အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်း ပေါ်ရောက်ရှိ တိမ်းမှောက်

နေပြည်တော်၊ ဇွန် ၁၀

၂၀၁၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၀၅/၃-၄)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့ချောင်း အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ နေပြည်တော်မှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ နိုင်လင်း(၃၃)နှစ်မောင်းနှင်လာသော ၉ဃ/xxxx ဟိုင်းလပ်ဆပ်အနီရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိမ်းမှောက်မှုကြောင့် နိုင်လင်းနှင့်ယာဉ်ပေါ်ပါ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ယင်းခြံကုန်းကျေးရွာနေ ၀င်းကျော်ဦး(၂၃)နှစ်တို့ ၂ ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ နိုင်လင်းအား မြို့ချောင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်


အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်း ပေါ်ရောက်ရှိ တိမ်းမှောက်  အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်း ပေါ်ရောက်ရှိ တိမ်းမှောက် Reviewed by သစ်ထူးလွင် on 18:10 Rating: 5
Powered by Blogger.