၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ရေး အစိစစ်ခံသူ ၁၆ ရာခိုင်နှုန်းသာရှိ

တနင်္လာနေ့၊ ဇွန်လ ၂၃ ရက်၊ ၂၀၁၄ ခုနှစ်

 ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီအဖြစ် လက်ခံသူများကို ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ရေး ဥပဒေနှင့် စိစစ်လျက်ရှိသော်လည်း စုစုပေါင်းလူဦးရေ၏ ၁၆ ရာခိုင်နှုန်းသာကိုသာ စစ်ဆေးနိုင်သေးသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ဇွန်လ ၂၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

စိစစ်မှုကို မြေပုံမြို့ လူဦးရေ ၃,၀၁၀ ဦးရှိ တောင်ပေါ်ဘင်္ဂါလီဒုက္ခသည်စခန်းတွင် ဇွန်လ ၁၅ ရက်က စတင် ပြုလုပ်နေခြင်း ဖြစ်သည်။

“လက်မခံတဲ့သူတွေကိုတော့ လုပ်ပေးမှာ မဟုတ်ဘူး၊ အခုလက်ခံသူတွေကိုပဲ လုပ်ပေးနေတာပါ။ လက်မခံတဲ့သူတွေကိုတော့ နောက်ပိုင်းဘယ်လိုလုပ်သွားမယ်ဆိုတာကို လူကြီးတွေ ဆုံးဖြတ်ပါလိမ့်မယ်။ဘယ်အချိန်အပြီး လုပ်မယ်ဆိုပြီးတော့ သတ်မှတ်ထားတာတော့ မရှိဘူး”ဟု ဦး မောင်မောင်သန်းက ဆိုသည်။

“လျှောက်လွှာတင်တဲ့သူ ၃၀၀ ကျော် လောက်တော့ရှိတယ်။ တချို့တွေလည်းမတင်ကြရသေးတာတွေ ရှိ တယ်။ အခု ဒီစိစစ်မှုအရဆိုရင်တော့ အခုရှိနေတဲ့သူ တွေက နိုင်ငံခြားသားဖြစ်ဖို့ များတယ်။ဘာဖြစ်လိုဆို တော့ တော်တော်များများဆီက အထောက်အထားတွေက လုံးဝမရှိတော့တာတွေလည်း ရှိတယ်”ဟု မြေပုံ မြို့ တောင်ပေါ်ဒုက်သည်စခန်းနေ ဦးအောင်လွင်က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီ လက်ခံသူများကို ၁၉၈၂ခုနှစ်၊ နိုင်ငံသား ဖြစ်ရေးဥပဒေအဖြင့် စိစစ်မှုတွင် မျိုးနွယ်စုနှစ်ဖက်မှ ခေါင်းဆောင်ကိုယ်စားလှယ်များကို ထည့်သွင်းကာ စိစစ်မှုများကို မြို့ နယ်၊ ခရိုင်၊ ပြည် နယ်နှင့် ဗဟိုအဆင့်ဆင့် တွင် စိစစ်မှုမှုများကိုပြုလုပ်သွားမည်ဖြစ်ပြီး ဥပဒေနှင့်ကိုက်ညီသူများကို နိုင်ငံသား အဖြစ် ခွင့်ပြုသွားမည်ဖြစ်သည်ဟု ဦး မောင်မောင်သန်းက ပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ဘင်္ဂါလီဦးရေ ၁ ဒသမ ၃၃သန်းမှ ၁ ဒသမ ၀၅ သန်း (ဆယ်သိန်းငါးသောင်း)သည် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူများဖြစ်ပြီး ခုနစ်သိန်းကျော်သာ ယာယီနိုင်ငံသားကတ်(White Card) ကိုင်ဆောင်ထားသူများ ဖြစ်သည်ဟု ၀န်ကြီးဌာန၏ စာရင်းများက ဆိုသည်။။

ဟိန်းကိုစိုး
Mizzima - News in Burmese


၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ရေး အစိစစ်ခံသူ ၁၆ ရာခိုင်နှုန်းသာရှိ   ၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ရေး အစိစစ်ခံသူ ၁၆ ရာခိုင်နှုန်းသာရှိ Reviewed by သစ်ထူးလွင် on 09:50 Rating: 5
Powered by Blogger.