ယနေ့ည ၇ နာရီခွဲခန့်က တာချီလိတ်မြို့အနီးကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်သွားကြောင်း မိုး/ဇလဌာန မြေငလျင်ဌာနခွဲမှ သတင်းရရှိသည်။
အဆိုပါငလျင်ကို တာချီလိတ်၊ မိုင်းဖြတ်နှင့် တာလေမြို့များပါ ခံစားလိုက်ရသော်လည်း လူ၊ တိရစ္ဆာန်နှင့် အဆောက်အအုံများ ထိခိုက် ပျက်စီးမှုမရှိခဲ့ကြောင်း သက်ဆိုင်ရာမြို့နယ် ထွေ/အုပ် ရုံးများမှ သတင်းရရှိသည်။
‘‘ဆယ်စက္ကန့်လောက်တော့ ကြာမယ်ထင်တယ်။ နှစ်ချက်ဆင့် လှုပ်သွားတာ။ ပထမတစ်ချက်က ဖြည်းဖြည်းလေး။ နောက်တစ်ချက်က ပြင်းတယ်’’ဟု တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်ကျော်စိုးကပြောသည်။
ငလျင်ကြောင့် နေအိမ်များ သိသိသာသာလှုပ်ရှားသွားခဲ့ပြီး နောက်တစ်ကြိမ်လှုပ်မည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း တာလေမြို့ခံ ကိုစိုင်းလင်းကပြောသည်။
မိုး/ဇလဌာနက မန္တလေးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် ၂၆၀ ခန့်အကွာ တာချီလိတ်မြို့၏ မြောက်-အနောက်မြောက်ဘက် ငါးမိုင်ခန့်ကို ဗဟိုပြု ၍ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၅ အဆင့်အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း သတင်းထုတ်ပြန်သည်။
Author: အောင်သစ်လွင်
7Day Daily

၂၀၁၁ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် တာလေငလျှင် |
တာချီလိတ်ကို ဗဟိုပြု၍ ၄ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်
Reviewed by သစ်ထူးလွင်
on
02:16
Rating: