နေပြည်တော်၊ မေ ၂၉
၂၀၁၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ပင်လောင်း-လွိုင်ကော် ကားလမ်း၊ မိုင်တိုင်အမှတ်(၆၁/၇)နှင့်(၆၂)ကြား၊ နောင်ဝိုးတောင် အဆင်းတွင် ယာဉ်တိမ်း မှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ သတင်းထုတ် ပြန်ထားပါသည်။
စစ်ဆေးချက်အရ လွိုင်ကော်မြို့၊ ဒေါဒမ္မရပ်ကွက်နေ အောင်မင်းထွေး(၂၆)နှစ်မောင်းနှင်လာသော ၆က/xxxx ““ကိန္နရာရှမ်း””ခရီးသည်တင်မှန်လုံယာဉ်သည် ဘရိတ်ပေါက်၍ လမ်း၏၀ဲဘက်သို့ တိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။
ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် ၂၉ ဦးအနက် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆည်မြောင်းရွာနေ စိုင်းကိုကိုမောင်(၁၅)နှစ်ပါ ၃ ဦးတွင် ပုခုံးပေါက်ပြဲ၊ အရိုးကျိုး၊ ၀မ်းဗိုက်ညိုမည်း ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ရွာမလဲ ကျေးရွာနေ စိုးနိုင်(၃၂)နှစ်ပါ ၂၆ ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ယာဉ်မောင်း အောင်မင်းထွေးအား ပင်လောင်းမြို့မရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  သတင်းထုတ်ပြန်ချက် အရ သိရပါသည်။
BY THIT HTOO LWIN
““ကိန္နရာရှမ်း”” ယာဉ်တိမ်းမှောက်မှု မြင်ကွင်း ဓါတ်ပုံများ။

““ကိန္နရာရှမ်း”” ယာဉ်တိမ်းမှောက်မှုကြောင့် ၃ ဦးသေ၊ ၂၆ ဦးဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
18:44
Rating: