၂၀၁၁ အထိ အရာထမ်း အလုပ်လျှောက်သူ ၆ ရာခိုင်နှုန်းသာ အလုပ်ခန့်နိုင်

 စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ၂၃ နှစ်တာကာလ ၁၉၈၈က ၂၀၁၁ ခုနှစ်အထိ ၀န်ကြီးဌာနနဲ့ အဖွဲ့အစည်း အသီးသီး အတွက် အရာထမ်း အလုပ်နေရာ ၂၃၀၀၀ ကျော် ခေါ်ယူခဲ့ရာမှာ လျှောက်ထား သူတွေရဲ့ ၆ ရာခိုင်နှုန်းကျော်ကိုပဲ ခန့်ထားနိုင်ခဲ့တယ်လို့ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

ဒီအထဲကမှ ၂ သောင်းလောက်ကိုပဲ ခန့်ထားနိုင်ခဲ့ပြီး ၂ သိန်း ၈ သောင်းလောက်ကိုတော့ မခန့်နိုင်ခဲ့ဘူးလို့ ဆိုလိုတာပါ။

ဇွန် ၁၇ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ချင်းပြည်နယ် အမှတ် ၄ မဲဆန္ဒနယ်က ရွေးကောက်ခံ အမျိုးသားလွှတ်တော်အမတ် ဦးစတီဗင်သာဘိတ်က ၀န်ထမ်းရေးရာ ခန့်ထားမှုနဲ့ ပတ်သက်ပြီး မေးတာကို ရာထူးဝန် ဥက္ကဋ္ဌ က ခုလို ဖြေကြားတာ ဖြစ်ပါတယ်။

အရင်ကနဲ့ လက်ရှိအချိန်ထိပါ ၀န်ကြီးဌာနတွေမှာ အရာရှိရာထူး ခန့်အပ်ရာမှာ အရပ်ဘက်က လာသူတွေထက် စစ်တပ်က လာတဲ့ မိုးကျရွှေကိုယ်တွေ များနေတာကိုလည်း လွှတ်တော်အတွင်း ဝေဖန်ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

  By ဒီဗွီဘီ

၂၀၁၁ အထိ အရာထမ်း အလုပ်လျှောက်သူ ၆ ရာခိုင်နှုန်းသာ အလုပ်ခန့်နိုင်   ၂၀၁၁ အထိ အရာထမ်း အလုပ်လျှောက်သူ ၆ ရာခိုင်နှုန်းသာ အလုပ်ခန့်နိုင် Reviewed by သစ်ထူးလွင် on 16:00 Rating: 5
Powered by Blogger.