မြန်မာနိုင်ငံမှာ အနာကြီးရောဂါ ဆက်လက်ဖြစ်ပွားနေဆဲလို့ WHO ပြောကြား


 မြန်မာနိုင်ငံမှာ အနာကြီးရောဂါ ကင်းစင်ပပျောက်ပြီလို့ တရားဝင်ကြေညာအပြီး ၁ဝ နှစ်ကျော်အကြာမှာ ရောဂါဖြစ်ပွားမှုတွေ တစ်စတစရှိလာနေတယ်လို့ ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့ကြီး WHO က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝဝ၃ ခုနှစ်က အနာကြီးရောဂါကင်းစင်ပြီလို့ တရားဝင်ကြေညာနိုင်ခဲ့ပေမဲ့ နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေဖြစ်တဲ့ ရောဂါအပြီးအပြတ်တိုက်ဖျက်ဖို့နဲ့ ရောဂါဝေဒနာ ခံစားနေရသူတွေကို ပြုစုစောင့်ရှောက်တဲ့ လုပ်ငန်းတွေမှာ တိုးတက်မှုနှေးကွေခဲ့တယ်လို့ မြန်မာနိုင်ငံ အနာကြီးရောဂါဆိုင်ရာ WHO တာဝန်ခံ ဦးမျိုးပိုင်ကို ကိုးကားပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ သတင်းစဉ် IRIN က သောကြာနေ့က ရေးသားပါတယ်။

WHO စာရင်းတွေအရ ၂၀၁၃ ခုနှစ် တစ်နှစ်ထဲမှာတင် အနာကြီးရောဂါရရှိခဲ့တဲ့ လူနာနဲ့အမှု ၃၉၅၀ ရှိခဲ့ပြီး ဒီအထဲက လူနာ ၄၂၃ ဦးဟာ အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါမသန်မစွမ်းတဲ့ ဝေဒနာသည်တွေဖြစ်နေပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက အနာကြီးရောဂါ ကင်းစင်ပြီလို့ ကြေညာတဲ့အခါ ပြည်သူတွေက တိုင်းပြည်မှာ ရောဂါပိုး လုံးဝမရှိတော့ဘူးလို့ အထင်ရောက်ကြကြောင်း၊ အခုအခါ ဒီရောဂါနဲ့ပတ်သက်လို့ သတိထားမိသူ တစ်စတစ်စ နည်းပါးလာကြောင်း အပြည်ပြည်ဆိုင်ရာ အနာကြီးရောဂါကင်းစင်ရေး ဗဟိုအဖွဲ့က ဆက်ဆံရေးတာဝန်ခံ ဦးတင့်ဆွေက ပြောပါတယ်။

နောက်ဆုံးစာရင်းတွေအရ ၂၀၁၁ အတွင်း ကမ္ဘာတ၀ှမ်း အနာကြီးရောဂါသစ် ဖြစ်ပွားမှုပေါင်း ၁ သောင်း ၂ ထောင်သာရှိခဲ့တယ်လို့ သိရပါတယ်။

RFA Burmese


မြန်မာနိုင်ငံမှာ အနာကြီးရောဂါ ဆက်လက်ဖြစ်ပွားနေဆဲလို့ WHO ပြောကြား  မြန်မာနိုင်ငံမှာ အနာကြီးရောဂါ ဆက်လက်ဖြစ်ပွားနေဆဲလို့ WHO ပြောကြား Reviewed by သစ်ထူးလွင် on 22:28 Rating: 5
Powered by Blogger.