၂၅ မေ ၂၀၁၄
ပဲခူးတိုင်း တောင်ငူမြို့ တွင် ဗကသများအဖွဲ့ချုပ် မှ ဆန္ဒပြ ချီတက်မှု ဆောင်ရွက်ခဲ့သည်။
ထို ဆန္ဒပြချီတက်ပွဲသို့ ဗကသ ဗဟိုလုပ်ငန်း ကော်မတီ နှင့်အတူ ပြည်ခရိုင် ၊ ဟင်္သာတခရိုင် ၊ မြင်းခြံခရိုင် ၊ တောင်ငူခရိုင် ၊ မုံရွာခရိုင် ၊ မန္တလေးခရိုင် နှင့် ရန်ကုန်တောင်ပိုင်း ခရိုင် အစရှိသည့် ခရိုင် ကျောင်းသားသမဂ္ဂများ စုပေါင်း ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
သဲကုန်းမြို့ အောင်ကုန်းရွာ တွင် လယ်သမားအရေး ကူညီဆောင်ရွက် ပေးနေသော တောင်ငူ ဗကသ ကျောင်းသား ကိုကောင်းထက်ကျော် နှင့် လယ်သမားများအား အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးဆောင်ရွက်မှု အား ရှုံ့ချလျက် ဆောင်ရွက်ခဲ့သော ရဲတပ်ဖွဲ့အား အရေးယူပေးရန် ၊
ပြည်သူ နှင့် ကျောင်းသားကို အခြေမခံပဲ ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်သည့် အမျိုးသားပညာရေး ဥပဒေ မူကြမ်း အား အလိုမရှိ ကြောင်း ၊
မတရားပုဒ်မများ တပ်၍ ဖမ်းဆီးခြင်း အမှုဖွင့်ထားခြင်းများ ရုပ်သိမ်းပေးရေး
သိမ်းဆည်း လယ်ယာမြေများ ပြန်လည်ရရှိရေး
စသည့်အချက်များ တောင်းဆို ဆန္ဒပြခဲ့သည်။
ဆန္ဒပြပွဲကို ၂၀၁၄ မေလ ၂၅ ရက် ၊ နံနက် ၉း၃၀ အချိန်တွင် တောင်ငူရွှေဆံတော်ဘုရား နေရာမှ ခွပ်ဒေါင်းအလံ လွှင့်ထူလျက် အာဇာနည်အပေါင်းအား အလေးပြု ၍ စတင်ပြီး ချီတက်ခဲ့ကြပြီး နံနက် ၁၀း၃၀ နာရီခန့် တွင် ပြန်လည်ရောက်ရှိ အလေးပြုပြီး အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
သတင်းနှင့်ပြန်ကြားရေး ကော်မတီ
ဗကသများအဖွဲ့ချုပ်
ဗဟိုလုပ်ငန်းကော်မတီ
ABFSU CWC

ဗကသများအဖွဲ့ချုပ် မှ တောင်ငူမြို့ တွင် ဆန္ဒပြ
Reviewed by သစ်ထူးလွင်
on
13:27
Rating: