ခန္ဓာကိုယ်နှစ်ခု ခွဲစိပ်ပြီး သည့် ကလေးငယ် နှလုံး အမြှေးပါး ပေါက် ရောဂါ ဆက်လက် ခွဲစိပ်ရဖွယ်ရှိ

ဂျွန်လ ၂၉ ရက် ၂၀၁၄

 ရင်ညွန့်မှခြေလက်တစုံ အပိုထွက်လာသည့် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှ ကလေး လေး မှာ ခွဲစိပ်ကုသမှု ခံယူပြီး စီးခဲ့ပြီး ဖြစ်သော်လည်း အဆုတ်ချွဲကပ်သည့် ရောဂါနှင့် နှလုံး အမြှေးပါး ပေါက် နေသည့် ရောဂါကိုပါ ကုသမှု ဆက်လက်ခံ ယူရန် ဆရာဝန်က ပြောဆို လိုက်သည်ဟု ဆိုပါသည်။

“အခု အဆုတ်ကို တရက် ၂ ကြိမ် ဆရာဝန်တွေက လာဆေးပေးတယ်။ အဆုတ်မှာ ချွဲကပ်နေတယ်။ ဒါတော့စိတ်မပူရဘူး။ မှန်မှန်ဆေးပေးရင်မကြာခင် ပျောက်နိုင်တယ် လို့ပြောတယ်။ စိတ်ပူရတာက နှလုံးအမြှေးပါးပေါက်တဲ့ရောဂါပေါ့။ အဲတာကို အဆုတ်သန့်ပြီးနောက်ပိုင်း ခွဲစိပ်ဒဏ်ရာတွေ ပျောက် ကင်း ပြီးနောက်ပိုင်းမှဘဲ ဆက်ကုမယ်လို့ပြောတယ်။ ဆိုတော့ ချင်းမိုင်ဆေးရုံမှာ ထပ်ကြာဦးမယ်ထင် တာဘဲ။” ဟု ဖခင်ဖြစ်သူ စိုင်းလှမြင့်က ပြောသည်။

အသက် ၆ လ အရွယ် အဆိုပါကလေးမှာ လက်ရှိ ကျန်းမာရေးအခြေအနေကောင်းမွန် နေကြောင်း၊ တာဝန်ကျဆရာဝန်ကြီးများ၏ စောင့်ရှောက်မှုအောက်တွင် အနီးကပ်ပြုစုမှုခံ ယူရကြောင်း၊ နှလုံးအမြှေးပါးရောဂါကြောင့် အောက်ဆီဂျင်ဘူးဖြင့် အသက်ကူရှူပေးနေရသေး သော်လည်း စိတ်ပူဖွယ်ရာမရှိကြောင်း တာဝန်ကျ သူနာပြုဆရာမကြီးက ပြောသည်။

“ကျနော်တို့ကို ထိုင်းနိုင်ငံမှာ ဆေးကုခွင့်ရအောင် အကြံဉာဏ်ရော လူအားရော ငွေအားရော ကူညီထောက်ပံ့ပေးတဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး ထိုင်းနိုင်ငံမှာ သူများစကားနားမလည်တဲ့ကျနော်တို့ကိုအဆင်ပြေအောင် အစစအရာရာ ကူညီပေးတဲ့ သျှမ်းအမျိုးသမီး SWAN ကိုလည်း ကျနော်အထူးဘဲ ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ခွဲစိပ်ကုသမှုစရိတ်အားလုံးကို တာဝန်ယူပေးတဲ့ မဟာရတ်နခွန်းချင်းမိုင် ဆေးရုံကြီးကို အထူးဘဲ ကျေးဇူးတင်ရှိပါတယ်။ ဘာမှ စိတ်မပူရပါဘူးလို့ ရွာမှာကျန်ခဲ့တဲ့သူကို စကားပါးချင်ပါတယ်” ဟု ကလေး၏ဖခင် က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ဦးခေါင်းတလုံးတည်းပါပြီး ပင်မခန္ဓာကိုယ်၏ ရင်ညွန့်မှ ခြေလက်တစုံပိုပါသည့် သီပေါမြို့နယ်မှ ကလေးငယ် ကို ဂျွန်လနောက်ဆုံးပတ် အင်္ဂါနေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မဟာရတ်နခွန်းချင်းမိုင် (ဆွန်ဒေါက်)ဆေးရုံက အောင်မြင်စွာခွဲထုတ်ပေးနိုင်ခဲ့သည်။

သျှမ်းသံတော်ဆင့်
http://burmese.panglong.org/news/96-2008-08-03-06-49-23/4779-2014-06-29-17-13-37.html


ခန္ဓာကိုယ်နှစ်ခု ခွဲစိပ်ပြီး သည့် ကလေးငယ် နှလုံး အမြှေးပါး ပေါက် ရောဂါ ဆက်လက် ခွဲစိပ်ရဖွယ်ရှိ  ခန္ဓာကိုယ်နှစ်ခု ခွဲစိပ်ပြီး သည့် ကလေးငယ် နှလုံး အမြှေးပါး ပေါက် ရောဂါ ဆက်လက် ခွဲစိပ်ရဖွယ်ရှိ Reviewed by သစ်ထူးလွင် on 07:02 Rating: 5
Powered by Blogger.