မီးပွိုင့်မီးနီ၍ ရပ်နေသော ရထား၏ နောက်တွဲအား မြို့ပတ်ရထားမှ ၀င်ရောက်တိုက်မိ

ရန်ကုန်၊ ဇွန် ၂

၂.၆.၂၀၁၄ ရက်နေ့ ၁၂၃၀ အချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာ ကြားရှိ မိုင်တိုင်အမှတ် AA-102၊ မီးပွိုင့်အမှတ် A-95 တွင် မီးပွိုင့်မီးနီ၍ ရပ်နေသော စက်ခေါင်းအမှတ် RBE-2540(အင်ကြင်း-၂) သီလ၀ါ-ရန်ကုန် ရထား၏ နောက်တွဲအား ရွာသာကြီးဘက်မှ ရန်ကုန်သို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DD-918 (မင်းသား-၇)မြို့ပတ်ရထားမှ တိုက်မိခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့တိုက်မိမှုကြောင့် အင်ကြင်း-၂ ရထားပေါ်ပါခရီးသည် ကျား(၃)ဦး၊ မ(၁)ဦးနှင့် မင်းသား-၇ မြို့ပတ်ရထားစက်ခေါင်း မောင်းသူတို့တွင် ပေါက်ပြဲနာကျင်ဒဏ်ရာများ ရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါရထား(၂)စင်းတိုက်မိမှုကြောင့် ရထားတွဲများလမ်းချော်သွား ခဲ့သဖြင့် တာဝန်ရှိသူများ ရောက်ရှိ ပြီး စစ်ဆေးပြုပြင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police



မီးပွိုင့်မီးနီ၍ ရပ်နေသော ရထား၏ နောက်တွဲအား မြို့ပတ်ရထားမှ ၀င်ရောက်တိုက်မိ  မီးပွိုင့်မီးနီ၍ ရပ်နေသော ရထား၏ နောက်တွဲအား မြို့ပတ်ရထားမှ ၀င်ရောက်တိုက်မိ Reviewed by သစ်ထူးလွင် on 02:33 Rating: 5
Powered by Blogger.