ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးခွင့် နှင့် ပတ်သက်၍ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံ ပြီး တရားဝင် ညွှန်ကြားမည်
ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးခွင့် နှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံမှ သတင်း ရရှိသည်။
လာမည့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရေးနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် နိုင်ငံရေး ပါတီ များသည် ယခုလ (၁၅) ရက်နေ့ တွင် ရန်ကုန် မြို့ Sky Star ဟိုတယ်တွင် တွေ့ဆုံ သွားမည်ဖြစ်ပြီး၊ လစ်လပ်မဲ ဆန္ဒနယ်တွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် စိတ်ကြိုက် စည်းရုံး ဟောပြောခွင့် ရှိကြောင်း ကို ရှင်းလင်း သွားမည် ဖြစ်သည်။
ထို့ပြင် ကြားဖြတ် ရွေးကောက်ပွဲ နှင့် ပတ်သက်၍ တက်ရောက် လာသည့် နိုင်ငံရေး ပါတီများ ထံမှ လည်း အကြံပြု လွှာများ တောင်းခံ သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံမှ သိရသည်။ ၀င်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းပဲ စည်းရုံး စည်းရုံး၊ သူရဲ့ PA ပဲ စည်းရုံး စည်းရုံး ခွင့်ပြုတယ်။ သက်ဆိုင်ရာ မဲဆန္ဒနယ် မှာ သက်ဆိုင်ရာ ကိုယ်စားလှယ် မလာနိုင်လို့ သူကိုယ်စား လက်မှက်ထိုးပြီး လာစည်းရုံး ဟောပြော လို့ရတယ်။ သူ့ပါတီဝင် တစ်ဦးဦး လည်း လာဟောပြော လို့ရတယ် ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင် က The Messenger သတင်းစာ သို့ ပြောသည်။
မဲဆွယ် စည်းရုံး ခွင့်ပြုလုပ်သည့် နေရာတွင် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်မည့် သက်ဆိုင်ရာ ကိုယ်စားလှယ် တင်မကဘဲ ယင်းကိုယ်စားလှယ်၏ ပါတီဝင် တစ်ဦးဦး ၀င်ရောက် မဲဆွယ် စည်းရုံးပါ ကလည်း ကော်မရှင် အနေဖြင့် ခွင့်ပြုပေး သင့်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၂ ခုနှစ်တွင်း ကလည်း သက်ဆိုင်ရာ ကိုယ်စားလှယ်များ အနေဖြင့် စိတ်ကြိုက် မဲဆွယ် စည်းရုံး ဟောပြောခွင့်ရှိ ခဲ့ကြောင်း သက်ဆိုင်ရာ ကိုယ်စားလှယ် တစ်ဦးတည်း ကိုသာ မဲဆွယ် စည်းရုံး ခွင့်ပြုပါက ရွေးကောက်ပွဲသည် ဘောင်ကျဉ်းသွား နိုင်ကြောင်း၊ ယင်း ကိစ္စနှင့် ပတ်သက်၍ လည်း နိုင်ငံရေး ပါတီများ အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံစဉ် တောင်းဆို သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက The Messenger သတင်းစာသို့ ပြောသည်။
လက်ရှိ အချိန်တွင် လစ်လပ်နေသော မဲ ဆန္ဒနယ် (၃၀)ရှိနေသည့်အတွက် လာမည့် ပွင့်လင်းရာသီတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးသွားမည်ဖြစ်ကြောင်းပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ဥက်္ကဋ္ဌ ဦးတင်အေး က လွှတ်တော်တွင် ပြောဆိုထားသည်။
ဆုမင်းကို
The Messenger

Reviewed by သစ်ထူးလွင်
on
19:49
Rating: