နယ်စပ်ရေးရာ ဒုတိယဝန်ကြီး စစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်

မဇ္ဈိမ။ ။ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းအား သမ္မတဦးသိန်းစိန်၏ အမိန့်ဖြင့် စစ်ဘက်ရေးရာ မူလတာဝန်များ ပြန်လည် ထမ်းဆောင်ရန် တာဝန်ပေးလိုက်ကြောင်း ဇွန်လ ၁၈ရက် ည ၁၀နာရီခန့်က ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်
ကြေငြာလိုက်သည်။

အလားတူ ပညာရေး ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်ကိုလည်း ၎င်း၏ ဆန္ဒအလျောက် တာဝန်မှ အနားပေးလိုက်ပြီး ၎င်း၏ နေရာတွင် သမ္မတရုံးဝန်ကြီးဌာန (၁) ဒုတိယဝန်ကြီး ဦးသန့်ရှင်းကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးအပ်လိုက်သည်။

မဇ္ဈိမသတင်းဌာန

နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း

နယ်စပ်ရေးရာ ဒုတိယဝန်ကြီး စစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်  နယ်စပ်ရေးရာ ဒုတိယဝန်ကြီး စစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင် Reviewed by သစ်ထူးလွင် on 06:41 Rating: 5
Powered by Blogger.