရာ အတော်ဆိုးရွားတယ်လို့ သတင်းမှာဖော်ပြပါတယ်။ နောက်ထပ် ယာဉ် ၅ စီးလည်း ပျက်စီးသွားပါတယ်။ အရင်လကလည်း ဟူနန် ခရိုင်ထဲမှာပဲ ကျောင်းကားတစီး မတော်တဆဖြစ်ပြီး ကလေး ၁၁ ဦးအပါအ၀င် လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။

အထူးသဖြင့် ကျေးလက်ဒေသမှာ လမ်းဆိုးတာကြောင့် ဒီနှစ်ပိုင်းတွေအတွင်းမှာ မတော်တဆမှုတွေ မကြာခဏ ဖြစ်နေပြီး လူထုမကျေနပ်ချက်တွေ မြင့်တက်နေပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/60674

ဓာတ်ပုံ – ရိုက်တာ

တရုတ်တွင် လောင်စာဆီတင်ဆောင်သည့်ကားနှင့် လိုင်းကား တိုက်မိမှု၊ လူ ၃၈ ဦး သေဆုံး  တရုတ်တွင် လောင်စာဆီတင်ဆောင်သည့်ကားနှင့် လိုင်းကား တိုက်မိမှု၊ လူ ၃၈ ဦး သေဆုံး Reviewed by သစ်ထူးလွင် on 17:07 Rating: 5
Powered by Blogger.