ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့တွင် ပေါက်ကွဲမှုဖြစ်ပွား

လွိုင်လင် ဇူလိုင် ၁

 ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်တွင် ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ အချိန်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ရုံးဝင်းအတွင်းရှိ ခရိုင်ဦးစီးမှူး နေအိမ်နှင့် အစောင့်နေအိမ်ကြားရှိ ကားဂိုဒေါင်၏ နောက်ဘက်အခြမ်း ပွင့်ထွက်သွားပြီး ယာဉ်နှစ်စီး အနည်းငယ် ထိခိုက်မိသွားခြင်း၊ အုတ်ရေကန် အနည်းငယ် ထိခိုက်သွားခြင်း၊ SKY NET စလောင်း ပျက်စီးသွားခြင်း၊ အစောင့်နေအိမ် နံရံနှင့် စတိုခန်းနံရံ ထိခိုက်မိသွားခြင်း၊ ခြံစည်းရိုးနံရံ အနည်းငယ် ပျက်စီးသွားခြင်း၊ ခရိုင်ဦးစီး၏ နေအိမ်ပြတင်းပေါက်မှန်များ အနည်းငယ် ကွဲကြေသွားခြင်း၊ တယ်လီဖုန်းလိုင်းများ ပြတ်တောက်သွားခြင်းများ ဖြစ်ပွားခဲ့ပြီး အလားတူ လွိုင်လင်မြို့ ခလရ (၁၂) သက်သာဆိုင်ရှေ့တွင်လည်း အလားတူ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

MOI Webportal Myanmar



ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့တွင် ပေါက်ကွဲမှုဖြစ်ပွား  ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့တွင် ပေါက်ကွဲမှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 22:07 Rating: 5
Powered by Blogger.