ရန်ကုန်၊ မေ ၎
၂.၅.၂၀၁၄ရက်နေ့ ၂၃၃၀အချိန် တောင်ဥက္ကလာပမြို့နယ်၊ ရတနာလမ်း အတိုင်း အရှေ့မှအနောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော 5G---တိုရိုတာဟိုင်းလတ်ဘွန်ဂို အဖြူရောင်ယာဉ်သည် ဝေဇယန္တာလမ်းနှင့် ရတနာလမ်းဆုံ မီးပွိုင့်အရောက် မီးနီအား ဖြတ်မောင်းစဉ် ဝေဇယန္တာလမ်း အတိုင်းမြောက်မှ တောင်သို့ယာဉ်မောင်း ဦးဂုဏ်တင်မင်း မောင်းနှင်လာသော ၄င/---- နစ်ဆန်း ၀က်ဂွန်အဖြူရောင်ယာဉ်ကို ၀င်ရောက်တိုက်မိခဲ့ရာ ၄င/---ယာဉ်မှာ အတိုက်ခံရသည့် အရှိန်ကြောင့် ၎င်း၏ ရှေ့ရှိ ကိုဇေယျာထက်မောင်းနှင် နေသော 6G---ဆူဇူကီး ပစ်ကပ်အဖြူ ရောင်ယာဉ်အား ဆက်လက်တိုက်မိ ခဲ့ပြီး 5G---ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ် (၃)စီးပျက်စီးခဲ့သည့်အပြင် ၄င/---- ယာဉ်ပေါ်ပါ လမ်းမတော်မြို့နယ်နေ ဒေါ်ရွှေအေးတွင် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ တင်ပို့ ကုသစဉ် သေဆုံးသွား ခဲ့ပြီး လမ်းမတော်မြို့နယ်နေ ဒေါ်နီနီဦး၊ ထန်းတပင်မြို့နယ်နေ ဦးဇော်ဝင်း၊ တာမွေမြို့နယ်နေ မတင်တင်မိုးတို့ တွင်ပေါက်ပြဲ၊ နာကျင်ဒဏ်ရာများရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံတွင် အတွင်းလူနာများအဖြစ် တင်ပို့ကုသခဲ့ရ ပါသည်။
ယင်းကဲ့သို့ မီးနီဖြတ်မောင်း၍ ယာဉ်တိုက်မှုဖြစ်ကာ လူသေဆုံးဒဏ်ရာရရှိ သဖြင့် 5G--- ယာဉ်မောင်း (စုံစမ်းဆဲ) အား တောင်ဥက္ကလာပမြို့မရဲစခန်း ယာဉ်(ပ)၂၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
မီးနီဖြတ်မောင်း သဖြင့် ယာဉ်တိုက်မှု ဖြစ်ကာ (၁)ဦးသေဆုံး၊ (၃)ဦးဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
06:57
Rating:
