သြစီရောက်မြန်မာလေးဦး တိရိစ္ဆာန်ပစ်သတ်မှုနဲ့ တရားစွဲခံခဲ့ရ

 သြစတြေးလျနိုင်ငံမှာ ​ရောက်နေတဲ့ ​မြန်မာ ဒုက္ခသည် လေးဦးကို ​သြစတြေး လျနိုင်ငံရဲ့ ​ဘေးမဲ့ ပေးထားတဲ့ ​တိရိစ္ဆာန်တွေကို ​ပစ်သတ်မှုနဲ့ ​တရားစွဲဆို ခံခဲ့ရပါတယ်။

ချိုဝင်းအောင်၊ ​ဌေးအောင်၊ ​အယ်နေမူး ​နဲ့ ​မွီစေးထူး ​ဆိုသူ ​ဒုက္ခသည် ​၄ ​ဦးရဲ့ ​ကားအတွင်းမှာ ​ကွာလာ ​အသေ ​၃ ​ကောင်နဲ့ ​ရှဉ့်ကြွက် ​အသေ ​၁၄ ​ကောင်ကို ​ရဲက ​တွေ့ရှိခဲ့ရတဲ့အတွက် ​တောင်ပိုင်း ​သြစတြေးလျပြည်နယ် ​မှာ ​တရားစွဲဆိုခံခဲ့ရတာ ​ဖြစ်ပါတယ်။

ကွာလာ ​အကြီး ​၂ ​ကောင်နဲ့ ​ကွာလာ ​ကလေးလေး ​၁ ​ကောင် ​အပါအ၀င် ​ရှဉ့်ကြွက် ​၁၄ ​ကောင်ကို ​ကားထဲမှာ ​တွေ့ရှိတုန်းက ​အရည်ခွံခွါထားတယ်လို့ ​ဆိုပါတယ်။

ထိုင်းနယ်စပ် ​ဒုက္ခသည် ​စခန်းမှာ ​တောလိုက်တာဟာ ​လူတိုင်းအတွက် ​သာမန်လုပ်ရပ်သာ ​ဖြစ်တာကြောင့် ​သြစတြေးလျနိုင်ငံမှာ ​အခုလို ​လုပ်မိကြတာ ​ဖြစ်ပြီး ​ဒါဟာ ​တရားဥပဒေချိုးဖောက်မှု ​ဆိုတာကို ​သူတို့တွေ ​မသိခဲ့ကြဘူးလို့ ​အဲဒီ ​တရားစွဲခံရတဲ့ ​သူတွေရဲ့ ​ရှေ့နေက ​လျှောက်လွှဲချက်ပေးပါတယ်။

သူတို့တွေဟာ ​ယဉ်ကျေးမှု ​ကွာခြားချက်ကြောင့် ​အမှုကျူးလွန်တာ ​ဖြစ်တဲ့အတွက် ​ပြစ်ဒဏ်ကနေ ​ကင်းလွတ်ခွင့်ပေးခဲ့ပြီး ​နောက်နောင်မှာ ​အခုလို ​မလုပ်ကြဖို့ ​ရာဇ၀တ်တရားသူကြီးက ​သတိပေးလိုက်ပါတယ်။

အစိုးရက ​သတ်မှတ်ထားတဲ့ ​တောတွေကလွဲလို့ ​နိုင်ငံအထိမ်းအမှတ် ​ဌာနေ ​တိရိစ္ဆာန် ​သတ်ဖြတ်မှုကို ​သြစတြေးလျနိုင်ငံက ​တားမြစ်ထားတာ ​ဖြစ်ပါတယ်။

ABC Radio Australia

သြစတြေးလျနိုင်ငံက ဘေးမဲ့ပေးထားတဲ့ ကွာလာ (Koala) တိရိစ္တာန် တမျိုး (Credit: AAP)

သြစီရောက်မြန်မာလေးဦး တိရိစ္ဆာန်ပစ်သတ်မှုနဲ့ တရားစွဲခံခဲ့ရ  သြစီရောက်မြန်မာလေးဦး တိရိစ္ဆာန်ပစ်သတ်မှုနဲ့ တရားစွဲခံခဲ့ရ Reviewed by သစ်ထူးလွင် on 08:36 Rating: 5
Powered by Blogger.