ဧရာဝတီမြစ်​ကမ်းပါးရှိ ​ကျောက်​စရစ်​များအား သ​င်္ဘောကြီးများဖြင့်​ တရားမ၀င်​ စုပ်​ယူ​နေခြင်းအား တိုင်​ကြားခြင်း

 မ​ကွေးတိုင်း​ ဒေသကြီး၊ ​အောင်​လံမြို့နယ်​၊ အတွင်းရှိ ပြလို့ရွာ​နေ ဦး​ကျော်​မြင့်​​ဌေးနှင့်​ ဦးလှမိုး ဦးစီး​သော ​ကျောက်​စရစ်​စုပ်​ သ​င်္ဘောများသည်​ ဧရာဝတီမြစ်​ကမ်းပါးရှိ ​ကျောက်​စရစ်​များအား စုပ်​ယူ​နေသည်​မှာ (၂)လမျှကြာမြင့်​​နေ ဖြစ်ပါသည်။

၎င်းကိစ္စရပ်​အား ပြလို့​ကျေးရွာ အုပ်​ချုပ်​​ရေးမှူးထံ တိုင်​ကြား​သော်​လည်း မထီမဲ့မြင်​ ဆက်​လက်​စုပ်​ယူ​နေသဖြင့်​ ​အောင်​လံမြို့နယ်​၊ အုပ်​ချုပ်​​ရေးမှူးထံ တိုင်​စာများနှင့်​ ဓာတ်​ပုံများ​ ပေးပို့တိုင်​ကြားခဲ့ပါသည်​။
 မြို့နယ်​အုပ်​ချုပ်​​ရေးမှူးအ​နေဖြင့်​ ယင်းကိစ္စအား တိုင်း​ဒေသကြီး၊ ​နေုပြည်​​တော်​ ထိ အဆင့်​ဆင့်​အ​ရေးယူ​ဆောင်​ရွက်​​ပေးပါမည်​ဟု ကတိပြုပါသည်​။

 ပြလို့ရွာသည်​ ဧရာဝတီမြစ်​၏ အ​ရှေ့ဘက်​ကမ်းတွင်​ တည်​ရှိပါသည်​။ ထိုမြစ်​ကမ်းပါးတွင်​ သမိုင်းဝင်​​စေတီပုထိုးများလည်း တည်​ရှိ​နေပါသည်​။ ပြလို့ရွာသူ ရွာသားအများစုမှာလည်း လယ်​ယာကိုင်းကျွန်း လုပ်​ငန်းဖြင့်​ အသက်​​မွေးဝမ်း​ကျောင်း ပြုလျက်​ရှိပါသည်​။

ထို့​ကြောင့်​ ယခုအချိန်​တွင်​ နိုင်​ငံ​တော်​အစိုးရအ​နေဖြင့်​ မြစ်​ကမ်းပါးပြိုကျမှုများအား ကာကွယ်​ရန်​ အ​လေးထား​ဆောင်​ရွက်​​နေချိန်​တွင်​ ကျွန်​​တော်​တို့၏ ပြလို့ရွာတည်​ရှိ​နေသာ ဧရာဝတီမြစ်​ကမ်းပါးအား ပျက်​စီးမှုမဖြစ်​ပွား​စေရန်​နှင့်​ ​ရှေး​ဟောင်း​စေတီပုထိုးများ ပြိုကျပျက်​စီးမှု မဖြစ်​​စေရန်​အတွက်​ သက်​ဆိုင်​ရာအကြီးအကဲနှင့်​ ပြည်​သူတစ်​ရပ်​လုံး သိရှိ​စေရန်​ ပူးတွဲပါ ဓာတ်​ပုံများနှင့်​တကွ တင်​ပြအပ်​ပါသည်​။

ပြလို့ရွာသူ ရွာသားများ

BY THIT HTOO LWIN





ဧရာဝတီမြစ်​ကမ်းပါးရှိ ​ကျောက်​စရစ်​များအား သ​င်္ဘောကြီးများဖြင့်​ တရားမ၀င်​ စုပ်​ယူ​နေခြင်းအား တိုင်​ကြားခြင်း  ဧရာဝတီမြစ်​ကမ်းပါးရှိ ​ကျောက်​စရစ်​များအား သ​င်္ဘောကြီးများဖြင့်​ တရားမ၀င်​ စုပ်​ယူ​နေခြင်းအား တိုင်​ကြားခြင်း Reviewed by သစ်ထူးလွင် on 03:52 Rating: 5
Powered by Blogger.