သုံးခွ-သန်လျင်သွား မိုင်တိုင်အမှတ် ၅၅ အနီးတွင် မှန်လုံယာဉ်နှင့် ဆိုင်ကယ်တို့  မျက်နှာချင်းဆိုင်တိုက်မှုကြောင့် လူတစ်ဦးသေဆုံး

သုံးခွ ဇွန် ၁၈

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် မိုင်တိုင်အမှတ် ၅၅ အနီး၌ သုံးခွ-ရန်ကုန် မှန်လုံယာဉ်နှင့်
ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မှု ဇွန် ၁၈ ရက် နံနက် ၁၀ နာရီခန့်က ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်အား စုံစမ်းကြည့်ရာ သုံးခွမြို့ဘက်မှ သန်လျင်မြို့ဘက်သို့  ဆိုင်ကယ်မောင်းနှင်သူ ကိုမျိုးဇော်-၃၉-နှစ် (ဘ)ဦးအောင်သင်း၊ အိုးဝကျေးရွာ ခရမ်းမြို့နေသူနှင့် သန်လျင်မြို့ဘက်မှ သုံးခွမြို့ဘက်သို့ ခရီးသည်တင် မှန်လုံယာဉ်မောင်း ကိုကျော်မင်းထွေး ၄၀ နှစ် (ဘ)ဦးကျော်၊ ဦးဘုကြီးလမ်း-၇-ရပ်ကွက် သုံးခွမြို့နေသူ မောင်းနှင်သော ၂စ/၈၀၉၆ မှန်လုံယာဉ်မှ ရပ်ထားသော ကားကို ကျော်တက်ရာမှ မျက်နှာချင်း ဆိုင်ကလာသောဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း၊ ဆိုင်ကယ်ယာဉ်မောင်း ကိုမျိုးဇော်မှာ ဝဲခြေသလုံးရိုးကျိုးl ယာပေါင်ပေါက်ပြဲ၊ ဝဲတင်ပါးဆုံပေါက်ပြဲ၊ ယာဒူးပွန်းပဲ့ ဒဏ်ရာတို့ ရရှိခဲ့ပြီး ရန်ကုန် ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျှက်ရှိကြောင်း၊ ဆိုင်ကယ်နောက်မှ စီးနှင်း လိုက်ပါလာသူ လိပ်စာတူနေ ကိုခင်လှိုင် ၅၀ နှစ် (ဘ)ဦးဖိုးလှမှာ ဘယ်လက်ဖျံရိုးကျိုး၊ နဖူးပေါက်ပြဲ၊ ယာနားသွေးထွက်၊ ဘယ်မျက်ခုံးပေါက်ပြဲဒဏ်ရာများ ရရှိကာ သုံးခွမြို့နယ်ပြည်သူ့ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သုံးခွမြို့မရဲစခန်းမှ မှန်လုံယာဉ်မောင်းဖြစ်သူ ကိုကျော်မင်းထွေးအား ယာဉ်(ပ)၂၀/၂၀၁၄၊ ပုဒ်မ-၃၃၈ /၃၀၄(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

MOI Webportal Myanmar



သုံးခွ-သန်လျင်သွား မိုင်တိုင်အမှတ် ၅၅ အနီးတွင် မှန်လုံယာဉ်နှင့် ဆိုင်ကယ်တို့  မျက်နှာချင်းဆိုင်တိုက်မှုကြောင့် လူတစ်ဦးသေဆုံး  သုံးခွ-သန်လျင်သွား မိုင်တိုင်အမှတ် ၅၅ အနီးတွင် မှန်လုံယာဉ်နှင့် ဆိုင်ကယ်တို့  မျက်နှာချင်းဆိုင်တိုက်မှုကြောင့် လူတစ်ဦးသေဆုံး Reviewed by သစ်ထူးလွင် on 16:35 Rating: 5
Powered by Blogger.