(၁၂-၅-၂၀၁၄) ရက်နေ့ ညနေ(၆း၄၅)နာရီအချိန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း အပြန်လမ်း မိုင် ၁၉၇/၆-၁၉၇/၇ ကြားတွင် - Express မော်တော်ယာဉ် (ရာဇာမင်း နေပြည်တော်-ရန်ကုန် ယာဉ်လိုင်း)၊ ယာဉ်အမှတ် - ၅ဆ/၁၅၂၇၊ ယာဉ်မောင်း မင်းခန့်(ခ)ထွန်းခန့်စိုး၊ အသက်(၃၄)နှစ်၊ မောင်းနှင်လာသောယာဉ်သည် လေပြင်းမုန်တိုင်း တိုက်ခတ်စဉ် ပြင်းထန်စွာ မောင်းနှင်လာသဖြင့် အရှိန်မထိန်းနိုင်ဘဲ မိုင်တိုင်အမှတ် ၁၉၇/၆ မိုင်တိုင်အား စတင်တိုက်မိပြီး ၀က်လက်မီးရထားဂုံးကျော် တံတားထိပ်အား ထပ်မံတိုက်မိကာ တံတားအောက်သို့ ထိုးကျတိမ်းမှောက်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း Yangon-Mandalay Expressway သတင်းအရ သိရပါသည်။
အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်း(၂)ဦး၊ ယာဉ်နောက်လိုက်(၁)ဦး၊ ကျား(၂၃)ဦး၊ မ(၂၀)ဦး၊ စုစုပေါင်း (၄၆)ဦး လိုက်ပါလာခဲ့ပြီး ကျား(၁၀)ဦး၊ မ(၄)ဦး၊ ပေါင်း(၁၄)ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပါသည်။
ကျန်ဒဏ်ရာရရှိသူ ပေါင်း(၂၉)ဦးမှ ကျား(၁၅)ဦး၊ မ(၁၁)ဦးအား နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့လည်းကောင်း၊ လယ်ဝေးမြို့နယ် ပြည်သူ့ဆေးရုံသို့လည်းကောင်း ဒဏ်ရာအသီးသီးရရှိခဲ့သဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့နှင့် အမြန်လမ်းရဲတပ်ဖွဲ့၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပို့ဆောင်ပေးခဲ့ကြ ကြောင်း Yangon-Mandalay Expressway သတင်းမှာ ဖော်ပြထားပါသည်။
BY THIT HTOO LWIN

ရာဇာမင်း Express တိမ်းမှောက် ၁၄ ဦး သေဆုံး၊ ၂၉ ဦး ဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
08:20
Rating: