လေယာဉ်ပျက် နေရာမှာ တိုက်ခိုက်မှု ရပ်ဖို့ တိုက်တွန်း

 မလေးရှား လေယာဉ် ပျက်ခဲ့တဲ့ နေရာ ဝန်းကျင်မှာ ခွဲထွက်ရေး သူပုန်တွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်ပါလို့ ဒတ်ခ်ျ ဝန်ကြီးချုပ် မာ့ခ် ရုတာ Mark Rutte က ယူကရိန်း အစိုးရကို မေတ္တာ ရပ်ခံလိုက်ပါတယ်။

နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး သမားတွေက လေယာဉ် အပျက်အစီးတွေ ရှိရာ နေရာကို သွားရောက်ဖို့ နောက်ထပ် ကြိုးပမ်းမှုကို လုံခြုံရေး အခြေအနေကြောင့် လက်လျှော့ ခဲ့ကြရပါတယ်။ ဒါဟာ ၃ ရက် အတွင်း တတိယ အကြိမ် သွားရောက်ဖို့ ကြိုးပမ်းမှု ဖြစ်ပါတယ်။

နိုင်ငံ အရှေ့ပိုင်း လေယာဉ်ပျက်ကျခဲ့ရာ နေရာ အနီးက ရှာ့ခ်တာ့စ်က် Shakhtarsk နဲ့ တော်ရက်စ် Torez မြို့တွေထဲကို အစိုးရ တပ်ဖွဲ့တွေ ဝင်ရောက်နိုင်ခဲ့ပြီလို့ ယူကရိန်း အစိုးရက ပြောပါတယ်။

ဒါပေမယ့် သူပုန်တွေဘက်ကတော့ အဲဒီ ၂ နေရာ စလုံးကို သူတို့ ထိန်းချုပ်ထားတုန်းပဲလို့ ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/07/140729_malaysia_plane_ukraine_dutch.shtml

တိုက်ခိုက်မှုတွေကြောင့် စုံစမ်းရေး အဖွဲ့တွေ ၃ ကြိမ်မြောက် လက်လျှော့ရ

လေယာဉ်ပျက် နေရာမှာ တိုက်ခိုက်မှု ရပ်ဖို့ တိုက်တွန်း  လေယာဉ်ပျက် နေရာမှာ တိုက်ခိုက်မှု ရပ်ဖို့ တိုက်တွန်း Reviewed by သစ်ထူးလွင် on 21:10 Rating: 5
Powered by Blogger.