ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင် ပြည်နယ်တွင် မေလ ၅ ရက် ညနေပိုင်းက ပြင်းအားရစ်ခ်ျတာ စကေး ၆ ဒသမ ၃ အင်အားရှိ အင်အားပြင်းငလျင်တစ်ခု လှုပ် ခတ်ခဲ့ကြောင်း ထိုင်းအမျိုးသားသဘာဝဘေးအန္တရာယ် သတိပေးရေးစင်တာ ငလျင်ဌာနမှ သတင်းထုတ်ပြန်သည်။
အမေရိကန်မြေငလျင်တိုင်း တာရေးဌာနက အဆိုပါမြေငလျင် မှာ ရစ်ခ်ျတာစကေး ၆ ရှိသည်ဟု ဆိုသည်။ ထိုငလျင် လှုပ်သည်ကို ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှလည်း ခံစားသိရှိရသည်။
အဆိုပါငလျင်ကြောင့် ထိုင်း မြောက်ပိုင်းတွင် ပြတင်းပေါက် များ ကျိုးပဲ့သလို အိမ်နံရံများ လည်း ကွဲအက်သွားသည်။ ဘုရားဆင်းတုတော်များလည်း ပျက်စီး ထိခိုက်ခဲ့သည်ဟု ဆိုသည်။ သို့ ရာတွင် လူအသေအပျောက်စာ ရင်းကိုမူ ယခုထိ မသိရသေးဟု ထိုင်းသတင်းဌာနများက ဖော်ပြ ကြသည်။
ထိုင်းနိုင်ငံ ချင်းရိုင်မြို့ရှိ လေဆိပ်တွင်မူ အက်ကွဲကြောင်းတစ် ခုပေါ်ပေါက်လာသဖြင့် အဆိုပါ လေကြောင်းဂိတ်မှ လူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေး ခဲ့ရသည်ဟု လေဆိပ်တာဝန်ခံများက ပြောကြားသည်။
ချင်းရိုင်မြို့ရှိ နာမည်ကျော် ဝပ်ဝွန်ခွန် ဘုရားကျောင်းကိုမူ ငလျင်လှုပ်အပြီး ဘေးကင်းရန် အတွက် ပိတ်ထားလိုက်ရပါ သည်။
‘‘ဘုရားကျောင်းအမိုးတွေ ကွာကျနေလို့ ကျွန်တော်တို့တော့ ဒီညအိပ်ပျော်ပါ့မလားမသိဘူး။ ငလျင်ကြီးပြီးတော့ အသေးတွေ ကလည်း တစ်ချိန်လုံးဆက်တိုက် လှုပ်နေတယ်’’ဟု အဆိုပါဘုရား မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ငလျင်ဒဏ်ကြောင့် ချင်းရိုင် ပြည်နယ်အတွင်းရှိ ကားလမ်းများ တွင်လည်း အက်ကွဲကြောင်းကြီး များ ဖြစ်လာခဲ့သည်။
ထိုင်းမိုးလေဝသဌာန၏ ပြောကြားချက်အရ အဆိုပါ ငလျင်သည် ပြင်းအား ၆ ဒသမ ၃ ရှိပြီး အမေရိကန်ငလျင်တိုင်း တာရေးဌာနကမူ ပြင်းအား ၆ ရှိ သည်ဟုဆိုပါသည်။ အဆိုပါ ငလျင်သည် ချင်းရိုင်မြို့မှ ၁၇ မိုင် အကွာ အနောက်တောင်ပိုင်းဒေ သကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ် သည်။ မြေအောက်အနက် ၄ ဒသ မ ၄ မိုင်အထိ သက်ရောက်ခဲ့ သည်။ ထိုကဲ့သို့ အောက်ပိုင်းအနက်များသည့် ငလျင်များသည် ပျက်စီးမှုပိုများသည်ဟု ငလျင် ပညာရှင်များက ဆိုသည်။
ကိုးကား - Bangkok Post & Agencies
7Day Daily
ထိုင်းနိုင်ငံရှိ ရုပ်ပွားတော်တစ်ဆူ ငလျင်ကြောင့် ဦးခေါင်းတော်မြေခပျက်စီးသွားစဉ် (Photos - bangkokpost.com) |
ထိုင်းနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်
Reviewed by သစ်ထူးလွင်
on
10:17
Rating: