အထူး သတင်းတပ်ဖွဲ့က ဂျာနယ်အချို့ ခေါ်ယူမေးမြန်း

 ပြည်တွင်းထုတ် သတင်းဂျာနယ်တချို့ရဲ့ ငွေကြေး လည်ပတ်မှုတွေနဲ့ ပတ်သက်ပြီး ဂျာနယ်တိုက် တာဝန်ရှိသူတချို့ကို အထူးသတင်းတပ်ဖွဲ့က ခေါ်ယူမေးမြန်း နေတယ်လို့ သိရပါတယ်။

မြန်မာပို့စ်ဂျာနယ်ရဲ့ ငွေကြေးလည်ပတ်မှုနဲ့ပတ်သက်ပြီး အစစ်ဆေးခံဖို့ အကြောင်းကြား ခံထားရတဲ့ အကြောင်း မြန်မာပို့စ်ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုဇော်မင်းနိုင်က အခုလိုပြောပါတယ်။

"ငွေကြေးလည်ပတ်ပုံကို ခေါ်ယူပြီးမေးတယ်ဆိုတာ ဒါကျနော်တို့ တစ်ခါမှလည်းမကြားဖူး ဘူးပေါ့နော် ဘာကြောင့်မေးတာလည်း ကျနော်တို့ ပြန်မေးလိုက်တယ်၊ သူကအထက် အမိန့်အရလို့ သူကပြောပါတယ် အထက်အမိန့်အရဆိုတော့ ဘယ်လိုအထက်အမိန့် အရလည်းဆိုတာ ထပ်မေးတော့ သူတို့ ပြောပိုင်ခွင့်မရှိပါဘူးဆိုပြီးတော့ အဲ့အတိုင်းပြော သွားတယ်၊ သူတို့လက်ရှိ lest money အဲ့ဒီဟာမျိုးကိုပဲ သိချင်တာလား ဒါမှမဟုတ်လို့ရှိရင် ဆုံးဖြတ်သင့်ကိစ္စတွေလည်း ရှိနေတာအတွက်ကြောင့်မို့လို့ ဒါအများကြီးပဲ တွေးစရာတွေပါ"

မြန်မာပို့စ်ဂျာနယ်အပြင် မြန်မာသံတော်ဆင့်ဂျာနယ်က တာဝန်ရှိသူတွေကို အကြောင်းကြား ထားတယ် လို့သိရပါတယ်။အစစ်ဆေးခံမယ့် အချိန်ကို အတိအကျ မသတ်မှတ်ထားဘဲ ဂျာနယ်တိုက် တာဝန်ရှိ သူတွေ အဆင်ပြေမယ့်အချိန်ကို ပြန်လည်ဆက်သွယ်ပေးရမှာဖြစ် တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ခေါ်ယူမေးမြန်းခံရတဲ့ ပေါ်ပြူလာ ဂျာနယ်က ကိုမျိုး ( မြန်မာစာ ) ကလဲ အခုလိုပြောပြပါတယ်။

"သူများဂျာနယ်အကြောင်းအရ ကျနော်တို့ဆီက အစ်အောက်ထုတ်တဲ့မျိုးဆန်တယ်လေ အဲ့လိုမျိုးတော့ ကျနော် သတိထားမိပြီးတော့ သူတို့ကိုပြောတယ်၊ ကျနော်တို့ကို ဘာကြောင့်မေး တာလည်းလို့ ကျနော်မေးခဲ့တယ်၊ ကျနော်တို့ကိုမေးတဲ့ဥစ္စာက အခုလက်လောဖြစ်နေတဲ့ သံတော်ဆင့်တို့ ဘာတို့နဲ့ပတ်သက်လား၊ မဟုတ်ပါဘူးကျုပ်ကသိချင်ရုံသက်သက်ပါ တဲ့ နောက်ဆုံးအဆုံးသက်တော့ မိတ်ဆွေတစ်ယောက်အနေနဲ့ မေးတယ်ဆိုတဲ့ပုံစံမျိုးပါပဲ ၊ညကျတော့မှ ဆရာဦးဖေမြင့်က အဲ့ညနေပေါ့နော် ဆရာဦးဖေမြင့်က ပြောတော့မှ ဂျာနယ်တိုက်တွေကို ခေါ်တယ်ဆိုတာ ကျနော် သိရတာပေါ့"

ဒီလိုခေါ်ယူမေးမြန်းတာမှာ ဂျာနယ်တစောင်ထုတ်ဝေရင် လူအင်အား ငွေအင်အား ဘယ်လောက်သုံးရမယ်ဆိုတာမျိုးကို အလွတ်သဘောမျိုးမေးမြန်းတာဖြစ်ပြီး ဂျာနယ်တိုက် တချို့ရဲ့ ငွေထုတ်ပေးနေသူ အစိုးရအဖွဲ့ဝင်များနဲ့ ပတ်သက်သူ စသည်တို့ကို မေးမြန်းတာ မျိုးလည်းရှိတယ်လို့ သိရပါတယ်။ လက်ရှိမေးမြန်းခံရပြီးတဲ့ ဂျာနယ်တိုက်များမှာ ပေါ်ပြူလာ နဲ့ The Voice ဂျာနယ် တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

RFA Burmese


အထူး သတင်းတပ်ဖွဲ့က ဂျာနယ်အချို့ ခေါ်ယူမေးမြန်း   အထူး သတင်းတပ်ဖွဲ့က ဂျာနယ်အချို့ ခေါ်ယူမေးမြန်း Reviewed by သစ်ထူးလွင် on 01:31 Rating: 5
Powered by Blogger.