ကရာချိ တိုက်ခိုက်မှု တာလီဘန် လက်ချက်ဟုဆို

 ပါကစ္စတန် နိုင်ငံ မြို့တော် ကရာချိ လေဆိပ်မှာ တိုက်ခိုက်သူ စစ်သွေးကြွ ၁၀ ယောက် အပါအဝင် လူ ၂၈ ယောက် ထက်မနည်း သေဆုံးရတဲ့ တိုက်ခိုက်မှုကို ပါကစ္စတန် တာလီဘန်တွေက သူတို့ လက်ချက်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ မနှစ်က သူတို့ခေါင်းဆောင် သေဆုံးခဲ့ရတဲ့ မောင်းသူမဲ့ လေယာဉ် Drone နဲ့ တိုက်ခိုက်မှုကို ပြန် လက်စားချေတာလို့ တာလီဘန်တို့က ပြောပါတယ်။

ကရာချိ လေဆိပ်က ကုန်ပစ္စည်းတွေနဲ့ ကိုယ်ပိုင် လေယာဉ်တွေအတွက် အဓိက အသုံးပြုတဲ့ နေရာကို လက်နက်ကြီးတွေ ကိုင်ထားတဲ့ သေနတ်သမားတွေက တနဂင်္နွေနေ့ ညနေမှာ စတင် စီးနင်း ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ လေဆိပ်ကို ပြန်ဖွင့်လိုက်ပြီ ဖြစ်ပြီး ကရာချိ မြို့ကနေ အစ္စလာမ်မာဘတ်ကို ထွက်ခွာတဲ့ ပထမဆုံး လေယာဉ်လည်း ပျံသန်းခဲ့ပြီ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
လူ ၂၈ ယောက် သေဆုံးတဲ့ လေဆိပ် တိုက်ခိုက်မှု မြင်ကွင်း

ကရာချိ တိုက်ခိုက်မှု တာလီဘန် လက်ချက်ဟုဆို  ကရာချိ တိုက်ခိုက်မှု တာလီဘန် လက်ချက်ဟုဆို Reviewed by သစ်ထူးလွင် on 02:26 Rating: 5
Powered by Blogger.