ဗိုလ်ချုပ်မှူးကြီးများ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ – မောင်ရေစက်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်အောက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အမာခံ အသင်းဝင်များ ဖြစ်ခဲ့ ကြသော လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်တို့နှင့် စစ်တိုင်းမှူး များ သည်လည်း ပြီးခဲ့သော တပ်မတော်အစဉ်အလာအရ တပ်မတော် တာဝန်မှသည် …


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဆိုသည်မှာ ၁၉၉၃ခုနှစ်မှ စတင်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဥက္ကဋ္ဌ (နိုင်ငံတော်အကြီးအကဲ) ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ဗဟိုနာယ ကကြီးအဖြစ်ပါဝင်၍ တည်ထောင် ဖွဲ့စည်း ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ပါတီအသွင် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းသာဖြစ်ပါသည်။ သို့ဖြစ်၍လက်ရှိ နိုင်ငံတော် အကြီး အကဲများဖြစ်ကြသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီး)၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦး ရွှေမန်း (ဗိုလ်ချုပ်ကြီး)၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် (ဗိုလ်ချုပ်)၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး (ဒုတိယ ဗိုလ်ချုပ်ကြီး)တို့နှင့် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး အငြိမ်းစားများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များဖြစ် နေကြသော ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အငြိမ်း စားများ စသည်တို့၏ တပ်မတော်အကြီးအကဲ ဆရာဖြစ်သူက တည်ထောင်ထားသော အာဏာရ ကြံ့ခိုင်ရေးပါ တီ ဖြစ်နေခြင်းဟု ဆိုနိုင်ပေသည်။…

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပ်မတော်တာဝန်မှ အငြိမ်းစား ယူသွားပြီးနောက် မြန်မာ့နိုင်ငံရေး သြဇာပို၍ မြင့်တက် လာကြောင်း တွေ့ရှိရပေသည်။ အစိုးရနှင့် လွှတ်တော် အလွဲလွဲအချော်ချော် ဖြစ်ရပ်များအတွက် ဖြေရှင်းနေရ ချိန်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားသမီး၊ မြေးမိသားစုဝင်များမှာ အစောင့်အရှောက် အခြံအရံများဖြင့် လုံခြုံရေးယူလျက် အေးချမ်းစွာ သွားနိုင်လာနိုင် လှူနိုင်တန်းနိုင်ခြင်း၊ အချို့နေရာများတွင် စစ်တိုင်းမှူးများ ကိုယ်တိုင်ကြိုဆို ဧည့်ခံခြင်း၊ အစိုးရနှင့် လွှတ်တော်အကြီးအကဲများ ခရီးစဉ်တွင် တစ်ပြိုင်နက် မတွေ့ရသော မြန်မာ့နိုင်ငံရေး နယ်ပယ်၌ သွယ်ဝိုက်၍ သြဇာရှိနေသည့် သူဌေးကြီးများကို ပြည်ခိုင်ဖြိုး နာယက အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ခရီးစဉ်တွင် တွေ့မြင်ရခြင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဦးနေရွှေ သွေးအောင် (ဖိုးလပြည့်)နှင့် ပတ်သက်သော အငြင်းပွားဖွယ် ဖြစ်ရပ်များ၌ အဆိုပါသူဌေး ကြီးများတွင် ပါဝင်သည့် ထူးကုမ္ပဏီ ဦးတေဇက နာရီပိုင်းအတွင်း အကောင် အထည် ဖော်ဆောင် ရွက်ခြင်း၊ ဌာနဆိုင်ရာ တာဝန်ရှိ အကြီးအကဲများ ချက်ချင်း လှုပ်ရှားဆောင်ရွက်ခြင်း၊ ဆင့်ကဲဆင့်ကဲ ညွှန်ကြား ချက်များ အောက်ခြေသို့ ချက်ချင်း ရောက်ရှိခြင်း စသည်တို့မှာ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တည်ထောင်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး၏ နိုင်ငံရေးသြဇာမှာ အစိုးရ၊ လွှတ်တော်ပိုင်းတို့နှင့် လားလားမျှ မတူ တစ်မူကွဲပြားနေသော အကြီးမားဆုံး အာဏာစက် တစ်ခု အဖြစ် တွေ့မြင်နေရပေသည်။

အာဏာရ ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်း ဗဟိုအတိုင်ပင်ခံများ အပါအ၀င် လွှတ်တော် အကြီးအကဲများနှင့် အစိုးရ အဖွဲ့အကြီးအကဲများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့က ဗိုလ်ချုပ်မှူးကြီးများထံသို့ အသီးသီး သွား ရောက်၍ ဂါရ၀ပြု တွေ့ဆုံလျက် ရှိနေရခြင်းမှာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အာဏာ စက်မှာ ဗိုလ်ချုပ်မှူး ကြီးများထံမှဆင်းသက်နေကြောင်း တွေ့ရှိ ရသည်။ ကြံ့ခိုင်ရေးအသင်းကို စတင်ဖွဲ့ စည်းသည်မှ ပါတီပြောင်းလဲသည့် ၂၀၁၀ ခုနှစ်အထိ (၁၈)နှစ်ခန့် ကာလအတွင်း ကြံ့ခိုင်ရေး ဗဟိုအာဏာ ပိုင်အဖွဲ့နှင့် အဆင့်ဆင့်သော ကော်မတီများ၊ ကေဒါများအတွင်း အမိန့်နာခံမှု၊ လမ်းညွှန်ချက်ကို ဆင့်ကဲဆင့် ကဲလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်မှုများမှာ တပ်မတော်၏ တပ်တွင်း ကွပ်ကဲမှုမျိုး အသွင်သဏ္ဌာန် ဆောင်လျက်ရှိရာ ယင်းအခြေအနေမှာလည်း ကြံ့ခိုင်ရေး ဗဟိုအာဏာပိုင် အားလုံး တပ်မတော်မှ ကာကွယ်ရေး ဦးစီးချုပ်အစ တပ်မှူးကြီးများအဆုံး ပါဝင်နေ ခြင်းကြောင့်ပင်ဖြစ်သည်။ မြို့နယ်၊ ခရိုင်၊ တိုင်းနှင့်ပြည်နယ်များ သာမက ကြံ့ခိုင်ရေးဌာနချုပ်ရှိ ကဏ္ဍအသီးသီး ရုံးအဖွဲ့များတွင် အသက် (၆၀)မပြည့်သေးဘဲ အငြိမ်းစား ဖြစ်နေကြသော တပ်မတော် ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး မြောက်မြားစွာကို ဆယ်စုနှစ် ချီ၍ ခန့်အပ် တာဝန်ပေးထားခြင်းမှာလည်း လူမှုရေး အသင်းအဖွဲ့အမည်ခံ နိုင်ငံရေး အင်အားစုကြီး တစ်ရပ်၏ စည်းရုံးရေးကော်မတီ လုပ်ငန်းစဉ်ကို တည်ဆဲအစိုးရအာဏာ စက်အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်း သာ ဖြစ်သည်။ ထို့ကြောင့်လည်း ၂၀၁၀ရွေးကောက် ပွဲဖြင့်ပွဲဦးထွက်တွင် အာဏာရ ကြံ့ခိုင်ရေး ပါတီအဖြစ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

မြန်မာသံတော်ဆင့်တွင် ကြံ့ခိုင်ရေး ဘာလဲ၊ ဘယ်လဲ ဟူ၍ အခန်းဆက် ရေးသားဝေဖန်သုံး သပ်တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ဤသို့ ရေးသားရခြင်းမှာ အာဏာရပါတီ ဖြစ်နေ၍ စာဖတ်သူ၊ နိုင်ငံရေးလေ့လာသူ၊ အများပြည်သူ တို့အပေါ် အဆိုးအကောင်း သက်ရောက်လာနိုင်သော အာဏာရ ကြံ့ခိုင်ရေးပါတီနှင့် စပ်လျဉ်း၍ သိရှိဆင်ခြင် နိုင်ကြရန် စုဆောင်းရေးသား တင်ပြခဲ့ခြင်းဖြစ်သည်။ မကြာမီတွင် ၂၀၁၅ ရွေးကောက်ပွဲကျင်းပ၍ နောက်ထပ် (၅)နှစ် အုပ်ချုပ်မည့် အစိုးရအား ပြည်သူတို့က ရွေးချယ်ခွင့် ရနိုင်ကြမည်ဟု မျှော်လင့်မိပါသည်။ မျှော်လင့် ရခြင်းမှာ မြန်မာ့နိုင်ငံရေး သမိုင်းတွင် နှစ်ပေါင်းများစွာ တိုင်းပြည်ကို ထိန်းချုပ်အုပ်ချုပ်နိုင်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များက ပါတီနိုင်ငံရေးမဖက် နိုင်ငံ့ဝန်ထမ်းတာဝန် ပီပီပြင်ပြင် ထမ်းဆောင်မည် ဆိုခြင်း နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဖျက်ဆီးဘဲ ကာကွယ်စောင့်ရှောက်မည်ဟု တပ်မတော်၏ သဘောထား အခိုင် အမာ ပြောကြားချက် ရှိခြင်းကြောင့် ဖြစ်ပါသည်။ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ (၅)နှစ် တစ်ကြိမ် ရွေးကောက်ပွဲ ပြည်သူတို့အကြိုက် အစိုးရကို ရွေးချယ်ခွင့် ရနေကြဦးမည်ဖြစ်သည်။ သို့သော်လည်း တပ်မတော် မှဗိုလ်ကြီး အငြိမ်းစားဖြစ်ပြီး ယနေ့နိုင်ငံရေး ပါတီတစ်ခု၏ ဥက္ကဋ္ဌဖြစ်နေသော ဦးတင်ထွန်းမောင်နှင့် ဆုံခဲ့စဉ်က တပ်မတော်က အချိန်မရွေး အာဏာသိမ်း၍ရကြောင်း၊ အာဏာမသိမ်းလို၍သာ အခြေခံဥပဒေကို ရေးဆွဲခြင်း ဖြစ်ကြောင်း၊ အာဏာသိမ်းမည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော်မှ ဆွဲစုတ်ပစ်လိုက်ရုံသာ ဖြစ်ကြောင်း အမျိုးသားညီလာခံ ကိုယ်စားလှယ်တစ်ဦးအဖြစ် ဦးတင်ထွန်းမောင် တက်ရောက်စဉ်က ပြော ကြားသည်ကို အမှတ်ရမိသည်။

ယခုလည်း ၂၀၁၀ အပြီး ၂၀၁၅တွင် မည်သည့် ပါတီအနိုင်ရ၍ နိုင်ငံတော် သမ္မတနေရာကို မည်သည့်ပါတီ ဥက္ကဋ္ဌများ ရနိုင်မည်ဆိုသည်မှာ နိုင်ငံရေးနည်း လမ်းမျိုးစုံ ဝေဖန်သုံးသပ်နေကြသည်။ ၂၀၁၀တွင် အနိုင်ရ၍ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန် နိုင်ငံတော်သမ္မတ ဖြစ်သွားပြီး ယခင်တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေး မှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း ပါတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ပြီး ၎င်းကို သမ္မတလောင်း အမည်စာရင်း တင် သွင်းရန် အာဏာရ ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ထုတ်ဖော်ပြောကြားခဲ့သလို အခြား ဗဟိုအတိုင်ပင်ခံ အချို့ကလည်း သမ္မတလောင်းကိစ္စ မစဉ်းစားရသေးကြောင်း ကွဲလွဲသော ပြောကြားချက်များ ရှိနေပြန်သည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခင် တပ်မတော်အစိုးရ လက်ထက် အမျိုးသား ညီလာခံက ချမှတ်သည့် အခြေခံမူ ၁၀၄ ချက်ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့ကြောင်း၊ အခြေခံ ဥပဒေပြင်ဆင်ခြင်း အခန်း တွင် ပြဋ္ဌာန်းထားသည်နှင့် အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော် တွင် အဓိက တာဝန်ရှိကြောင်း အတိအလင်း ပြောကြား ချက် များအရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကကိုင်စွဲ၍ နိုင်ငံတော် အာဏာအရပ် ရပ်ချုပ်ကိုင်ထား နိုင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လာမည့် ရွေးကောက်ပွဲတွင်လည်း တပ်မတော်မှ ဖွဲ့စည်း ပေးလိုက်သော အင်အားကြီးပါတီအဖြစ် နိုင်ငံရေးစင်မြင့်၌ နေရာရနေမည်သာ …

အခြားတစ်ဖက်တွင်လည်း တစ်ချိန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်အောက်တွင် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေး အမာခံအသင်းဝင်များ ဖြစ်ခဲ့ကြသော လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်တို့နှင့် စစ်တိုင်း မှူးများသည် လည်း ပြီးခဲ့သော တပ်မတော် အစဉ် အလာအရ တပ်မတော် တာဝန်မှသည် တပ်မတော် တည် ထောင် ထားသော ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ နိုင်ငံရေး တာဝန်များသို့ ပြောင်းလဲ ထမ်းဆောင်နိုင်ကြောင်း သုံးသပ်မိပေသည်။

ပါဝင်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီး ၁၉၉၃ခုနှစ်မှသည် ၂၀၁၀ပါတီသို့ ပြောင်းချိန် အထိ (၁၈)နှစ် ခန့်နှစ်စဉ် ကြံ့ခိုင်ရေးနှစ်ပတ်လည် အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးသန်းရွှေ တက်ရောက် သြ၀ါဒပေးခဲ့သည်ကို နှစ်စဉ်ကြံ့ခိုင်ရေး၏ လုပ်ငန်းလမ်းညွှန်ချက်များ အဖြစ် တက်ရောက်နာခံခဲ့ကြသူများမှာ ယနေ့နိုင်ငံတော် သမ္မတဖြစ်နေသော ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့မှစ၍ ယနေ့ ကာချုပ်၊ ဒုချုပ်၊ တိုင်းမှူးများအဆုံး ဖြစ်ပေသည်။

ထို့ကြောင့် လက်ရှိမြန်မာ့နိုင်ငံရေး လောကတွင် အစိုးရနှင့် လွှတ်တော်တို့၌ ပါဝင်ထိန်းချုပ်ထားသော အာဏာ ရပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နိုင်ငံရေး သြဇာကိုလွန်ဆန်၍ မရနိုင်သကဲ့သို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမှသည် တပ်မှူးကြီးများ အနေဖြင့်လည်း အချိန်အခါမရွေး၊ ၎င်းတို့အခေါ် မလွှဲသာ မရှောင်သာသော အခြေအနေတစ်ရပ်ကြောင့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ပါတီဗဟိုအလုပ် အမှုဆောင် ကော်မတီ ဥက္ကဋ္ဌတာဝန်မှစ၍ ပါတီဗဟို ကော်မတီ တာဝန်များ ထမ်းဆောင်၍ မြန်မာ့နိုင်ငံရေး နယ်ပယ်တွင် တွေ့မြင်ရဖွယ်ရှိကြောင်း သုံးသပ်မိပေသည်။

သို့သော်လည်း လက်ရှိအခြေအနေအရ ယခင်ကြံ့ခိုင်ရေးမှ ယခုကြံ့ခိုင်ရေး တာဝန်ရှိသူများ အပေါ်အများ ပြည်သူ အယုံအကြည်မဲ့နေသော အခြေအနေတစ်ရပ် ပပျောက်သွားမှသာ တပ်မတော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအစဉ် အလာသမိုင်းကြောင်း ကောင်းနိုင်ပေမည်။ တပ်မတော်တွင် ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ် တာဝန်များမှသည် အရပ်ဘက်နိုင်ငံရေး တာဝန်များသို့ ပြောင်းလဲသည့်အခါ စစ်အလေ့အထ ရောဂါ များကြောင့် အရပ်သားများအတွင်း စည်းရုံးရေး ကျဆင်းခဲ့ရကြောင်း ပါတီဗဟိုအတိုင်ပင်ခံ ဦးတင်ထွတ်ကအတိ အလင်း သုံးသပ်ထားခြင်း၊ နယကအဖွဲ့ဝင် (ဗိုလ်ချုပ်ကြီးများ၊ ဒုတိယဗိုလ်ချုပ်ကြီးများ) ဖြစ်ခဲ့ခြင်းကြောင့် မိမိတို့ ကိုယ်မိမိအရာ အားလုံးနားလည်တတ်ကျွမ်း ဦးဆောင်မှုပေးနိုင်သည်ဟု သွေးနားထင် ရောက်နေခြင်းသည် အလွန်တရာ မှားယွင်းကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားခဲ့ခြင်း၊ တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီ အတွင်း လျှို့ဝှက်ကတိက ၀တ်ရှိနေခြင်းကို ယခင် တပ်မတော် စစ်ရာ ထူးခန့်ချုပ်နှင့် လက်ရှိ ကြံ့ခိုင်ရေးဗဟို အတိုင်ပင်ခံ(၁)တို့က ပြောကြားထားခြင်း တို့ကြောင့် ၂၀၁၅ အလွန်တွင် နိုင်ငံရေးအာဏာကို ကြံ့ခိုင်ရေးပါတီက မည်သို့ပင် ဖြစ်စေ ရယူချုပ်ကိုင်နိုင်မည်သာဖြစ်ကြောင်း အရိပ်အယောင်များ တွေ့နေရပေသည်။

ထိုအထဲမှ ကြံ့ခိုင်ရေးပါတီ၏ ရွေးကောက်ပွဲ ကြေညာချက်ပါ လုပ်ငန်းများ အကောင်အထည်ဖော်ရေး စာအုပ် ငယ်၌ ကာကွယ်ရေး လုပ်ငန်းစဉ်ဖော်ပြ၍ တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော မျိုးချစ်တပ်မတော် ဖြစ်အောင်တည်ဆောက်မည်၊ စီးပွားရေးလုပ်ငန်းစဉ်၌ သမ၀ါယမပုဂ္ဂလိက လုပ်ငန်းများတွင် ပါဝင်ခွင့်ရရှိအောင် ဆောင်ရွက်သွားမည် (လက်ရှိကြံ့ခိုင်ရေး ၀န်ကြီးဦးကျော်ဆန်းက သမချေးငွေများ အကြီး အကျယ် အကောင်အထည် ဖော်လျက်ရှိရာ နိုင်ငံတော် သမ္မတကစ၍ အားပေးနေခြင်းတွေ့မြင်နေရ)၊ နိုင်ငံရေး လုပ်ငန်းစဉ်၌ စတုတ္ထမဏ္ဍိုင် မီဒီယာအပေါ် ပျိုးထောင်ပေးသွားမည်ဟူ၍ နိုင်ငံရေးအရ အပေါ်စီးယူထားနိုင်သော အားသာချက်ဖြင့် ရေးသားထားခြင်းကို ကြည့်ခြင်းအားဖြင့်လည်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်းများသည် မြန်မာ့နိုင်ငံရေး၌ ထိပ်ဆုံးသြဇာချုပ်ကိုင်ထားနိုင်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ထောက်ခံအားကိုးမှု အတိအလင်းယူထားကြောင်း လေ့လာမိသည်။

ပြီးခဲ့သော မတ်လ ၂၇ရက်နေ့ ၆၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်အနေဖြင့် တပ်မတော်နေ့ မိန့်ခွန်းပြောကြားရာ၌ ယခင်တပ်မတော် အစိုးရလက်ထက် အမျိုးသား ညီလာခံက ချမှတ်သည့် အခြေခံမူ ၁၀၄ချက်ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့ကြောင်း၊ အဆိုပါ အခြေခံဥပဒေကို ထောက်ခံ ဆန္ဒမဲပေးခဲ့သည့် ၉၂ဒသမ၄၈ ရာခိုင်နှုန်း၏ ဆန္ဒကို လေးစားရမည်ဖြစ် ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အခန်း၁၂ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း တွင် ပြဋ္ဌာန်းထားသည်နှင့် အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့် ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိကြောင်း အတိအလင်း ပြောကြားချက်များအရ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိက ကိုင်စွဲ၍ နိုင်ငံတော် အာဏာအရပ်ရပ် ချုပ်ကိုင်ထားနိုင်သော ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လာမည့်ရွေးကောက်ပွဲတွင်လည်း တပ်မတော်မှ ဖွဲ့စည်းပေးလိုက်သော အင်အား ကြီး ပါတီအဖြစ် နိုင်ငံရေးစင်မြင့်၌ နေရာရနေ မည်သာဖြစ်သည်။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲကြီးများ၌ တပ်မတော်မပါလျှင် မပြီးခဲ့သည့် အစဉ်အလာအရ လာမည့် ရွေး ကောက်ပွဲ၌ ပြည်သူတို့ အဆုံးအဖြတ် မည်မျှပင် ဖြစ်စေ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင်ပင်လျှင် လိုက်နာ လက်ခံပါဝင်နေရသည့် အသက်ဝင်နေသော ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ဗိုလ်ချုပ်မှူးကြီးများ ဆက်စပ်နေသော နိုင်ငံရေးအာဏာ စက်ကြောင့် သာ နိုင်ငံတော် အစိုးရခေါင်းဆောင်ပိုင်းနေရာ အပြောင်းအလဲ ဖြစ်နိုင်ပေမည်။

မောင်ရေစက်

Myanmartandawsint Newspaper

ကြံ့ခိုင်ရေးနှစ်ပတ်လည် အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လမ်းညွှန်မိန့်ခွန်းနာခံနေသော ဗိုလ်ချုပ်ကြီးများနှင့်တပ်မတော်ခေါင်းဆောင်များ



ဗိုလ်ချုပ်မှူးကြီးများ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ – မောင်ရေစက် ဗိုလ်ချုပ်မှူးကြီးများ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ – မောင်ရေစက် Reviewed by သစ်ထူးလွင် on 09:27 Rating: 5
Powered by Blogger.