အိန္ဒိယနိုင်ငံတွင် အဆောက်အအုံနှစ်ခု ပြိုကျ၍ လူ ၁၆ ဦး သေဆုံး

 နယူးဒေလီမြို့ အဆောက်အအုံ ပြိုကျရာနေရာမှ သေဆုံးခဲ့သူ တစ်ဦး၏ အလောင်းကို ကယ်ဆယ်ရေး သမားများ သယ်ထုတ်လာသည်ကို ဇွန်လ ၂၈ ရက်က တွေ့ရစဉ် (Anindito Mukherjee/REUTERS)

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ၌ ပျက်စီးယိုယွင်းနေ သော အဆောက်အအုံတစ်ခု ဇွန်လ ၂၈ ရက်က ပြိုကျခဲ့ရာ ကလေးငယ် ငါးဦးအပါအ၀င် အနည်းဆုံး လူ ၁၀ ဦးသေဆုံးခဲ့ သည်ဟု အိန္ဒိယရဲအရာရှိများကို ကိုးကား၍ သတင်းများက ဖော် ပြသည်။

လေးထပ်တိုက်အဆောက် အအုံ ပြိုကျပျက်စီးခဲ့ပြီးနောက် ကယ်ဆယ်ရေး လုပ်သားများ သည် အသက်ရှင်ကျန်ရစ်သူများ ကို ရှာဖွေတွေ့ရှိနိုင်ရန် ကြိုးပမ်း လျက်ရှိကြောင်းနှင့် အပျက်အစီး များအောက်တွင် လူများစွာ ပိတ် မိနေမည်ကို စိုးရိမ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

‘‘ကလေးငယ်ငါးဦး၊ အမျိုး သမီး သုံးဦး အပါအ၀င် လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။ လူနှစ်ဦးဒဏ် ရာရရှိခဲ့ပါတယ်’’ ဟု ဒေလီရဲမင်း ကြီးက Press Trust of India သတင်းအား ပြောသည်။

‘‘ကယ်ဆယ်ရေးလုပ်ငန်း တွေကို ဆက်လက်လုပ်ဆောင်နေ ပြီး အပျက်အစီးတွေကို ဖယ်ရှား ရှင်းလင်းနေပါတယ်’’ ဟု ၎င်းက ထပ်လောင်းပြောသည်။

လူနေထူထပ်သော ဒေလီ မြောက်ပိုင်းမှ သက်တမ်းဆယ်စု နှစ်များစွာကြာပြီဖြစ်သော ယင်းလူနေအဆောက်အအုံမှာ ဇွန်လ ၂၈ ရက် နံနက်ပိုင်းတွင် စတင် ပြိုကျခဲ့ခြင်းဖြစ်သည်။

‘‘အဲဒီအဆောက်အအုံက နှစ်ပေါင်း ၄၀ ကြာပါပြီ။ ခွင့်ပြုချက် မရဘဲ အထပ်တွေကို ထပ်တိုး ဆောက်လုပ်ခဲ့ပါတယ်’’ ဟု မြို့ တော်စည်ပင်သာယာရေး အရာရှိ  ရာဂျစ်ဘာတိယာက NDTV ရုပ် သံလိုင်းအား ပြောသည်။

အစိုးရသည် အဆောက်အ အုံပြိုကျရသည့် အကြောင်းရင်း ကို စုံစမ်းနေပြီဖြစ်သည်။

နယူးဒေလီမြို့၌ လေးထပ် တိုက်အဆောက်အအုံ ပြိုကျခဲ့ပြီး နောက် နာရီပိုင်းအကြာတွင် မိုး သည်းထန်စွာ ရွာသွန်းနေသော ချန်နိုင်းမြို့ရှိ ဆောက်လုပ်ဆဲ ၁၂ ထပ်တိုက်အဆောက်အအုံ ပြိုကျ ခဲ့ရာ လူခြောက်ဦးသေဆုံးခဲ့သည် ဟု ရဲတပ်ဖွဲ့က ပြောသည်။

လျော့ရဲသော စည်းကမ်း များနှင့် ဈေးပေါသော အိမ်ရာများ အ၀ယ်လိုက်မှုတို့ကြောင့် စံချိန်စံ ညွှန်းမမီသော အိမ်ဆောက်ပစ္စည်း များအသုံးပြု၍ တရားမ၀င် အ ထပ်များတိုးသည့် ဆောက်လုပ် ရေးလုပ်ငန်းများ မကြာခဏ ပေါ်လာတတ်သည်။ ယခုနှစ် အစော ပိုင်းတွင် ဂိုအာပြည်နယ်၌ လူနေ အဆောက်အအုံတစ်ခု ပြိုကျခဲ့ ပြီး လူ ၁၅ ဦးခန့် သေဆုံးခဲ့သည်။

—Ref: AFP,BBC
7DAY DAILY
http://www.7daydaily.com/story/14474#.U7AEBrHCdnF


အိန္ဒိယနိုင်ငံတွင် အဆောက်အအုံနှစ်ခု ပြိုကျ၍ လူ ၁၆ ဦး သေဆုံး  အိန္ဒိယနိုင်ငံတွင် အဆောက်အအုံနှစ်ခု ပြိုကျ၍ လူ ၁၆ ဦး သေဆုံး Reviewed by သစ်ထူးလွင် on 18:50 Rating: 5
Powered by Blogger.