ဘင်္ဂလီ(၉)ဦး တရားမ၀င်သယ်ဆောင်လာသူများ အမ်းမြို့နယ်တွင် ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၂၈

၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် အမ်းမြို့နယ်၊ ပဲပဒုံ စစ်ဆေးရေး ဂိတ်တွင်အမ်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ကျောက်တော်မြို့မှ ရန်ကုန်ဘက်သို့သွားမည့် ယာဉ်မောင်း မျိုးထက်စိုး(ဘ)ဦးကျော်စိုးလွင် မောင်းနှင်လာသော လင့်ခရူဇာ အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် ဘင်္ဂလီလူမျိုး ကျား(၈)ဦး၊ မ(၁)ဦး၊ စုစုပေါင်း(၉)ဦးတို့အား တရားမ၀င် သယ်ဆောင်လာသည်ကို တွေ့ရှိ ဖမ်းဆီးရမိ ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၄-၆-၂၀၁၄ ရက်နေ့ညက မမွန်မွန်ချိုသည် မျိုးထက်စိုး ကိုယ်ပိုင်မောင်းနှင်သော လင့်ခရူဇာအဖြူရောင်ယာဉ်ဖြင့်လည်းကောင်း၊ ၎င်း၏အစ်မဖြစ်သူ မခိုင်(ခ)မခိုင်ခိုင်မြင့်သည် ၎င်း၏ မိတ်ဆွေများ၊ ညီမ၀မ်းကွဲများနှင့်အတူ ကိုရိုလာအဖြူရောင်ယာဉ်ဖြင့်လည်းကောင်း မြောက်ဦးမြို့သို့ ဘုရားဖူးရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၅-၆-၂၀၁၄ ရက်နေ့ မိုးလင်းခါနီးတွင် မင်းဘူးမြို့သို့ရောက်ရှိပြီး ရွှေမင်းသားဟိုတယ်၌ ခေတ္တတည်းခိုနေစဉ် ဟိုတယ်သို့ မခိုင်(ခ)မခိုင်ခိုင်မြင့်၏ မောင်တော်သူ အောင်ကျော်ကျော်(ခ)အောင်သူရမျိုး(ဘ)ဦးအုန်းမြင့် ရောက်ရှိလာပြီး ၎င်းတို့ဘုရားဖူးပြီးအပြန်တွင် ဘင်္ဂလီ များအား ရန်ကုန်သို့ သယ်ယူပို့ဆောင်ပေးပါက ထိုက်သင့်သောငွေကြေးရမည်ဟု ပြောဆိုတိုင်ပင်ခဲ့ကြကြောင်း၊ ထို့ကြောင့် ၂၆-၆-၂၀၁၄ ရက်နေ့တွင် မြောက်ဦးမြို့၌ ဘုရားဖူးပြီးနောက် ည(၉)နာရီခန့်တွင် မမွန်မွန်ချိုနှင့် မျိုးထက်စိုးတို့(၂)ဦးသည် အောင်ကျော်ကျော်(ခ)အောင်သူရမျိုးနှင့် အောက်ပိုက်သည်ရွာနေ ဟူဆင်နာမောင်း (ခ)မောင်စိန် ဆိုသူတို့ထံ ဖုန်းဖြင့်ဆက်သွယ်စီစဉ်စေပြီး ကျောက်တော်မြို့နယ်၊ လက်ဆောင်ကောက်ရွာအနီး၊ ကားလမ်းဘေးတွင် အသင့်စောင့်ဆိုင်းနေသော ဘင်္ဂလီလူမျိုး ကျား(၈)ဦး၊ မ(၁)ဦးတို့အား လင့်ခရူဇာ ယာဉ်ဖြင့် တင်ဆောင်ခေါ်ယူခဲ့ကြောင်း၊ ဘင်္ဂလီလူမျိုးများအား ဟူဆင်နာမောင်း(ခ)မောင်စိန်က ရန်ကုန်သို့ ရောက်လျှင် ဘင်္ဂလီ(၁)ဦးလျှင် ငွေကျပ်(၃)သိန်းနှုန်းဖြင့် (၂၇)သိန်းပေးရမည်ဟုပြောဆိုကာ စည်းရုံးစုစည်း ထားခြင်းဖြစ်ကြောင်း၊ တင်ဆောင်ချိန်၌ စရံငွေအဖြစ် ကျပ်(၅)သိန်းအား ဟူဆင်နာမောင်း(ခ)မောင်စိန်က မမွန်မွန်ချိုအား ပေးလိုက်ကြောင်း၊ အဆိုပါ ဘင်္ဂလီများအား တင်ဆောင်မောင်းနှင်လာစဉ် ၂၇-၆-၂၀၁၄ ရက်နေ့ နံနက် ၀၆၀၀ အချိန်ခန့်တွင် ပဲပဒုံဂိတ်၌ အဖမ်းခံရကြောင်း၊ အောင်ကျော်ကျော်(ခ)အောင်သူရမျိုးမှာလည်း အနက်ရောင် SURF ကားဖြင့် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရတော့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် ဘင်္ဂလီလူမျိုးများအား ကားဖြင့်သယ်ဆောင်လာသူ ယာဉ်မောင်း မျိုးထက်စိုး(၃၅)နှစ် (ဘ)ဦးကျော်စိုးလွင်နှင့် မမွန်မွန်ချို(၂၈)နှစ်(ဘ)ဦးအုန်းမြင့်၊ အောင်ကျော်ကျော်(ခ)အောင်သူရမျိုး(၃၂)နှစ် (ဘ)ဦးအုန်းမြင့်နှင့် ဘင်္ဂလီ(၉)ဦးအား ပွဲစားအဖြစ် ပို့ဆောင်ဆက်သွယ်ပေးသူ ဟူဆင်နာမောင်း(၄၅)နှစ်ခန့် (ဘ)ဦးဟာဘော်ရှော်တို့အား ပြစ်မှုပုဒ်မ-၃၆၇ ဖြင့် အရေးယူထားရှိကြောင်းနှင့် တိမ်းရှောင်တရားခံများနှင့် ကွင်းဆက်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

 အမ်းမြို့  ပူးပေါင်း စစ်ဆေးရေး ဂိတ်မှာ ၈.၁.၂၀၁၄​ နေ့ ညက ဘင်္ဂလီ (၅)ဦး ဖမ်းဆီးရမိ ခဲ့

ဘင်္ဂလီ(၉)ဦး တရားမ၀င်သယ်ဆောင်လာသူများ အမ်းမြို့နယ်တွင် ဖမ်းဆီးရမိ  ဘင်္ဂလီ(၉)ဦး တရားမ၀င်သယ်ဆောင်လာသူများ အမ်းမြို့နယ်တွင် ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 18:59 Rating: 5
Powered by Blogger.