ကျေးလက်နေ မိဘပြည်သူများအား ရမ်းကုများ လက်သို့ မအပ်နိုင်ပါ

 ကျေးလက် ကျန်းမာရေး နှင့် ပတ်သက်သည့် ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရှုပြီးနောက် မူဝါဒချမှတ်သူများ(Policy Maker) များ အယူအဆမှားများကို ခေါင်းထဲသို့ဝင်သွားပြီး ကျေးလက်ကျန်းမာ ရေးစောင့်ရှောက်မှုစနစ် ပျက်စီး မည်ကို စိုးရိမ်မိသောကြောင့် ယခု ဆောင်းပါးကို ရေးလိုက်ခြင်း ဖြစ်ပါသည်။

မိမိနိုင်ငံ၏ လူဦးရေအများစု သည် မြို့ပြဒေသများထက် ကျေး လက်တွင် နေထိုင်ကြပါသည်။ ကျေးလက်ဒေသအများစုတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲ ခြင်း၊ လျှပ်စစ်မီးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိရန်ခက်ခဲသော ဒေသများလည်း ရှိကြပါသည်။ ဝေးလံခေါင်သီသော ဒေသများ တွင် ဆရာဝန်၊ သူနာပြုများ မမြင် ဖူးလိုက်ဘဲ သေသွားသောသူ များလည်းရှိသည်ကို တွေ့ရှိရပါ သည်။ နာမကျန်းဖြစ်ပါက တိုင်း ရင်းဆေးဆရာ၊ နတ်ဆရာ၊ ရမ်း ကုများနှင့်သာ နှစ်ပါးသွားနေကြ ပါသည်။ အဆိုပါရမ်းကုများ (Quack)ကို ‘‘လုပ်ရင်းသင် သင် ရင်းလုပ်’’ကျွမ်းကျင်ရာ လိမ္မာနေ  သူများဟု မသတ်မှတ်သင့်ပါ။ ကျွန်တော်တော့ လက်ခံ၍ မရပါ။

လူ့အသက်တစ်ချောင်းကို ကိုင်တွယ်ကုသခြင်းသည် ပေါ့ ပေါ့တန်တန် သဘောထား၍ မရ ပါ။ ချောင်းဆိုးလျှင် သောက်ခဲ့ဖူး သော ဆာလဖာပါသည့် ဆေးကိုအခြားသူသောက်ပါလားဟုပေး ၍ ဆေးတစ်လုံးကြောင့် ဆာလ ဖာနှင့် မတည့်၍ အသက်ဆုံးရှုံး သည်ကို တွေ့ရဖူးပါသည်။ အမေရိကန်နိုင်ငံ၌ လမ်းတွင် အသက်ရှူ ရပ်နှလုံးခုန်ရပ်နေသူကို လမ်းသွားလမ်းလာက ကူညီပြီး နှလုံးနှိုးဆွ ပေးရာ စနစ်တကျမလုပ်တတ်၍ သေသွားသည့် မိသားစုက ပြန် လည်တရားစွဲသည်ကို တွေ့ရပါ သည်။ မိမိမတတ်ကျွမ်းရင် ‘‘လုပ် ရင်းသင် သင်ရင်းလုပ်’’၍ မရပါ။ ဆီးမသွားနိုင်သည့် အသက်ကြီး သည့် အမျိုးသားလူနာကိုရမ်းကု (Quack)က ဆီးဆေးများ တိုက်၍ဆီးမထွက်ဘဲ ဆီးအိမ်တင်းပြီး ဒုက္ခကြီးစွာ ခံစားရသဖြင့် ဆေးရုံရောက်လာသည့် လူနာများရှိခဲ့ဖူး သည်။ အဆိုပါလူနာမှာ အသက် အရွယ်အရ ဆီးကျိတ်ကြီး(BPH) ၍ ဆီးလမ်းကြောင်း ပိတ်ဆို့ နေသော ရောဂါဖြစ်ပြီး ဆီးဆေး တိုက်ရမည့် လူနာမဟုတ်ပါ။

မြန်မာပြည်တွင် ဆရာဝန် ဖြစ်ရန် ခြောက်နှစ်ခွဲ ခုနစ်နှစ်၊ လက်ထောက်ကျန်းမာရေးမှူး (B.ComH)ဖြစ်ရန် လေးနှစ်၊ သူနာပြုဖြစ်ရန် လေးနှစ်၊ ဆေးဝါး တက္ကသိုလ်ဘွဲ့ရရန် လေးနှစ်ကြာ အပတ်တကုတ်သင်ယူရသော် လည်း ပုဂ္ဂလိကဆေးဝါးကျွမ်း ကျင်သင်တန်းမှာ ၁၄ ရက်ဆိုလျှင် လက်မှတ်ရသည်ကို တွေ့ရပါ သည်။ ထိုသို့ ရက်တိုနှင့် သင်လို့ ရလျှင် မည်သူမှ နှစ်ရှည်လများ တက်မည်မဟုတ်ပါ။ ခေါင်းကိုက် လျှင် ပါရာစီတမော့သောက်တာ လူတိုင်း သိသော်လည်း အဆိုပါ  ဆေးတစ်လုံး၏ ပေါ်ပေါက်လာပုံ၊ ဇီဝဖြစ်စဉ်၊ ကောင်းကျိုး၊ ဆိုးကျိုး (Side effect) တို့ကိုမူ ရက်တို သင်တန်းဖြင့် မသိနိုင်ပါ။

မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်အရ ကျေး လက်တွင် ကျန်းမာရေးစောင့် ရှောက်မှုပေးနေသည်မှာ တိုက် နယ်ဆေးရုံအချို့နှင့် အများစုမှာ ကျေးလက်ကျန်းမာရေးဌာန RHC(Rural Health Center) နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ(Sub Center)များသာဖြစ်သည်။ ကျေး လက် ကျန်းမာရေးဌာနတစ်ခု အောက်တွင် ဌာနခွဲ Sub Center လေးခုရှိပါသည်။ RHC တွင် လက်ထောက်ကျန်းမာရေးမှူး တစ်ဦးက ဦးဆောင်ပြီး Sub Center တွင် သားဖွားဆရာမ (Midwife) က တာဝန်ယူပါသည်။  သားဖွားဆရာမတစ်ဦးလျှင် ကျေး လက်ပြည်သူ(၇၀၀၀-၈၀၀၀)  ကို တာဝန်ယူပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းအားလုံး ကို ဆောင်ရွက်ပေးနေရပါသည်။ သားဖွားဆရာမများမှာ သားဖွား ရန်အပြင်ရှိသမျှ ပရောဂျက် ဥပမာ တီဘီ၊ ငှက်ဖျား၊ သွေးတိုး၊ မြွေကိုက်၊ ကာကွယ်ဆေးအား လုံး ဆောင်ရွက်ရသည်။ ဖွားသေ စာရင်းနှင့် အခြားကာကွယ်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ရသည့်အတွက် ၎င်းဆရာမ၏ ခင်ပွန်းပါ ၀ိုင်းဝန်းကူညီလုပ်ကိုင်ပေးတာတောင်မပြီးနိုင်၊ မစီးနိုင်ဖြစ်နေရပါသည်။ ထို့ကြောင့် ကျန်း မာရေးဝန်ထမ်းမလုံလောက်သေး သည်မှာ မှန်ကန်ပါသည်။ သို့ရာ တွင် မြန်မာနိုင်ငံ၌ အလုပ်လက်မဲ့ (သို့) အလုပ်ခေါ်ရန် စောင့်ဆိုင်း နေသည့် ဆရာဝန်၊ ကျန်းမာရေး မှူး ဘွဲ့ရ၊ သူနာပြုဘွဲ့ရ၊ ဒီပလိုမာရ၊ ဆေးဘက်ပညာသည် ဘွဲ့ရ၊ ဆေးဝါးတက္ကသိုလ်ဘွဲ့ရ၊ သားဖွားဆရာမ ထောင်ပေါင်းများစွာရှိနေသည်ကို တွေ့ရှိရပါသည်။ ထိုသူများသည် ဘွဲ့ရပြီး သုံးနှစ်မှငါးနှစ်နီးပါး အလုပ်ခေါ်သည်ကို စောင့်ဆိုင်းပြီး ရရာအလုပ်လုပ်ကျူရှင်၊ သင်တန်းတက်ပြီးနေကြရသည်ကို ၀မ်းနည်းစွာတွေ့ရပါသည်။ မကြာသေးမီက ၀န်ထမ်း ရွေးချယ်ရေးမှ ဆရာဝန်ခေါ်ရာ တွင် လစာကျပ် ၁၅၀,၀၀၀ သာရ သော်လည်း ခေါ်ယူသည့် အရေ အတွက်ထက်များစွာ ပို၍ ဆေး ပညာဘွဲ့ရများက လျှောက်ထား သည်ကိုတွေ့ရပါသည်။

ဒါတောင်အများစုက ၀န်ထမ်းရွေးချယ်ရေးမှ မေးခွန်းများကိုဖြေဆိုရန် ကျူရှင်တက်ရမှာ၊ စာပြန်ဖတ်ရမှာမလိုလား၍ ၀င်ချင်သော်လည်း လျှောက်ထားခြင်းမရှိသည်ကို တွေ့ရပါသည်။

ကျေးလက်ကျန်းမာရေးမှူး များ မွေးထုတ်ရာ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ကျောင်းဖြစ် သည့် အခြေခံကျန်းမာရေးတက္က သိုလ်(University of CommunityHealth) တွင် ၉၉ ရာခိုင်နှုန်းသော ကျောင်းသား၊ ကျောင်းသူများမှာ တောင်သူလယ်သမားများ၏ သားသမီးများဖြစ်ကြပြီး ကျောင်း ပြီးလျှင် မိမိတို့နေထိုင်ရာ ကျေး လက်တောရွာတွင် ပြန်လည်၍ နေထိုင်ရင်း အစိုးရက အလုပ်ခေါ် မည်ကို လည်ပင်းရှည်စွာ စောင့် နေရသူများဖြစ်ပါသည်။ ထို့အတူ ပင် သားဖွားဆရာမ (Midwife) သင်တန်းသူ အများစုမှာလည်း ကျေးလက်ဒေသတွင် နေထိုင်ကြ သူများနှင့် တိုင်းရင်းသားများဖြစ် ကြပါသည်။ အဆိုပါသားဖွား ဆရာမများမှာလည်း ကျောင်းပြီး ပါက ပြင်ပဆေးခန်းများတွင် လူ နာစောင့်အဖြစ် အချိန်ပိုင်းလုပ် ကိုင်ရင်း ၀မ်းရေးကို ဖြေရှင်းနေ ရပါသည်။

အဆိုးဆုံး အလုပ်လက်မဲ့ များကို ပြောရလျှင် ဆေးဘက် ပညာဘွဲ့ရ(Para Med) နှင့် ဆေး ၀ါးတက္ကသိုလ်ဘွဲ့ရ(Pharmaci st) များဖြစ်ပါသည်။ အထက်တွင် ဖော်ပြခဲ့သည့် ဘွဲ့ရများသည် တောင်လုပ်မြောက်လုပ်လုပ်စရာ ရှိနေသေးသော်လည်း ဆေးဘက် ပညာသည် ဘွဲ့ရနှင့် ဆေးဝါး တက္ကသိုလ်ဘွဲ့ရများမှာ ငုတ်တုတ်မေ့နေရမည့်သူများဖြစ်ပါသည်။ ဤသို့ပညာတတ်ဘွဲ့ရငုတ်တုတ် မေ့နေသူများ မြန်မာနိုင်ငံတွင် ထောင်ချီရှိနေသောအချိန်တွင် ကျန်းမာရေး‘‘လေဟာနယ်’’ကို အရေးပေါ်ဖြည့်ဆည်းပေးနိုင်စွမ်း သည့် လက်ရှိရွာများတွင် ရှိသည့် ဒေသခံဆေးဆရာများကို သင် တန်းပို့ချပြီး အသိအမှတ်ပြုပေး ရန်မှာ ဆောင်ရွက်သင့်သည့် အခြေအနေအဖြစ်မမြင်ပါ။ ကျေး လက်ကျန်းမာရေးဌာန (RHC) နှင့် Sub Center များကို ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲပြီး ၀န်ထမ်းအင် အား တိုးချဲ့ခန့်ထားရန်လိုပါ သည်။ Sub Center တွင် သား ဖွားဆရာမတစ်ဦးက လူ ၇၀၀၀- ၈၀၀၀  အား ကျန်းမာရေးစောင့် ရှောက်မှု ပေးနေသည်မှာ မဖြစ် နိုင်၍ ဖွဲ့စည်းပုံပြင်ဆင်သင့်ပါ သည်။ မြန်မာပြည်၏ ကျေးလက် ကျန်းမာရေးဌာန (RHC)များကို လက်ရှိ ၁,၆၃၅ မှသည် ကျေးရွာ ပေါင်း ၆၄,၃၄၆ တိုင်းတွင် ဖွင့်လှစ် ရန် ဦးစားပေးသင့်ပါသည်။

မြန်မာပြည်၏ လူဦးရေ ထက် ၁၀ ဆကျော်များသော တရုတ်ပြည်တွင် လူ ၁၀၀၀ အ တွက် သူနာပြု ၂ ဒသမ ၀၅ ရာ ခိုင်နှုန်းရှိပြီး ဆရာဝန်ဦးရေမှာ သူ နာပြုထက်ပိုမိုကြောင်း NHFPC အမျိုးသားကျန်းမာရေးကာကွယ် စောင့်ရှောက်မှုစီမံကိန်းကော်မ ရှင် ဒုတိယ၀န်ကြီးက ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော Health in Myanmar 2013 စာအုပ်တွင် ပါရှိသော စာရင်းများအရ မွေးထုတ် ပြီး ဆေးပညာဘွဲ့ရ ၃၃,၀၁၃ ဦးတွင် ၁၂,၈၀၀ ဦးသာခန့်ထားနိုင်ပါ သည်။သွားဘက်ဆိုင်ရာ  ဆရာဝန်  ၃,၂၃၃ ဦးရှိပြီး ၈၀၂ ဦး သာခန့် ထားနိုင်ပါသည်။ သူနာပြု၊လက်ထောက်ကျန်းမာရေးမှူး (B.ComH),LHV,Midwife များမှာလည်း မွေးထုတ်ပြီးသည့် အတိုင်း အပြည့်အ၀အလုပ်ခန့် ထားခြင်း မရှိကြောင်း သိရှိရပါ သည်။ ဆေးဝါးပညာဘွဲ့(B.Pharm) ရသူ ၂,၅၅၃ ဦးနှင့် ဆေးဘက်ဆိုင်ရာပညာသင်ဘွဲ့(B.Tech)ရသူ ၂,၆၀၄ ဦးရှိကြောင်းလည်း ဖော်ပြထားပါသည်။ အဆိုပါ စာရင်းဇယားအရ တက္ကသိုလ်အဆင့် ကျန်းမာရေးဆိုင်ရာ အတတ်ပညာများ တက်ရောက်သင်ကြားပြီးမြောက်သူမှာ ထောင်ချီပြီးရှိနေကြောင်း သိရပါသည်။

အလုပ် ရရှိရေးအတွက် လည်ပင်းရှည်စွာ စောင့်ဆိုင်းနေ ရသော ထောင်ချီသည့် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးမှူးဘွဲ့ရ၊ သားဖွားဆရာမနှင့် အခြားကျန်း မာရေးနှီးနွှယ်ဘွဲ့ရ ပညာတတ် များအား ကျန်းမာရေးဌာနဖွဲ့စည်း ပုံပြင်ဆင်ပြီး စနစ်တကျ ခန့်အပ် အသုံးပြုပါက အာဆီယံအဆင့် အတန်းမီ ကျန်းမာရေးစောင့် ရှောက်မှု ဖြစ်လာနိုင်ပါသည်။ နိုင်ငံတော်သမ္မတကြီး မိန့်ခွန်း ပြောဆိုရာတွင် သုံးနှုန်းသည့် ‘‘မိဘပြည်သူများ ခင်ဗျား . . . .’’ တစ်နည်းအားဖြင့် သမ္မတကြီးနှင့် ကျွန်တော်တို့ မိဘများသဖွယ် ပြု မူဆက်ဆံရမည့် ကျေးလက်နေ ပြည်သူများ၏ အသက်ကို ရမ်း ကု(Quack) များ လက်သို့ မအပ် နိုင်ပါကြောင်းကို ဆောင်းပါးဖြင့် အကြံပြုအပ်ပါသည်။

Author:  ဒေါက်တာ စိုးထွန်း

7Day Daily


ကျေးလက်နေ မိဘပြည်သူများအား ရမ်းကုများ လက်သို့ မအပ်နိုင်ပါ  ကျေးလက်နေ မိဘပြည်သူများအား ရမ်းကုများ လက်သို့ မအပ်နိုင်ပါ Reviewed by သစ်ထူးလွင် on 19:44 Rating: 5
Powered by Blogger.