ချမ်းမြသာစည်မြို့နယ် ၇၂လမ်းတွင် ကတ်ကြေးနှင့်ထိုးသတ်မှု ဖုန်းခေါ်ဆိုမှုမှတ်တမ်းသဲလွန်စဖြင့် ပြစ်မှုကျူးလွန်သူကိုဖမ်းမိ

မန္တလေး မေ ၂၉

မန္တလေးမြို့ အောင်မြေသာစံ မြို့နယ်၇၉လမ်း၊ ၁၁လမ်းနှင့် ၁၂ လမ်းကြားသူရဲဈေးဘူတာ မီးရထား ဝန်ထမ်းလိုင်းနေ ဒေဝါကျော် (၂၄ နှစ်) ဒီဇိုင်းလုပ်ငန်းသည် ယခုလ ၂၆ရက် မွန်းလွဲပိုင်းက နေအိမ်မှ ဆိုင်ကယ်ဖြင့်ထွက်သွားရာ ည ၁၁ နာရီခွဲအထိ ပြန်လည်ရောက် ရှိလာခြင်းမရှိသဖြင့် ဇနီးမနေနွယ် လင်းက ဒေဝါကျော်ကိုင်ဆောင် သည့်ဖုန်းအားဆက်သွယ်မေးမြန်းရာ ဒေဝါကျော်က ချမ်းမြသာစည်မြို့ နယ် သိပံ္ပလမ်းနှင့် ၇၂လမ်းအနီး တွင်ဓားထိုးခံရ၍အမြန်ဆုံးလာရောက် ရန်ပြောသဖြင့် သွားရောက်ရှာဖွေ ရာ ၇၂ လမ်း အရှေ့ဘက်လမ်းဘေး တွင်ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတစ် ချက်၊ ယာရင်အုံ ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိထားသော ဒေဝါကျော် ကိုတွေ့ရသဖြင့်လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့သည်။

အခင်းဖြစ်ရပ်သို့ ချမ်းမြသာ စည် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ သွားရောက်စစ်ဆေးရာ ဒေဝါကျော် လဲနေသည့်နေရာသို့ဇနီးနေနွယ်လင်း ရောက်စဉ် ဒေဝါကျော်သည် သတိ လစ်မေ့နေပြီး ၄င်းဖုန်းသို့ အဝင်ဖုန်း ခေါ်ဆိုထားကြောင်း တွေ့သဖြင့် ဖုန်းကိုယူပြီး နားထောင်ပြောဆိုရာ ဒေဝါကျော်၏သူငယ်ချင်းဖြစ်ကြောင်း သိရ၍ ဒေဝါကျော်ဓားထိုးခံရ ကြောင်းပြောပြီးလာရောက်ကြည့်ရှု ရန်ပြောရာ ဆယ်မိနစ်ခန့်အကြာ အဆိုပါနေရာသို့ မိန်းမလျာဟုယူဆ ရသောသူတစ်ဦး ၁၃ယ/xxxx ဆိုင်ကလုန်းဆိုင်ကယ် အနက်ရောင် ဖြင့်ရောက်ရှိလာပြီး ဒေဝါကျော် အားဖက်၍ငိုကာ ဆေးရုံသို့အမြန် ပို့ရန်ပြောပြီးဟန်ချိန်းပျောက်နေ၍ ရှာဖွေရန်ပြောကာထွက်သွားခဲ့သည်။

အခင်းဖြစ်နေရာကို ရှာဖွေရာ အညိုရောင် ကွင်းထိုးဖိနပ်တစ်ရန်၊ ချုံပုတ်အတွင်းမှ ဒေဝါကျော်စီး သည့် ၃၈ယ/xxxx စီဇက်အိုင် ၁၂၅ဆိုင်ကယ်ထုရိုက်ဖျက်ဆီး ခံ ထားရသည်ကိုတွေ့ရပြီး ရေမြောင်း အုတ်ခုံပေါ်မှ ဟန်းချိန်းတစ်ခု၊ စိန်ပွင့်ပုံဘော်ကြယ်သီး ရှစ်ခု၊ နေ ကာမျက်မှန်တစ်လက်၊ ဒေဝါကျော် ကိုင်ဆောင်သောဖုန်း၊ အခင်းမဖြစ်မီ ဆက်သွယ်ပြောဆိုမှု၊ ပြောဆိုခဲ့ သည့်အသံဖိုင်တို့ကို စစ်ဆေးရာ ပြစ်မှုကျူးလွန်သူမှာ ဆ/၁ဝ အမှတ် ၅၈၊ မြို့သစ်(၂)ရပ်ကွက် ချမ်းမြ သာစည်မြို့နယ်နေသူ မိန်းမလျာ ခင်မောင်တင်(ခ)မလေးကွန်း အသက်(၄ဝ)(မိတ်ကပ်လိမ်း၊နတ်က) ဖြစ်ကြောင်းသိရသဖြင့် ရဲအရာ ရှိပင်လုံထွန်းနှင့်အဖွဲ့က ဖမ်းဆီးပြီး စစ်ဆေးရာ ဒေဝါကျော်နှင့်စကား များရန်ဖြစ်ပြီး ကတ်ကြေးဖြင့်ထိုး သတ်ခဲ့ကြောင်း ထွက်ဆိုသဖြင့် အမှတ်(၁၁)နယ်မြေရဲစခန်းက(ပ) ၃၅၆/၂ဝ၁၄၊ ပြစ်မှုပုဒ်မ(၃ဝ၂)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)
The Union Daily


ချမ်းမြသာစည်မြို့နယ် ၇၂လမ်းတွင် ကတ်ကြေးနှင့်ထိုးသတ်မှု ဖုန်းခေါ်ဆိုမှုမှတ်တမ်းသဲလွန်စဖြင့် ပြစ်မှုကျူးလွန်သူကိုဖမ်းမိ ချမ်းမြသာစည်မြို့နယ် ၇၂လမ်းတွင် ကတ်ကြေးနှင့်ထိုးသတ်မှု ဖုန်းခေါ်ဆိုမှုမှတ်တမ်းသဲလွန်စဖြင့် ပြစ်မှုကျူးလွန်သူကိုဖမ်းမိ Reviewed by သစ်ထူးလွင် on 19:36 Rating: 5
Powered by Blogger.