ဗိုလ်မှူးမောင်းသောကားက လမ်းဖြတ် ကူးသော ကျောင်းသူကိုတိုက်

 မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်း မိုင်တိုင်အမှတ်(၂၀) ရေဝေကျေးရွာ အနီးတွင် ဇွန်လ(၈)ရက်နေ့ (၁)နာရီ မိနစ်(၃၀) အချိန် က ကျောက်ပန်းတောင်မှ မိတ္ထီလာဘက်သို့ ဗိုလ်မှူးကိုကိုဦး(၃၄)နှစ်၊ လေတပ်ဆွယ် နေပြည်တော် မောင်းနှင်သော 9D/70763 တိုရိုတာ ခဲရောင်ကားသည် ရေဝေကျေးရွာ အရောက်တွင် ရေဝေအထကမှ စတုတ္ထတန်းကျောင်းသူ မဇင်မာခိုင် (၉)နှစ်သည် လမ်း၏ ၀ဲဘက်မှ ယာဘက်သို့ ဖြတ်ကူးစဉ် တိုက်မိခဲ့ကြောင်း သိရသည်။

ကားတိုက်ခံရ၍ ကျောင်းသူ မဇင်မာခိုင်မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့သည်။ ယာဉ်တိုက်မှုကို ရှမ်းမငယ် ရဲစခန်းက ယာဉ်(ပ) ၁၂/၂၀၁၄(က) ဖြင့် အမှုဖွင့် အရေးယူ ထားသည်။

Messenger News Journal


ဗိုလ်မှူးမောင်းသောကားက လမ်းဖြတ် ကူးသော ကျောင်းသူကိုတိုက်  ဗိုလ်မှူးမောင်းသောကားက လမ်းဖြတ် ကူးသော ကျောင်းသူကိုတိုက် Reviewed by သစ်ထူးလွင် on 15:05 Rating: 5
Powered by Blogger.