နေပြည်တော်၊ ဇွန် ၂၂
၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန် မကွေးတိုင်း ဒေသကြီး၊ အမှတ်(၁)ရပ်ကွက်၊ ရှစ်မျက်နှာ ဘုန်းကြီးကျောင်းတွင် ဘုန်းကြီးတစ်ပါး ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။
အဆိုပါ အမှုကို ရဲတပ်ဖွဲ့ ဝင်များ စစ်ဆေးချက်အရ ရှစ်မျက်နှာ ဘုန်းကြီးကျောင်းနေ ဦးဗုဒ္ဓပီယ(ခ)ဦးဝင်းဆွေဦး(၄၁)နှစ်၊ ၀ါတော်(၂)၀ါနှင့် တစ်ကျောင်းတည်းနေ ဦးတိက္ခ(ခ)ဦးတင်မောင်အေး(၅၈)နှစ်၊ ၀ါတော်(၂၀)တို့ အရက်မူးပြီး စကားများရန်ဖြစ်ရာကနေ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်ရာမှာ ဦးတိက္ခ(ခ) ဦးတင်မောင်အေးမှ ဦးဗုဒ္ဓပီယ(ခ) ဦးဝင်းဆွေဦးအား အရှည်(၂)တောင်ခန့်ရှိ (၃ လက်မ x ၁လက်မ)သစ်သားတုတ်ဖြင့် ရိုက်ရာ ဦးဗုဒ္ဓပီယ(ခ) ဦးဝင်းဆွေဦးတွင် ဦးခေါင်းငယ်ထိပ် (၂)လက်မခွဲခန့် ပေါက်ပြဲ၊ ယာခြေသလုံးဖူးရောင်၊ ၀ဲပါးရိုးဖူးရောင်ပေါက်ပြဲ၊ ယာလက်မောင်း/လက်ခုံ စုတ်ပြဲဒဏ်ရာများ ရရှိကာ သေဆုံးသွားကြောင်းသိရပါတယ်။
အခုအခါ ဦးတိက္ခ(ခ) ဦးတင်မောင်အေးအား မင်းဘူးမြို့မ ရဲစခန်း(ပ)၇၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ရဲတပ်ဖွဲ့ ရဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
BY THIT HTOO LWIN

သံဃာ ၂ ပါး အရက်မူးပြီး စကားများ ရန်ဖြစ်ရာမှ တုတ်ဖြင့်ရိုက်၍ သေဆုံး
Reviewed by သစ်ထူးလွင်
on
17:16
Rating: