ချင်းပြည်နယ် ပထမဆုံး စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်မည်

ရန်ကုန်− ချင်းပြည်နယ်၏ပထမ ဆုံးစက်မှုဇုန်စီမံကိန်း လုပ်ငန်းကို ဟားခါးမြို့နှင့် တီးတိန်မြို့နယ် တို့တွင် ယခုဘဏ္ဍာနှစ်အတွင်း စတင်အကောင်အထည် ဖော်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

စက်မှုဇုန်စီမံကိန်း လုပ်ငန်း များ  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဂန့်ဂေါမဟာ ဓာတ်အားလိုင်းမှ ချင်းပြည်နယ် ဟားခါးမြို့သို့ မဟာဓာတ်အား လိုင်းတပ်ဆင်ခြင်းများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဒီဘဏ္ဍာနှစ်မှာ ဟားခါးနဲ့ ဖလမ်းမှာ မီးလင်းနိုင်ဖို့စပြီးလုပ် နေပြီ။ လာမယ့်သြဂုတ်လမှာ စပြီးမီးလင်းနိုင်ဖို့လုပ်နေတယ်။ မီးရပြီ ဆိုရင်တော့ စက်မှုဇုလုပ်ငန်းတွေ လည်းအကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ စီမံကိန်းမှာ ရေးဆွဲထားတယ်။ ဟားခါးနှင့် ဖလမ်းပြီးရင်တော့ မင်းတပ်ကို ဆက်ပြီးတော့ မဟာဓာတ်အား လိုင်းတပ်ဆင်သွားမယ်’’ဟုချင်း ပြည်နယ်လျှပ်စစ်ဝန်ကြီးဦးကြည် လျန်ပေါင်ကပြောသည်။

ချင်းပြည်နယ်မဟာဓာတ် အားလိုင်းတပ်ဆင်ခြင်းကို ပြည် ထောင်စုအစိုးရ စွမ်းအင်ဝန်ကြီး ဌာန၏ ဘဏ္ဍာငွေဖြင့်အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ် ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့နယ် များအား တိုးချဲ့ဆောင်ရွက်ပေး သွားမည်ဟု သတင်းရရှိသည်။

မဟာဓာတ်အားလိုင်းတပ် ဆင်ပြီးစီးသွားပါက ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ဟားခါးနှင့်တီးတိန်မြို့ နယ်တို့တွင် စက်မှုဇုန်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟုသတင်းရရှိသည်။

စက်မှုဇုန်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် ဟားခါးမြို့တွင် မြေ ဧက ၂၅ ဧကကျော်လျာထားပြီး ကားဝပ်ရှော့၊ သံဂဟေလုပ်ငန်းများ၊ မော်တော်ဆိုင်ကယ်ပြုပြင်သည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင် ရွက်ပေးသွားမည်ဟုသတင်းရရှိသည်။

ချင်းပြည်နယ်တွင် ကျေးရွာ ပေါင်း ၁,၄၀၀ ကျော်ရှိပြီး ၂၉ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်မီးရရှိ ၍ ၇၀ ရာခိုင်နှုန်းခန့်က မီးမရရှိ နိုင်သေးကြောင်း ပြည်နယ်လျှပ် စစ်ဝန်ကြီးကဆိုသည်။

Author: နန်းအောင်
7DAY DAILY

ချင်းပြည်နယ်ရှိ ဟားခါးမြို့ကို တွေ့ရစဉ် [ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)]

ချင်းပြည်နယ် ပထမဆုံး စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်မည်  ချင်းပြည်နယ် ပထမဆုံး စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်မည် Reviewed by သစ်ထူးလွင် on 06:16 Rating: 5
Powered by Blogger.