ဘင်္ဂလားပင်လယ်အော်တွင် MH370 ပျက်ကျခဲ့သည်ဆိုမှု ဩစတြေးလျ ပယ်ချ မတ်လ (၈)ရက်နေ့က မလေးရှားမှ တရုတ်နိုင်ငံသို့ ဦးတည်ပျံသန်းရင်း တောင်တရုတ် ပင်လယ်ပေါ်တွင် ပျောက်ဆုံးသွားသော လေယာဉ်သည် လမ်းကြောင်းပြောင်းလဲ ပျံသန်းသွားသည်ဟု ယူဆရပြီး လတ်တလောတွင် ဩစတြေးလျ ကမ်းလွန်၌ ပိုက်စိပ်တိုက် ရှာဖွေမှုများ ပြုလုပ်နေ
ဘင်္ဂလားပင်လယ်အော်တွင် လေယာဉ်ပျက် အစိတ်အပိုင်းများ ရှာဖွေတွေ့ရှိထားသည်ဟု ပုဂ္ဂလိက ရှာဖွေရေး ကုမ္ပဏီ တစ်ခု၏ အဆိုသည် MH370လေယာဉ်နှင့် ဆက်စပ်မှု မရှိနိုင်ကြောင်း ဩစတြေးလျ အစိုးရက ပြောကြားခဲ့သည်။
မတ်လ (၈)ရက်နေ့က မလေးရှားမှ တရုတ်နိုင်ငံသို့ ဦးတည်ပျံသန်းရင်း တောင်တရုတ် ပင်လယ်ပေါ်တွင် ပျောက်ဆုံးသွားသော လေယာဉ်သည် လမ်းကြောင်းပြောင်းလဲ ပျံသန်းသွားသည်ဟု ယူဆရပြီး လတ်တလောတွင် ဩစတြေးလျ ကမ်းလွန်၌ ပိုက်စိပ်တိုက် ရှာဖွေမှုများ ပြုလုပ်နေသည်။
သို့သော်လည်း ဩစတြေးလျတောင်ပိုင်း အဒီလိုင်ဒီတွင် အခြေစိုက်သည့် ရေကြောင်းရှာဖွေရေး ကုမ္ပဏီ တစ်ခုက မိမိတို့သည် ဘင်္ဂလား ပင်လယ်အော်အတွင်း၌ လေယာဉ်ပျက် အစိတ်အပိုင်းများ ရှိနေသည်ကို ထောက်လှမ်းတွေ့ရှိထားကြောင်း ကြေညာခဲ့သည်။
ထိုနေရာသည် လက်ရှိ ရှာဖွေမှုများ ဖြန့်ကျက်လုပ်ဆောင်နေသည့် ဇုန်သတ်မှတ်ချက်နှင့် ကီလိုမီတာ (၅၀၀၀)မျှ ကွာဝေးသည်။
မလေးရှား၏ ယာယီ ပို့ဆောင်ရေးဝန်ကြီး ဟီရှမ်မက်ဒင်ဟူစိန်က အဆိုပါ သတင်းကို မိမိတို့ ကြားသိကြောင်း အတည်ပြုခဲ့သော်လည်း လေယာဉ်ကို လိုက်လံရှာဖွေနေသည့် ဩစတြေးလျ JACစင်တာကမူ ယင်းကို လက်မခံခဲ့ချေ။
“GeoResonance ကုမ္ပဏီက MH370ရဲ့ တည်ရှိတဲ့ နေရာဟာ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပြီး ဩစတြေးလျက လိုက်ရှာနေတဲ့ဇုန်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ တကယ်တမ်းမှာ ဩစတြေးလျ အနေနဲ့ ဂြိုဟ်တုက ထောက်လှမ်းရရှိတဲ့ အချက်အလက်တွေ၊ တခြားသတင်းတွေကို အခြေခံပြီး ပျောက်ဆုံးနေတဲ့ လေယာဉ်နောက်ကို လိုက်နေတာ ဖြစ်ပါတယ်။ GeoResonanceက အဆိုပြုတဲ့ နေရာဟာ ရရှိထားတဲ့ သတင်းအချက်အလက်တွေနဲ့ ကိုက်ညီတဲ့ ဇုန်သတ်မှတ်ချက်မျိုး မဟုတ်ပါဘူး။ နိုင်ငံတကာ ပူးပေါင်းအဖွဲ့ အနေနဲ့ MH370ရဲ့ နောက်ဆုံးနားခို လှဲလျောင်းရာဟာ လက်ရှိ သတ်မှတ်ထားတဲ့ ဇုန်အတွင်းမှာပဲ ဖြစ်လိမ့်မယ်လို့ အလေးအနက် ယုံကြည်ကြပါတယ်”ဟု JACက ကြေညာခဲ့သည်။
MH370သည် လူပေါင်း(၂၃၉)ဦး လိုက်ပါသွားပြီး ကွာလာလမ်ပူမှ ထွက်ခွာသွားသည့်နောက် ရေဒါမှ အဆက်အသွယ် ပြတ်တောက်သွားကာ ထိုနောက်ပိုင်း လေယာဉ်၏ ကံကြမ္မာကို လုံးဝ မခန့်မှန်းနိုင်လောက်အောင် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။
Planet Myanmar Network.
ဘင်္ဂလား ပင်လယ်အော်တွင် MH370 ပျက်ကျခဲ့သည်ဆိုမှု ဩစတြေးလျ ပယ်ချ
Reviewed by သစ်ထူးလွင်
on
03:25
Rating: