ချစ်သူနှင့်စကားများကာ ကားရှေ့ဖြတ်ပြေး သေဆုံးမှုတွင် ယာဉ်မောင်းအတွက် သေဆုံးသူ၏ မိဘများက အမှုကျေအေးစာတင်

ရန်ကုန် ဇွန် ၂၇

ဒဂုံတက္ကသိုလ် ကျောင်းဝင်း အတွင်း ချစ်သူနှင့်စကားများကာ ကားရှေ့ဖြတ်ပြေးသေဆုံးမှုမှ တိုက် မိသော ယာဉ်မောင်းကို အမှုကျေ အေးစာတင်ထားပြီဟု ယာဉ်မောင်း ကို ပါဝင်ကူညီပေးနေသည့် ဒဂုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကိုထွန်းမင်းခန့်က ပြောသည်။
ယင်းအမှုကိုယနေ့တွင် ဒဂုံ မြောက်ပိုင်းတရားရုံး၌ အမိန့်ထုတ် ခဲ့သည်။

ဖြစ်စဉ်မှာ ယခုလ ၁၂ရက် ညနေ ၃နာရီက ဒဂုံတက္ကသိုလ် ကျောင်းဝင်းအတွင်း ဥပဒေဒုတိယ နှစ်ကျောင်းသားတစ်ဦးသည် ချစ်သူ နှင့် စကားများရန်ဖြစ်ပြီး ကျောင်း ဝင်းအတွင်း မောင်းနှင်လာသော တက္ကသိုလ်ကြိုပို့ယာဉ် ရှေ့ဖြတ်ပြေး ကာ သေဆုံးမှုဖြစ်ပွားခဲ့သည်။
ကိုထွန်းမင်းခန့်က''ရိုးရိုးအမြင် အရကားသမားကဘာမှမကျူးလွန် ဘူးဆိုပေမယ့် ဥပဒေရှုထောင့်အရ သတ်မှတ်ချက်တွေ ရှိတယ်။ ပြစ် ဒဏ်တွေကတော့ ရှိနေတာပေါ့။ ဒါပေမယ့် အမှန်တရားအတိုင်း ဖြစ်အောင် ကြိုးစားကူညီပေးနေပါ တယ်။ ဒီဖြစ်စဉ်အတွက် သက်သေ ခိုင်လုံနေပါတယ်။ သေဆုံးသူ မိဘ တွေဘက်ကတော့ ကျေအေးစာ တင်ထားပြီလို့ သိရပါတယ်။ ရုံး စတင်ပြီဆိုတော့ ဥပဒေအရာရှိပေါ် မူတည်သွားပါပြီ''ဟု ပြောသည်။

သေဆုံးမှုကြောင့် ယာဉ်မောင်း ကို ဒဂုံအရှေ့ပိုင်းမြို့နယ်ရဲစခန်း၌ အမှုဖွင့်ပြီး အရေးယူခဲ့သည်။ ဖြစ် စဉ်နှင့်ပတ်သတ်ပြီး ကျောင်းသား သမဂ္ဂမှယာဉ်မောင်းအတွက်ရှေ့နေ ငှားရမ်းပေးခဲ့သည်။ အမှု၌တရား လိုသက်သေရှစ်ဦးရှိပြီး သေဆုံးသူ ဖခင်၊ ယာဉ်နောက်လိုက်နှစ်ဦး၊ ကျောင်းသားကျောင်းသူလေးဦး၊ ကျောင်းလုံခြုံရေးတစ်ဦးတို့ ပါဝင် သည်။
ဒဂုံအရှေ့မြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့မှ ရဲအုပ်ယဉ်ထွေးက ''ကျေ အေးစာဆိုတာ တရားစွဲဆိုတဲ့နေ့မှ တရားရုံးကို တင်ပေးရမှာပါ။ မြို့နယ်ဥပဒေအရာရှိတွေကတစ်ဆင့် တရားသူကြီးဆီတင်ပြီးမှ ဆုံးဖြတ် မှာပါ''ဟု ပြောသည်။
လက်ရှိတွင်ယာဉ်မောင်းကို အင်းစိန်အကျဉ်းထောင်၌ ထိန်းသိမ်း ထားကြောင်းသိရသည်။

ရဲအုပ်က '' ယာဉ်ဥပဒေအရ ယာဉ်မောင်းတစ်ဦးက လိုင်စင် ကိုင်လိုက်တာနဲ့ ဘယ်လိုသတ္တဝါ ကိုမှ တိုက်လို့မရဘူး။ တိုက်မိရင် ပေါ့ဆမှုနဲ့ အရေးယူရတယ်။ ကျွန်တော်တို့ကတရားစွဲအဖွဲ့အစည်း ဆိုတော့ အမှုခိုင်မာအောင် တည် ဆောက်ပြီးတရားရုံးတင်ပေးမယ်။ ဥပဒေအရာရှိတွေနဲ့ တရားရုံးက စစ်ဆေးပြီး စီရင်ဆုံးဖြတ်မယ်''ဟု ပြောသည်။

မျက်မြင်သက်သေများ၏ ပြော ကြားချက်အရ သေဆုံးသူသည် ကားမတိုက်မီ အဓိပတိကားရှေ့ကို စတင်ဖြတ်ပြေးခဲ့သေးကြောင်း၊ အဓိပတိယာဉ်မှာ ရပ်တန့်ပေးခဲ့ သည့်အတွက် နောက်ထပ်ယာဉ်ရှေ့ သို့ဖြတ်ပြေးရာမှ သေဆုံးမှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားစွဲဆိုခံထားရသော ယာဉ် မောင်းကိုညီညီအောင်က'' ကျွန် တော်မောင်းတာ အရှိန်မပါပါဘူး။ ဒါပေမယ့် နှစ်ပေအကွာလောက် ကနေဖြတ်ဝင်လာတာပါ။ ဘေးမှာ ကားစောင့်တဲ့သူတွေရှိနေလို့ လမ်း ဘေးဆွဲမချဘဲ ကားကိုဘရိတ်အုပ် လိုက်ပေမယ့် တိုက်မိသွားတာပါ'' ဟု ပြောသည်။

ညွန့်ဝင်း၊ အာကာ
The Union Daily

ချစ်သူနှင့်စကားများကာ ကားရှေ့ဖြတ်ပြေး သေဆုံးမှုတွင် ယာဉ်မောင်းအတွက် သေဆုံးသူ၏ မိဘများက အမှုကျေအေးစာတင်  ချစ်သူနှင့်စကားများကာ ကားရှေ့ဖြတ်ပြေး သေဆုံးမှုတွင် ယာဉ်မောင်းအတွက် သေဆုံးသူ၏ မိဘများက အမှုကျေအေးစာတင် Reviewed by သစ်ထူးလွင် on 19:06 Rating: 5
Powered by Blogger.