ဧရာဝတီမြစ်အတွင်း CB တွဲများ တွန်းလာသည့် သင်္ဘော(၂)စီး တိုက်မိခဲ့၍ (၁)စီး နစ်မြုပ်


ရန်ကုန်၊ ဧပြီ ၃၀

၃၀.၄.၂၀၁၄ ရက်နေ့ ၀၂၂၀ အချိန်ခန့်တွင် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ဧရာဝတီမြစ်အတွင်း ရန်ကုန်ဘက်မှ ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်မြို့နယ် ဘက်သို့ ရေယာဉ်မောင်း ဦးသောင်းစိန်၊ (၅၃)နှစ်၊ (ဘ)ဦးထွန်းရင်၊ မြန်အောင်မြို့နယ်နေသူ မောင်းနှင်ပြီး CB တွဲအမှတ် သ/၄၁၃ နှင့် သ/၈၀၆ တို့အားတွန်းလာသည့် “သပြေ” တွန်းသင်္ဘောနှင့် မြန်အောင်ဘက်မှ ရန်ကုန်ဘက်သို့ ရေယာဉ်မောင်း ဦးဝင်း(ခ) ဦးခင်မောင်ဝင်း၊ (၅၈)နှစ်၊ (ဘ)ဦးကျော်မြိုင်၊ မြန်အောင်မြို့နယ်နေသူ မောင်းနှင်ပြီး CB တွဲအမှတ် သ/၁၁၃၈ ကိုတွန်းလာသည့် “ဘုန်းပြည့်စုံ” တွန်းသင်္ဘောတို့သည် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ပန်းတုံးပိတ်ရွာအနီးတွင် မျက်နှာချင်းဆိုင်တိုက်မိ ခဲ့ပါသည်။

ထိုသို့တိုက်မိသဖြင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း “ဘုန်းပြည့်စုံ” သင်္ဘောနှင့် ၎င်းသင်္ဘောမှ တွန်းလာသော CB တွဲအမှတ် သ/၁၁၃၈ တို့ မှာ မြစ်အတွင်း နစ်မြုပ်သွားခဲ့ပြီး CB တွဲပေါ်တွင် မြန်အောင်မြို့၊ သုံးဆယ်ကျွန်းကျောက်ကွင်းမှ တင်ဆောင်လာသော မြစ်ကျောက်များ ပါရှိကြောင်း သိရှိရပါသည်။

အဆိုပါ သင်္ဘောနစ်မြုပ်မှုနှင့်ပတ်သက်၍ ရေယာဉ်များအား ပေါ့လျော့စွာ မောင်းနှင်သူ ဦးသောင်းစိန်နှင့် ဦးခင်မောင်းဝင်း(ခ)ဦးဝင်းတို့(၂)ဦးအား တိုက်ကြီးမြို့နယ်၊ အဖျောက်နယ်မြေရဲစခန်း(ပ)၂၀/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၂၈၀ ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


ဧရာဝတီမြစ်အတွင်း CB တွဲများ တွန်းလာသည့် သင်္ဘော(၂)စီး တိုက်မိခဲ့၍ (၁)စီး နစ်မြုပ် ဧရာဝတီမြစ်အတွင်း CB တွဲများ တွန်းလာသည့် သင်္ဘော(၂)စီး တိုက်မိခဲ့၍ (၁)စီး နစ်မြုပ် Reviewed by သစ်ထူးလွင် on 07:53 Rating: 5
Powered by Blogger.