အုတ်ဖိုထွန်တုံးတိုက်ပွဲ နှစ်ဖက် တောင်သူများ ပဋိပက္ခဖြစ်

 အုတ်ဖို၊ ဇွန် ၉- ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်တွင် လယ်အသိမ်းခံခဲ့ ရသည့် တောင်သူများက ထွန်တုံး တိုက်ပွဲပြုလုပ်ရာမှ လက်ရှိလုပ်ကိုင်နေ သူများနှင့် ပဋိပက္ခဖြစ်ကာ ရဲတပ်ဖွဲ့ က ဝင်ရောက် ထိန်းသိမ်း ခဲ့ရကြောင်း သိရသည်။

ဇွန် ၉ရက် နံနက် ၇ နာရီ ၁၅ မိနစ်မှစတင်၍ အောင်သုခကျေးရွာ အနီး လယ်မြေများပေါ်တွင် လွန်ခဲ့ သောနှစ်၂ဝကျော်က လယ် အသိမ်း ခံခဲ့ရသည့် တောင်သူများစုပေါင်း၍ နွားကိုးရှဉ်းဖြင့် ထွန်ယက် ရာမှ အဆို ပါပဋိပက္ခဖြစ်စဉ်ဖြစ်ပွားခဲ့ရခြင်းဖြစ် သည်။

''ကျွန်တော်တို့က ရန်ကုန်က နေ အေးမြသာယာကိုပြောင်းရွှေ့လာ တဲ့သူတွေကို ထုတ်ပေးခဲ့တဲ့ လယ်မြေ တွေ ကိုပြန်ဝယ်ပြီး လုပ်ကိုင်ခဲ့တာ၊  မြေခွန်ပြေစာရှိပါတယ်။ အခုနံနက် မှာ သူတို့က ကျွန်တော့် လယ်မြေနှစ် ဧက ကို ဝင်ပြီးထွန်ယက်သွားတယ်'' ဟု လက်ရှိလုပ်ကိုင်နေသူ ဦးခင်မောင် ဝင်းကပြောကြားသည်။

''ကျွန်တော်တို့ တောရှင်းငုတ် ဖော်ပြီး မူလ စိုက်ပျိုးခဲ့တဲ့ လယ်မြေ တွေကို အေးမြသာယာမြို့ကွပ်ကဲရေး မှူးများနှင့်  အဖွဲ့ဝင်များက 'မင်းတို့ လယ်တွေသိမ်းလိုက်ပြီ'ဟုဆိုပြီး အ လွတ် သိမ်း ခဲ့တာ၊ အဲဒီအချိန်က စပြီး လယ်မဲ့ဘဝနဲ့ဒုက္ခရောက်ခဲ့ရတာ ယခု အစိုးရ လက်ထက်မှာ မူလလယ်မြေတွေ ပြန်လည်ရရှိရေးအတွက် သမ္မတကြီး နဲ့တာဝန်ရှိသူတွေထံ တင်ပြ ထားပါတယ်၊ ယခုလဲ လက်ရှိလုပ်နေသူတွေ လယ်ထဲဆင်းထွန်နေလို့ ကျွန်တော် တို့ကလဲ ဝင်ရောက်ထွန်ယက်တာ ပါ''ဟု ထွန်တုံးတိုက် ပွဲဆင်နွှဲရာ တွင် ပါဝင်ခဲ့သည့် လယ်အသိမ်း ခံ တောင် သူတစ် ဦးဖြစ်သူ ဦးမြင့်က ပြောသည်။

ထွန်တုံးတိုက်ပွဲဝင်သူများ ကွင်း အမှတ်၁၀၊ ဦးပိုင်အမှတ်၃၇/၁ အ ရောက်တွင် လက်ရှိလုပ်ကိုင်နေသူများနှင့်အဖွဲ့က တားမြစ်ခြင်း ၊ အပြန် အလှန်ပြောဆိုရာမှ လေးခွများဖြင့် ပစ်ခတ် ခြင်း၊ ကိုင်းခုတ်ဓားများဖြင့် အပြန်အလှန်ခုတ် ရန် ပြုလုပ်ကြသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ငွေတိုးဦးစီး သော ရဲတပ်ဖွဲ့ဝင်အင်အား၎ဝဖြင့်အချိန်မီတားမြစ်ခဲ့ရသည်။

ခရိုင်အုပ်ချုပ်ရေး မှူးဦးစန်းလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရွှေသောင်း နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင် သူတို့ နံနက် ၁ဝနာရီ ၁၅မိနစ်တွင် အဆိုပါနေရာသို့သွားရောက်၍ နှစ် ဖက်တောင်သူ များအား တွေ့ဆုံဆွေး နွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာ တွင် ခရိုင်အုပ် ချုပ်ရေးမှူးက ယခုမြေများသည် သစ်တောမြေအဖြစ်က ပယ်ဖျက်ပြီး ဖြစ်၍ မြေလွတ်မြေရိုင်း သာဖြစ်ပြီး မည်သူမျှပိုင်ဆိုင်ခွင့်မရှိသေးသဖြင့် လုပ်ထုံးလုပ်နည်း နှင့် အညီ လယ်ယာ မြေလုပ်ကိုင်ခွင့်လျှောက်ထားနိုင် ကြောင်း၊ ပဋိပက္ခများမဖြစ်ပွားစေရန် အတွက် အငြင်းပွားလယ်မြေများအ တွင်း မည်သူမျှဝင်ရောက်လုပ်ကိုင် ခြင်းမပြုရန် ဒေသန္တရ အမိန့် ထုတ်ပြန် ကာ လိုက်နာမှုမရှိက ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အငြင်းပွားလယ်မြေ များအတွင်း မည်သူမျှဝင်ရောက်ခြင်း မပြုရန်တားမြစ်ခြင်းကို နှစ်ဖက်စလုံး က ကျေနပ်လက်ခံကာ နံနက်၁၁နာ ရီခွဲတွင် လူစုခွဲသွားကြောင်း သိရ သည်။

Written by  T H
[--Democracy today Daily Newspaper--]

ပဋိပက္ခဖြစ်ပွားသော လယ်သမားများနှင့် လုံခြုံရေးရဲများကို တွေ့ရစဉ်။ ဓာတ်ပုံ - တင်ထွဋ်


အုတ်ဖိုထွန်တုံးတိုက်ပွဲ နှစ်ဖက် တောင်သူများ ပဋိပက္ခဖြစ်   အုတ်ဖိုထွန်တုံးတိုက်ပွဲ နှစ်ဖက် တောင်သူများ ပဋိပက္ခဖြစ် Reviewed by သစ်ထူးလွင် on 14:59 Rating: 5
Powered by Blogger.