ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကျ၍ သုံးဦးသေဆုံး၊ လေးဦးဒဏ်ရာရ


ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ၂၅ ပေနက်သည့် ချောက်ထဲသို့ ကျသွားသောကြောင့် ရဟန်းတစ်ပါး ပျံလွန်တော်မူပြီး အမျိုးသားနှစ်ဦး သေဆုံးမှု ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရွှေကူမြို့နယ်၊ ဇင်းဘုံကျေး ရွာအ၀င်၊ ဗန်းမော်-မန္တလေး ကားလမ်းကုန်းအဆင်းတွင် ရွှေကူမှ ဗန်းမော်သို့ မောင်းလာသော ဒေါင်ဖန်းယာဉ်တစ်စီးသည် မေလ ၂ ရက် သန်းခေါင်ယံက ဘရိတ် ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဘယ်ဘက်ရှိ ၂၅ ပေ ခန့် နက်သည့် ချောက်ထဲသို့ ထိုးကျခဲ့ ခြင်းဖြစ်သည်။

ယာဉ်ပေါ်တွင် လိုက်ပါလာ သည့် ဗန်းမော်မြို့၊ ကုန်းမဟတ် ကျေးရွာ၊ သာသနာ့ပါလဘုန်း ကြီးကျောင်းတွင် သီတင်းသုံးသည့် သက်တော် ၂၆ နှစ်အရွယ် ရဟန်းတစ်ပါး ပျံလွန်တော်မူပြီး ယင်းကျေးရွာနေ အမျိုးသားနှစ်ဦးသေဆုံးသွားခဲ့သည်။

 အဆိုပါ ဘုန်းကြီးကျောင်း တွင် သီတင်းသုံးသည့် ရဟန်းတစ်ပါးနှင့် လူသုံးဦးတွင် ဦးခေါင်းနှင့်ခန္ဓာကိုယ်၌ ဒဏ်ရာများရခဲ့ရှိသည်။

အလားတူဧပြီ ၂၈ ရက်တွင်  ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်၌မုံးထသို့သွားသည့် ကားလမ်းပေါ် တွင် ထော်လဂျီယာဉ်တစ်စီးရေပူစမ်းအနီးရှိ ၁၅ ပေနက်သည့် ချောက်ထဲသို့ ထိုးကျသွားရာ ယာဉ်ပေါ်ပါလာသည့် လူ ၁၃ ဦး သေဆုံးကာ ၂၂ ဦးဒဏ်ရာရရှိခဲ့ သည်။

Author: သန်းဌေး
7Day Daily


ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကျ၍ သုံးဦးသေဆုံး၊ လေးဦးဒဏ်ရာရ ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကျ၍ သုံးဦးသေဆုံး၊ လေးဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 16:11 Rating: 5
Powered by Blogger.