အရင်လိုဘ၀မျိုးရောက်ချင်တယ်
ဆရာကြီးမောင်ထူး
မောင်ရင်နဲ့ ကိုယ်တို့တပ်ထဲမှာရှိနေတုံးက ဘဝတွေကိုမှတ်မိလား၊ ရဲဘော်လစာ ၈၂ိ/-ကလေး ငါးယောက်ကို ထမင်းအဝကျွေးပြီး ကျောင်းထားပေး နိုင်တယ်။ ခုခေတ်ရဲဘော်တွေရဲ့ဘဝနဲ့ ဘာမှမဆိုင် ဘူး။ သားရေစစ်ဖိနပ်လည်ရှည်ကို KIWIဖိနပ် ဆေး နဲ့မဲပြောင်နေအောင်တိုက်ပြီး ထမင်းရည်နဲ့ကော်တင် မီးပူထိုးထားတဲ့ ယူနီဖောင်းကိုကော့နေအောင်ဝတ်ပြီး အကျအန ဗဟိုကင်းမှာ ဂျူတီဝင်နိုင်တယ်။ စစ်သား ဆိုပေမယ့်ကြည့်လိုက်ရင် SMARTဘဲ၊ ချောင်ချောင် လည်လည်ဘဲ အခုတော့ရန်ကုန်နဲ့နီးတဲ့တပ်တွေမှာ တောင်တစ်ချို့စစ်သား သားသမီးတွေကျောင်းလခ မပေးနိုင်လို့ ကျောင်းထုတ်ထားရတယ်။ ကျောင်းမ တက်ဘဲ တပ်ရင်းမှူး၊ တပ်မမှူး အိုကေစိုပြေဖို့ တည် ထောင်ထားတဲ့ ကြက်ခြံ၊ ဘဲခြံ အုတ်လုပ်ငန်းတွေမှာ နေ့စားဝင်လုပ်ကြရတယ်။ တိုင်းမှူးသားတွေပြိုင်ကားစီးပြီး ကျောင်းတက်နေချိန်မှာ ရဲဘော်သားသမီးတွေ တရုတ်ကဂျင်းထည့်ထားတဲ့ စစ်တပ်ကျောင်းကား FAW ကားကိုကျောခိုင်းခဲ့ကြရတယ် ဆရာကြီး မောင်ထူးရေ။
အရင်တုန်းကပြည်သူ့တပ်မတော်စာစဉ်မှာ တပ် ကြပ်မောင်ထူးဆိုတဲ့နာမည်နဲ့ တပ်အကြောင်း အဆိုး အကောင်းတွေ မောင်ရင်ရေးနေကြမဟုတ်လား။ ဆက်ရေးပါကွာ။ ခုချိန်မှာမောင်ရင်ရေးမယ်ဆိုရင် ကုန်ကြမ်းမရှားဘူးကွ။ တပ်ထောက်စတိုကရိက္ခာ ဂိုဒေါင်ထဲမှာ ခြစားတဲ့အကြောင်းကစရေးကွာ။ တပ်မတော်က တိုင်းပြည်ကိုအုပ်ချုပ်တာ ပြည်သူတွေ တင်ဆင်းရဲချမ်းသာကွာခြားတာမဟုတ်ဘူး။ ဒို့တပ်ထဲ မှာကပိုတောင်ဆိုးနေသေးတယ်။ တပ်မတော်ရဲ့အ ကြီးအကဲတွေကိုယ်ပိုင် ဘဏ်တွေ၊ စက်ရုံတွေ၊ စီးပွား ရေးလုပ်ငန်းကြီးတွေနဲ့တိုင်းတပါးကဘဏ်တွေမှာ ငွေပိုငွေလျှံအပ်နှံနိုင်တဲ့အချိန်မှာ အောက်ခြေရဲဘော် တွေ သူတို့ရင်သွေးကိုစာ မသင်နိုင်တော့ဘူး ဆရာ ကြီးရေ။ ရုပ်ပိုင်းဆိုင်ရာမှာ ချို့ယွင်းနိမ့်ကျသွားတာကို ခံနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာမှာပါ ဒို့ရဲဘော်တွေ အများကြီးထိခိုက်နာကျင်ရတာကိုမခံစားနိုင်လို့ ပြော ပြချင်တယ်။
ဒို့တွေရဲဘော်ဖြစ်ကာစကရှေ့တန်းသွားရင် ရောက်တဲ့ရွာမှာ အိမ်ဦးခန်းတက်ပြီးထမင်းစားလို့ရတယ်။ ရွာကလူတွေကဒို့လာရင်သိပ်ပျော်တာ။ မရှိရှိတာချကျွေးပြီး ကွဲကွာနေတဲ့ဆွေမျိုးသားချင်းအလည်ပြန်လာသလိုကိုဆက်ဆံခဲ့ကြတာ။ အခုတော့ ကွာ ဒို့ရွာထဲဝင်လာပြီဆိုရင် အကုန်ထွက်ပြေး ကုန် ကြရော။ ဖွက်လို့ရတာ အကုန်ဖွက်ထားတာ ကြက် ဝက်နွားဆိတ်အကုန် ရွာပြင်မောင်းထုတ်ပြီးပုန်းရှောင် ကုန်ကြတာ။ အဲဒီလိုတောထဲမှာ ခံစားရလို့ မြို့ပြန်ရင် ကောင်းမလားမှတ်တယ်။ ကိုယ့်တပ်ရင်းကိုပြန်ဝင်ရင် ကုပ်ချောင်းချောင်းနဲ့လူမသိသူမသိ မိုးချုပ်ချုပ်မှာ ပြန်ဝင်ကြရတာ။ အရင်တုန်းကမြို့ခံတပ်ရင်း ရှေ့တန်းကပြန်လာရင် စာသင်ကျောင်းတွေပါပိတ်ပြီး ရှေ့တန်းပြန်ကြိုဆိုပွဲကို ခြိမ့်ခြိမ့်သဲကျင်းပကျတာ။ သူ့ထက်ငါပန်းကုံးတွေဝယ်ပြီးစွပ်ကြတာရဲဘော် တွေလဲဇက်ကျိုးမတက်ဘဲ။ အခုတော့ ဘယ်သူမှ အဖက်လုပ်ပြီး မကြိုဆိုကျတော့ဘူး။
ဆရာကြီးမောင်ထူး
မောင်ရင်နဲ့တပ်ခွဲတစ်ခွဲအတူနေပြီး ကရင်ပြည် နယ်မှာမိုင်းထိခဲ့တဲ့ရဲဘော်ဖိုးစီကိုမှတ်မိလား။ ခြေတ ဖက်ပေါင်ရင်းကနေဖြတ်လိုက်ရလို့ အပြင်မှာ ချိုင်း ထောက်နဲ့ အပြင်မှာစာအုပ်ကလေးတွေလည်ရောင်း နေတာ။ အရင်တုန်းကစစ်ယူနီဖောင်းနဲ့ရပ်ကွက်တွေထဲမှာ စာအုပ်ရောင်းရင် ကရုဏာသက်ပြီးစာအုပ်တွေ ကိုဝယ်ကြဖတ်ကြသတဲ့။ ခုများတော့ကွာ အိမ်ထဲခြံထဲ ဝင်လာတာနဲ့ မောင်းထုတ်တော့တာဘဲတဲ့။ တပ်မ တော်က သူတို့ဘဝကို တာဝန်မယူဘဲ စွန့်ပစ်ထားခဲ့ လို့အံကြိတ်ပြီး အပြင်မှာကောင်းရောင်း ကောင်းဝယ် လုပ်စားခဲ့ပေမဲ့လဲ စစ်သားမို့ဘယ်သူမှ မကြည်ဖြူချင် ကြတော့ဘူးတဲ့ ရင်နာစရာဘဲ။ အငြိမ်းစားဗိုလ်ချုပ်ကြီး တွေရဲ့ ကိုယ်ပိုင်လုပ်ငန်းခွင်တွေထဲမှာ ဒုက္ခိတ စစ် သည်တွေအတွက် နေရာမပေးနိုင်ကြဘူးလား မသိပါ ဘူး ဆရာကြီးရာ။
ပြည်သူတွေနဲ့တပ်မတော်ကြားမှာ အခုလိုအမုန်း တရားတွေကြီးထွားလာအောင် ဘယ်သူတွေလုပ်ခဲ့ကြ သလဲမသိပါဘူး ဆရာကြီးရေ။ ဒို့တပ်ကစစ်သားတွေ မပြောနဲ့ဗိုလ်ကြီးတွေတောင် ဓါးပြထွက်တိုက်ကုန် ကြပြီလို့ ဂျာနယ်တွေထဲမှာဖတ်ရတယ်။ ရှေ့လျောက် ရင်လေးမိတယ် ဆရာကြီးမောင်ထူး။ ခေါင်းဆောင် ဗိုလ်ချုပ်တွေက ပြည်သူ့ဘဏ္ဍာကို ရှေ့ဆောင်လမ်းပြ ခိုးဆိုးတိုက်ခိုက်ယူငင်ြ<ွကယ်ဝနေကြတော့ နောက် လိုက် ရဲဘော်တွေကို ဘယ်လိုထိန်းကြမလဲဆရာကြီး။ ဒို့ငယ်ငယ်က စစ်စည်းကမ်းဆိုတာ သိပ်ကြီးတယ်ကွာ။ အခုတော့ တပ်ထဲမှာ အဂတိလိုက်စားမှု ၊ လူမှုရေး ဖောက်ပြန်မှုတွေအများကြီး၊ ရှေ့ဆောင်နွားလားတွေ ဖြောင့်ဖြောင့်မသွားခဲ့လို့ ငါတို့လက်နက်ကိုင်အဖွဲ့အစည်းကြီးတစ်ခုလုံး ပျက်ပါပကောလား။ အဓိကဝမ်း အနည်းဆုံးက ပြည်သူ့မေတ္တာကိုမရတော့တာကိုလုံး ဝစိတ်မကောင်းဘူးဆရာကြီး။
စားဝတ်နေရေးကျပ်တည်းလို့ လမ်းပေါ် ထွက် ပြီး ဆန္ဒဖော်ထုတ်တာကို ရက်ရက်စက်စက်နှိမ်နင်း တဲ့အခါ စစ်တပ်ကို လက်ကိုင်တုတ်လိုအသုံးချပြီး ပြည်သူကိုသတ်ဖြတ်ခဲ့ကြတာကြောင့် ပြည်သူ့နှလုံး သားမှာ အမာရွတ်ထင်ခဲ့ပြီကွ၊ စစ်သားကို ချေးထက် ရွံမုန်းနေကြပြီ၊ အရင်ကလိုပြည်သူချစ်တဲ့ရဲဘော်ပြန် ဖြစ်ချင်တယ်ကွာ၊ ဆင်းရဲပေမယ့် သွားလေရာရာတင့် တယ်တယ်။မျက်နှာပွင့်တယ်၊ လူဝင်ဆန့်တယ်။အခု တော့ အရပ်ဖက်ဌာနဆိုင်ရာတွေမှာလည်း ငါတို့တပ် က အရာရှိတွေဌာနပြောင်းပြီး အနိုင်ကျင့်နေရာယူ အခွင့်ရေးယူတော့ မိုးပေါ်ကကျလာတဲ့ မိုးကျရွှေကိုယ် ဆိုပြီးကျိန်ဆဲနေကြလေရဲ့ဆရာကြီးရေ ...
စစ်သားအလုပ်ကိုစစ်သားလုပ်ရတဲ့ ဘဝကို ပြန်လိုချင်တယ်ကွာ။ စစ်တိုက်တဲ့အခါတိုက်၊ လေ့ ကျင့်တဲ့အခါလေ့ကျင့်၊မွန်းမံသင်တန်းတက်တဲ့ အခါ တက်နဲ့ စစ်သားဘဝပရော်ဖက်ရှင်နယ်ဖြစ်အောင် ပြန်လုပ်ပေးစေချင်တယ်။ စပါးစိုက်တာ၊ ကြက်မွေး တာ၊ ငုံးမွေးတာ၊ ငါးမွေးတာ၊ နွားမွေးတာ ငါတို့အ လုပ်မဟုတ်ဘူး။ ငါတို့အလုပ်ကစစ်ပညာတွေ တိုးတက်အောင်နိုင်ငံတကာနဲ့တွဲပြီးလေ့ကျင့်မယ်။ လက်နက်အသစ်အဆန်းတွေနဲ့ ရင်းနှီးကျွမ်းဝင် အောင် သင်တန်းတွေတက်မယ်။ စစ်ပညာနဲ့ပတ်သက် တဲ့ စစ်ပွဲတွေနည်းဗျူဟာတွေ သင်ယူမယ်။ အာကာသစစ်ပွဲတွေအကြောင်း လေ့လာမယ်။ ကြက်မွေး၊ဘဲမွေးစာရင်းတွေလိမ်ပြ၊ ဒီတပ်ကိုဝင် စစ်ရင် ဟိုတပ်က ပစ္စည်းယူပြ၊ စစ်ဆေးရေးအဖွဲ့ပြန် သွားရင် ငှားလာတဲ့ တပ်ကိုပြန်ပို့၊ တပ်ရင်းမှူး တစ်ယောက်နဲ့တစ်ယောက်တပ်ရင်း လွှဲယူရင် ညှိုနှိုင်းကြပေးကြကမ်းကြနဲ့ သိပ်ရှုပ်တာဘဲကွာ။ စစ် သားဘဝစစ်စစ်ကိုပြန်သွားချင်တယ်ကွာ။ စီးပွား ရေးမလုပ်တတ်လို့ တပ်ထဲဝင်ပါ တယ်ဆိုမှ စစ်သား ကိုစီးပွားရေးလုပ်ခိုင်းလို့ အရင်းတင်မကဘူး အမြစ်ပါပြုတ်သွားမှာ။ ငါတို့ခေါင်းဆောင်တွေ မသိဘူးလား။
ဆရာကြီးမောင်ထူး
နောက်ဆုံးအနေနဲ့ ဒီနေ့စစ်တပ်ရဲ့ဘဝကို အနီး စပ်ဆုံးဖော်ကြူးထားတဲ့ သီးချင်းစာသားလေး မောင် ရင့်ကိုရွတ်ပြမယ်။ စာဆိုနဝဒေးကြီးရဲ့ နတ်ရှင်နောင်။ စိုင်းဆိုင်မော့ဝ်ရဲ့ တောင်ပြာတန်းက သိတယ်ဆိုတဲ့ သီချင်းတွေထက်ပိုပေါက်ပြီး အရပ်ထဲမှာကလေးတွေ အော်အော်ဆိုနေကြသီချင်းလေးပါ။ ဘာတဲ့....
''ပြည်သူ့တပ်မတော်သားများ ရွာကကြက်တွေ ခိုးစား၊ ရွာသားရိုက်လို့ထွက်ပြေးရမယ့် ဒို့တပ်မ တော်သား'' တဲ့။ ငါတို့တပ်မတော်သားတွေထမင်းမဝ လို့၊ ငါတို့ခေါင်းဆောင်ဒို့ရဲဘော်တွေကို ပစ်ထားလို့၊ သူတိြု့<ွကယ်ဝချမ်းသာဖို့ဘဲကြည့်ကြလို့၊ ငါတို့ ရဲဘော် တွေ ရွာကကြက်တွေခိုးစားတဲ့ဘဝရောက်ခဲ့ကြရပြီ။ ပြည်သူက သည်းမခံနိုင်တဲ့ အခါဝိုင်းရိုက်လို့ထွက်ပြေး ကြရတဲ့ဘဝကို ရောက်တော့မယ်ဆိုတာ အဲဒီအပြောင် အပျက်သီချင်းလေးက သတိပေးနေခဲ့ပါပြီ။ တပ်မ တော်ကို ပြည်သူချစ်သောတပ်မတော်ပြန်ဖြစ်စေချင် တယ်ကွာ။ ပြည်သူနဲ့တပ်မတော်အရင်လိုဘဝမျိုးပြန် ရောက်စေချင်တယ်။ စိုင်းထီးဆိုင်ရဲ့ အရင်လိုဘဝ မျိုးပြန်ရောက်ချင်တယ် သီချင်းကို လူပျိုဘားတိုက် ထိပ်က အုတ်ခုံမှာ ငါတို့ဂစ်တာတီး ရင်းဆိုခဲ့ကြတာကို လွမ်းလွမ်းဆွေးဆွေးပြန်ဆိုနေမိတယ်။
ဆရာကြီးမောင်ထူးရေ.....။
၇ဝ ခုနှစ် ဝန်းကျင်က စစ်သားဘဝလေးကို နှမြောတမ်း တမိပါရဲ့။
သင့်ရဲဘော်
အရမ်းသန်းညွန့်
ပြည်သူ့ဆန္ဒဂျာနယ်အတွဲ(၂)အမှတ်စဉ်(၅)

Reviewed by သစ်ထူးလွင်
on
18:52
Rating: