အိမ်၊ ဆိုင်၊ မြေ ငှားရမ်းခများကို အခွန်ဆောင်ရန် တင်ပြလာသူ တစ်ဦးမျှမရှိသေး

 ရန်ကုန်၊ မဇ္ဈိမ။ ။ အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်နှင့် စက်ရုံ အဆောက်အအုံများ ငှားရမ်းခြင်းဖြင့် ရရှိသည့် ၀င်ငွေများကို အခွန် ကောက်ခံနိုင်ရေး အတွက် တင်ပြရန် ဇွန်လမှ စတင် ကြေညာ ထားသော်လည်း လက်ရှိအချိန်အထိ လာရောက်တင်ပြသူ တစ်ဦးမျှ မရှိသေးဘူးဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ
အရာထမ်း ၀န်ထမ်းတစ်ဦးက မဇ္ဈိမကိုပြောသည်။

“ နည်းဥပဒေအရ ကောက်ခံဖို့ပါ။ အစောကတည်းက အခုချိန်ထိ တစ်ဦးမှမလာသေးလို့ ကြေညာနေရတာပါ ” ဟု ၎င်းအရာထမ်းက ပြောသည်။

ယင်းဝင်ငွေခွန်အပေါ် အခွန်ကောက်ခံနိုင်ရန်အတွက် လာရောက်တင်ပြရန် ကြေညာချက်ကို ဇွန်လ၃၀ရက်တွင် ထပ်မံကြေညာထားသည်။

အခွန်ရုံးသို့ ဆက်သွယ်ခြင်းမရှိသူများကို ပြည်တွင်းအခွန်များဦးစီးဌာနက ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများနှင့် ပူးပေါင်းကာ အချက်အလက်များရယူရန်လည်း ရည်ရွယ်ထားသည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ဟိန်းကိုစိုး
Mizzima - News in Burmese

ဓာတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ

အိမ်၊ ဆိုင်၊ မြေ ငှားရမ်းခများကို အခွန်ဆောင်ရန် တင်ပြလာသူ တစ်ဦးမျှမရှိသေး  အိမ်၊ ဆိုင်၊ မြေ ငှားရမ်းခများကို အခွန်ဆောင်ရန် တင်ပြလာသူ တစ်ဦးမျှမရှိသေး Reviewed by သစ်ထူးလွင် on 17:49 Rating: 5
Powered by Blogger.