အသေးစားနှင့် အလတ်စား လုပ်ငန်းများ ချေးငွေ အာမခံချက်ဖြင့် ငွေချေးနိုင်ရန် စီစဉ်

 အသေးစားနှင့် အလတ် စားလုပ်ငန်းများ အနေဖြင့် အပေါင်ပစ္စည်းမလိုဘဲ ဘဏ်များမှ ငွေချေးနိုင်မည့် အစီအစဉ်အပါအ၀င် ချေးငွေအာမခံစနစ်ကို ရန်ကုန်တိုင်းဒေသကြီးတွင် ကနဦးစီမံကိန်းအဖြစ် ဇူလိုင်လဆန်း၌  စတင် ရောင်းချတော့မည်ဟု   အာမခံ လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ သ တင်းရရှိသည်။

‘‘စီးပွားရေးတိုးချဲ့ချင်သော် လည်း အရင်းအနှီးမရှိသူတွေအ တွက် ဒီအာမခံက ကူညီပေးမှာ ပါ’’ ဟု ဘဏ္ဍာအခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင် မောင်သိမ်းက ပြောကြားသည်။

ချေးငွေအာမခံကို အဆင့် နှစ်ဆင့်ဖြင့် ဦးစွာဆောင်ရွက်မည် ဖြစ်သည်။ စီးပွားရေးလုပ်ကိုင်လို သူများသည် ဘဏ်မှ ငွေချေးရာ တွင် လိုအပ်သည့် ပမာဏကို မရ ကြပေ။ အပေါင်ပစ္စည်း၏ အ တင်းအကျပ် ရောင်းဈေးပမာဏ တစ်ခုသာရရှိသည်။ ယင်းကဲ့သို့ ခက်ခဲနေသော လုပ်ငန်းရှင်များ သည် ချေးငွေအာမခံကို ၀ယ်ယူ ထားပါက လိုအပ်သည့်ငွေကြေး ကို ဘဏ်များမှ အလွယ်တကူ ချေးယူနိုင်မည်ဖြစ်သည်။

ထို့အပြင် အပေါင်ပစ္စည်း မရှိသော လုပ်ငန်းများအနေဖြင့် လည်း ချေးငွေအာမခံစနစ်ကို ၀ယ်ယူနိုင်သည်။ ချေးငွေအာမခံ ကို ရောင်းချရာတွင် အာမခံကြေး (ပရီမီယံကြေး)ကိုလည်း နှစ်မျိုးခွဲ ထားပြီး အပေါင်ပစ္စည်းမရှိပါက ကနဦး မူလတစ်နှစ်ကို ကျပ်တစ် ရာလျှင် ပရီမီယံကြေးသုံးကျပ်၊ ဒုတိယတစ်နှစ်ကို အာမခံကြေး  နှစ်ကျပ်နှင့် တတိယတစ်နှစ်ကို အာမခံကြေးတစ်ကျပ် သတ်မှတ် ထားပြီး အပေါင်ပစ္စည်းရှိပါက ပရီမီယံကြေးကို ပထမနှစ်တွင် ကျပ်တစ်ရာကိုနှစ်ကျပ်၊ ဒုတိယ နှစ်တွင် တစ်ကျပ်ခွဲနှင့် တတိယ နှစ်တွင် တစ်ကျပ် သတ်မှတ်ထား သည်။

ချေးငွေအာမခံကို ယခုနှစ် တွင် ရန်ကုန်မြို့တွင်သာ ရောင်း ချမည်ဖြစ်ပြီး နောင်နှစ်များတွင် မန္တလေးမြို့နှင့် ပုသိမ်မြို့ကဲ့သို့ မြို့ကြီးများကိုလည်း ရောင်းချပေး မည်ဖြစ်သည်။ ချေးငွေအာမခံ  ၀ယ်ယူလိုသူသည် ဦးစွာ အာမခံ ရုံး ချုပ်သို့ လာရောက်ဆက်သွယ်ပြီး နောက် လုပ်ငန်းအခြေအနေပေါ် လေ့လာမှုအနေဖြင့် အချိန်တစ် ပတ်မှ နှစ်ပတ်ကြားယူပြီး အာမခံ ကို ရောင်းချပေးမည်ဟု သိရ သည်။

‘‘အခက်အခဲတစ်ခုကို အခု လိုဖြေရှင်းပေးတာ။ SME သမား တွေအတွက်တော့ ၀မ်းသာစရာ ပါ။ ချေးငွေရမယ်ဆိုရင်တော့ ဒီ လုပ်ငန်းက ဖွံ့ဖြိုးလာမှာပဲ’’ ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ပြော ကြားသည်။

မြန်မာနိုင်ငံရှိ ထုတ်ကုန်လုပ် ငန်းများတွင် အသေးစားနှင့် အ လတ်စားလုပ်ငန်းများမှာ ၉၅ ရာ ခိုင်နှုန်းကျော်ရှိသည်။ လက်ရှိ နိုင်ငံတော်အစိုးရက အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုး ရေးအတွက် ကျပ်ငွေဘီလီယံ ၃၀  ချထားပေးပြီး      ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုကို ကျပ်ငွေ တစ်ဘီလီယံစီ ထုတ်ချေးရန် စီ စဉ်ထားကြောင်း အသေးစားနှင့် အလတ်စား စက်မှုလက်မှု ဖွံ့ဖြိုး ရေးဘဏ်မှ စုံစမ်းသိရသည်။

By ပြည်သိမ်း
7DAY DAILY
http://www.7daydaily.com/story/14401#.U6_1hrHCdnE

ကားစက်ပြင်အလုပ်ရုံတစ်ခု(ဓာတ်ပုံ−ကျော်ဇင်သန်း)

အသေးစားနှင့် အလတ်စား လုပ်ငန်းများ ချေးငွေ အာမခံချက်ဖြင့် ငွေချေးနိုင်ရန် စီစဉ်  အသေးစားနှင့် အလတ်စား လုပ်ငန်းများ ချေးငွေ အာမခံချက်ဖြင့် ငွေချေးနိုင်ရန် စီစဉ် Reviewed by သစ်ထူးလွင် on 17:48 Rating: 5
Powered by Blogger.