ဖမ်းဆီးခံထားရသော SNLD ကျေးရွာပါတီ ဥက္ကဋ္ဌ ပြန်လွတ်

 ရှမ်းတိုင်းရင်းသားများဒီ မိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ မှ မတရားအသင်းဆက်သွယ်မှု ဖြင့် ဖမ်းဆီးခံထားရသူကျေးရွာပါ တီဥက္ကဋ္ဌကို ဖမ်းဆီးထားပြီး ၂၄ ရက်အကြာ မေလ ၂၉ ရက် ညနေ တွင် ကျိုင်းတုံရဲစခန်းက အမှု ရုပ်သိမ်း၍ ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

နိုင်ငံတော်သမ္မတက စိုင်း အိုက်ကိန်ကို ဖမ်းဆီးထားခြင်းမှာ ဥပဒေနှင့် မညီသဖြင့် ပြန်လွှတ်ပေးရန် ပြည်ထဲရေးဝန်ကြီး ဌာန၀န်ကြီးကို ပြောကြားပြီးတစ် ပတ်ခန့် အကြာတွင် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

ကျိုင်းတုံမြို့နယ်နှင့် နမ့်လင်း မိုင်ကျေးရွာ(SNLD) ပါတီဥက္ကဋ္ဌ စိုင်းအိုက်ကိန်(ခ)အိုက်ကျိန်းကို အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးထားပြီးသော ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ၊ရှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် ဆက်သွယ်သည်ဟုဆိုကာ အမှတ် (၂၁၅)ခြေလျင်တပ်ရင်း က ၀င်ရောက်ဖမ်းဆီးပြီး ကျိုင်းတုံရဲစခန်းသို့ လွှဲပြောင်းပေးအပ် လိုက်ခြင်းဖြစ်သည်။

RCSS အဖွဲ့သည် ကျိုင်းတုံ မြို့တွင်လည်းအစိုးရ၏ ခွင့်ပြုချက်ဖြင့် တရားဝင်ဆက်ဆံရေးရုံး ဖွင့်ထားသောအဖွဲ့အစည်းဖြစ် သော်လည်း အဆိုပါဆက်ဆံရေး ရုံးနှင့်ဆက်သွယ်သည့် နမ့်လင်း မိုင်ကျေးရွာမှ SNLD ပါတီဝင်ကို ဖမ်းဆီး၍ မတရားအသင်းဆက် သွယ်မှုပုဒ်မ ၁၇/၁ဖြင့် တရားစွဲ ဆိုထားခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကို SNLD ဥက္ကဋ္ဌဦးခွန်ထွန်းဦးနှင့် RCSSဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ်တို့ က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းထံ အကြောင်းကြားခဲ့ပြီး အမြန်ဆုံးဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။

နိုင်ငံတော်သမ္မတရုံး ပြည် ထောင်စုဝန်ကြီးဦးအောင်မင်းက သမ္မတထံတင်ပြခဲ့သဖြင့် သမ္မတ က ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီး ကို ညွှန်ကြားချက်ဖြင့်အဆိုပါဖမ်း ဆီးခံထားရသူမှာ ပြန်လည်လွတ် မြောက်လာခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်အပေါ်ကျိုင်း တုံရဲစခန်းသို့ 7Day Daily က ဆက် သွယ်မေးမြန်းရာ ၎င်းတို့အနေဖြင့် မဖြေကြားနိုင်ပါဟုသာ ပြောကြား ခဲ့သည်။

မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရသူများမှာ ထိပ်ပိုင်းခေါင်းဆောင်များမဟုတ်ဘဲ တိုင်း ရင်းသားဒေသများတွင် နေထိုင် သည့် ကျေးရွာသားများသာဖြစ်ရာ အဆိုပါဥပဒေကို ဖျက်သိမ်းရန် လည်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းညွန့်က လွှတ် တော်သို့ တင်ပြထားသည်။

SNLD ဥက္ကဋ္ဌသည် နိုင်ငံ တော်သမ္မတနှင့် RCSS ဥက္ကဋ္ဌတို့ တွေ့ဆုံနိုင်ရန် စီစဉ်ပေးခဲ့သူဖြစ် ပြီး အခြားတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့်လည်း ငြိမ်းချမ်း ရေးဆွေးနွေးနိုင်ရန် ပါဝင်ခဲ့သူဖြစ် သည့်အတွက် ခေါင်းဆောင်များ ကိုအရေးမယူဘဲ အောက်မှပြည် သူများကိုသာ အရေးယူသည်မှာ ဥပဒေအရ ကြည့်ပါကမှန်ကန်မှု မရှိဘဲ လိုရာဆွဲဥပဒေဖြစ်နေသည် ဟု SNLD ဥက္ကဋ္ဌဦးခွန်ထွန်းဦးက မှတ်ချက်ပြုသည်။

Author: အိဖြူလွင်
7DAY DAILY

ဓါတ်ပုံ - သျှမ်းသံတော်ဆင့်

ဖမ်းဆီးခံထားရသော SNLD ကျေးရွာပါတီ ဥက္ကဋ္ဌ ပြန်လွတ်  ဖမ်းဆီးခံထားရသော SNLD ကျေးရွာပါတီ ဥက္ကဋ္ဌ ပြန်လွတ် Reviewed by သစ်ထူးလွင် on 19:33 Rating: 5
Powered by Blogger.