ငြိမ်းချမ်းရေးစင်တာနှင့် ဆက်စပ်သူ အချို့ မြန်မာသံတော်ဆင့်နှင့် ပြည်ထောင်စု လွှတ်တော်နာယကအား ခြိမ်းခြောက်မှု ဆက်သွယ်ပြောဆို
ရန်ကုန်၊ ဇွန် ၎
အစိုးရသမ္မတရုံးမှ ဖွင့်လှစ်ထားသော ငြိမ်းချမ်းရေးစင်တာ (MPC) နှင့် ဆက်စပ်သော ပုဂ္ဂိုလ်အချို့မှ ယခင်နှစ်နှင့် ယခုနှစ်ဆက်တိုက် မြန်မာသံတော်ဆင့်အပြင် ပြည်ထောင်စု လွှတ်တော် နာယကကိုပါ ခြိမ်းခြောက်မှု မြောက်သော ဆက်သွယ် ပြောကြားမှုများ ရှိလာခဲ့သည်။
ယခင်နှစ် (၂၀၁၃) အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ဗုဒ္ဓရုပ်ပွားတော် တစ်ဆူပေး၍ ငြိမ်းချမ်းရေး ဆွေးနွေးကာ အစိုးရ သတင်းစာများတွင် ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့် အကျယ် တ၀င့် နေရာပေး ဖော်ပြခဲ့သော ကမ္ဘာ့တရားခံ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသူ ဘိန်းလက်နက် ကိုင် ရွက်ဆစ်အား ယခင်တပ်မတော် အစိုးရ သတင်းထုတ်ပြန်ချက် များအတိုင်း မြန်မာသံတော် ဆင့်မှ မှန်မှန် ကန်ကန် ထုတ်ဖော် ရေးသားခဲ့ခြင်းအတွက် ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာ (MPC) နှင့် တွေ့ ဆုံ ဆွေးနွေးနေသည့် ရွက်ဆစ်အဖွဲ့မှဟု ဆိုကာ မြန်မာ သံတော်ဆင့်သို့ ဆက် သွယ် ခြိမ်းခြောက် ပြော ဆိုခဲ့သည်။ (မြန်မာသံတော်ဆင့် အတွဲ(၂)၊ အမှတ် (၁၈)တွင် ဖော်ပြခဲ့ပြီး)
ထို့အပြင် ဇွန် ၃ ရက်နေ့က ငြိမ်းချမ်းရေးစင်တာ (MPC)နှင့် အနီးကပ် ပူးပေါင်း၍ ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်အဖွဲ့မှ ဦးခွန်ဥက္ကာ က ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတွင် ကြီးမားသော အန္တရာယ် ကျရောက်နေပြီ ဖြစ်ကြောင်း၊ ထိုသို့သော လုပ်ကြံခံရမှု အန္တရာယ်ကို သူရဦးရွှေမန်းနှင့် အဆက် အသွယ် ရင်းနှီးမှု ရှိသည်ဟု မြန်မာသံတော်ဆင့်ကို ယူဆ၍ သူရဦးရွှေမန်းနှင့် ဆက်သွယ် မှုပေးရန် ပြောကြား လာခဲ့ခြင်းရှိခဲ့ရာ မြန်မာသံတော်ဆင့်မှ သူရဦးရွှေမန်းနှင့် ပတ်သက်ဆက်ဆံမှု တစ်စုံတစ်ရာ မရှိဘဲ သတင်းမီဒီယာ သဘောအရ တွေ့ဆုံမှု အနည်းငယ်သာ ရှိခဲ့ကြောင်း အကြောင်းပြန်ကြား ပေးခဲ့သည်။
ကြံ့ခိုင်ရေး ဌာနချုပ်တွင် သတင်းလုပ်ငန်းများ ဆောင်ရွက်နေသော သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ တပည့် ဗိုလ်ကြီးကျော်သူရ(ငြိမ်း) ကလည်း ကြံ့ခိုင်ရေး အားနည်းချက်များ ရေးနေသော ပင်တိုင် ဆောင်းပါးရှင် တာမွေအောင်ကိုကို ခေါင်းပင်ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်မှု ဆန်သော ပြောကြားမှု များလည်း ရှိခဲ့သည်။
(မြန်မာသံတော်ဆင့် အတွဲ(၂)၊ အမှတ် (၃၂တွင် ဖော်ပြခဲ့ပြီး)
ထို့အပြင် အာဏာရ ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးကလည်း မြန်မာသံတော်ဆင့်ကို ၎င်း၏ ပြောကြားချက် အချို့နှင့် စပ်လျဉ်း၍ ဖော်ပြရာ၌ တစ်ခုခု ပြန်လုပ်မည် ဟူ၍လည်း ကိုယ်တိုင် ပြောဆိုခဲ့ခြင်းရှိခဲ့သည်။ (မြန်မာသံတော်ဆင့် အတွဲ(၂)၊ အမှတ် (၃၀)တွင် ဖော်ပြပြီး)
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် မြန်မာသံတော်ဆင့်တို့ ယခုနှစ်ပိုင်း တွေ့ဆုံ ဆွေးနွေးခဲ့သည့် သတင်းဖော်ပြရာ၌ အစိုးရအဖွဲ့ သမ္မတရုံး ၀န်ကြီးများကို သမ္မတ လူကြမ်းအဖွဲ့ဟူ၍ပင် သတ်မှတ် ပြောဆိုမှုများအတွက် ဆွေးနွေးပြောကြားမှု ပါဝင်ခဲ့ပြီးနောက် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းတို့နှင့် အဓိက လုပ်ဆောင်နေသော ငြိမ်းချမ်းရေးစင်တာ(MPC)နှင့် ဆက်စပ်သူများထံမှ ယခု ကဲ့သို့ ခြိမ်းခြောက်မှု အသွင်ဆောင်သည့် ဆက်သွယ် ပြောကြားမှုများ မြန်မာသံတော်ဆင့်သို့ ပြောဆို လာခဲ့ခြင်း ဖြစ်သည်။
အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း (တပ်မတော်အစိုးရမှသည် အစိုးရသစ် လက်ထက် အထိ အစိုးရ၏ ပြောရေးဆိုခွင့် အာဏာပိုင် တာဝန်ယူခဲ့သူ)က ““မောင်ကျော်စွာရေ၊ ရွက်ဆစ်လို ကောင်မျိုးက ခြိမ်းခြောက်တာတော့ အဘ စိုးရိမ်မိတယ်။ သတိတော့ထားပေါ့ကွာ။ မင်းတို့ အောင်မြင်မှုကို အဘ၀မ်းလည်း သာတယ်။ ဂုဏ်လည်းယူတယ် . . . . . .””ဟု ဘိန်းမှောင်ခို အကြမ်းဖက် သောင်းကျန်းသူ ရွက်ဆစ်၏ ခြိမ်းခြောက်မှု ခံရသော သတင်း ဖော်ပြပြီးေ နာက် မြန်မာ သံတော်ဆင့်သို့ အားပေးစကား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းသည် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဗဟို အတွင်းရေးမှူး တာဝန်နှင့် အစိုးရ၏ ပြောရေးဆိုခွင့် အာဏာပိုင်အဖြစ် တပ်မတော် အစိုးရမှသည် သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်တိုင်အောင် နှစ်ရှည်လများ ပြန်ကြားရေး ၀န်ကြီးဌာနကို ချုပ်ကိုင်ခဲ့သူအဖြစ် ပြည်တွင်းပြည်ပတွင် နာမည်ကျော်ခဲ့သူ တစ်ဦးဖြစ်သည်။
MH-0011
Myanmartandawsint Newspaper

![]() |
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဘိန်းမှောင်ခို အကြမ်းဖက်သောင်းကျန်းသူ ရွက်ဆစ်တို့တွေ့ဆုံနေစဉ် |
ငြိမ်းချမ်းရေးစင်တာနှင့် ဆက်စပ်သူ အချို့ မြန်မာသံတော်ဆင့်နှင့် ပြည်ထောင်စု လွှတ်တော်နာယကအား ခြိမ်းခြောက်မှု ဆက်သွယ်ပြောဆို
Reviewed by သစ်ထူးလွင်
on
17:48
Rating: