၁၆.၅.၂၀၁၄ ရက်နေ့ ၀၃၃၀အချိန်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက် ၃၊ သဇင်လမ်းနှင့် ဗိုလ်ချုပ် လမ်းထောင့်၊ ကမ္ဘောဇဘဏ်(၁) ဘေး အုတ်ရေမြောင်းအတွင်းမှ ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ၊ ကမ္ဘောဇ ဘဏ်၏ တောင်ဘက်အခြမ်းတွင် တပ်ဆင်ထားသော ပြတင်းပေါက်မှန်များကွဲခြင်း၊ အနောက်ဘက် သံတခါး ပိန်ချိုင့်ခြင်း၊ ကမ္ဘောဇဘဏ်အနောက်ဘက်ရှိ အောင်သီရိအဆင့်မြင့်ရုပ်ရှင်ရုံ အရှေ့မျက်နှာစာ မှန်ကွဲခြင်းတို့ ဖြစ်ပွားခဲ့ပါသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ၀၃၃၅အချိန်ခန့်တွင် လားရှိုးမြို့၊ ရပ်ကွက် ၂၊ ကမ္ဘောဇလမ်းဆုံနှင့် စံကောင်းလမ်းထောင့် CBဘဏ်၏ အရှေ့ဘက် ထရန်စဖေါ်မာ အောက်ခြေတွင် ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ရာ ထရန်စဖေါ်မာ၏ အောက်ခြေတွင် ပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်များကြောင်း အများပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း၊ ပေါက်ကွဲမှု ဖြစ်စဉ်နှင့်ပတ်သက်၍ အသေစိတ်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန်ချက်အရ သိရှိရပါသည်။
BY THIT HTOO LWIN
လားရှိုးမြို့တွင် ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
19:49
Rating: