အစိုးရအဖွဲ့ဝင်များနှင့် သိသည်ဟု ဆိုကာ ယာဉ်ထိန်းရဲ၏ ဖမ်းဆီးမှုကို ရှောင်ကွင်းသည့် ရိုးရာမပျက် သေးကြောင်း ယာဉ်ထိန်းရဲ တစ်ဦးထံမှ သိရသည်။ဇွန်လ ၁၁ ရက်နေ့မှ စတင်ကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုများသော နေရာများတွင်အထူး အဖွဲ့ ၉ ဖွဲ့ချထားပြီး ဖမ်းဆီးစစ်ဆေးစဉ် ထိုသို့သော လုပ်ရပ်များ မကြာခဏဆို သ လို ဖြစ်ပွား လျက်ရှိကြောင်း ယာဉ်ထိန်းရဲတစ်ဦး၏ ပြောပြ ချက်အရ သိရသည်။
ယခုလ ၁၃ ရက်နေ့တွင်လည်း အထူးတပ်ဖွဲ့ ၂ မှ ဘုရင့်နောင်တံတား၌ စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးရာတွင် လမ်းပြောင်းပြန်မောင်းနှင်လာသော ယာဉ်အမှတ် ( ) အား ဖမ်းဆီးအရေးယူစဉ် အဆိုပါကားအတွင်းမှပုဂ္ဂိုလ်က ”ငါက လွှတ်တော်ဥက္ကဋ္ဌကွ မင်းတို့က ဘာအဆင့်ရှိလို့ ငါ့ကိုဖမ်းတာလဲ”ဟုပြောဆိုပြီး”ငါမနက်ကတည်းက အိမ်က ထွက်လာတာ၊ မင်းတို့လုပ်လို့ ပိုနောက်ကျတယ်”ဟုထပ်မံပြောဆို၍ ထွက်သွားကြောင်း အမည်မဖော်လိုသူ ယာဉ် ထိန်းရဲတစ်ဦးက ပြောသည်။
ထို့အပြင် ဇွန်လ ၁၄ ရက်နေ့၌ လည်း ချော်တွင်းကုန်းမီးပွိုင့်၌ ယာဉ်မ ရပ်ရစည်းကမ်းကိုချိုးဖောက်သော မော် တော်ယာဉ်တစ်စီးကို ဖမ်းဆီးအရေးယူရာတွင် ထိုယာဉ်ပေါ် ပါသူက ၎င်းတွင် ပိုင်ရာဆိုင်ရာရှိ၍ ယာဉ်ထိန်းရဲတို့၏ တာဝန်ပေါ့ဆမှုအားတွေ့ရှိက အရေးယူခိုင်းမည်ဟု ဖမ်းဆီးသည့်ယာဉ်ထိန်းရဲကို ခြိမ်းခြောက်ခဲ့သည်။ အစိုးရ အဖွဲ့လူကြီးများနှင့် သိသည်၊ မဖမ်းနှင့်ဆိုသော ဖြစ်စဉ်များရှိနေကြောင်းကို အမှတ် ၂ ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက လည်း ဟုတ်မှန်ကြောင်း အ တည်ပြုပေးခဲ့သည်။
ဇေဝေယံ
http://www.popularmyanmar.com

အစိုးရအဖွဲ့ဝင်များနှင့် သိသည်ဟုဆိုကာ ယာဉ်စည်းကမ်းဖောက်သည့်ရိုးရာ မပျက်သေး
Reviewed by သစ်ထူးလွင်
on
16:33
Rating: