ရန်ကုန်− နိုင်ငံရေးအကျဉ်းသား များနှင့် ပုဒ်မ ၁၈ ဖြင့် အရေးယူခံရသူများကို အနောက်ပိုင်းခရိုင် တရားရုံးက သံခြေချင်းဝတ်များဖြင့် ရုံးထုတ်စစ်ဆေးသော ကြောင့် နိုင်ငံရေးတက်ကြွလှုပ် ရှားသူများက ထောင်ဝတ်စုံများ ဝတ်ပြီး သံခြေချင်းများခတ်ကာ မေလ ၆ ရက်က ကန့်ကွက်ဆန္ဒ ပြခဲ့ကြသည်။
အနောက်ပိုင်းခရိုင်တရားရုံး သည် ပုဒ်မ ၁၈ ဖြင့် အရေးယူခံ ထားရသော ဦးဝင်းချိုကို ဧပြီလ အတွင်းက ရုံးထုတ်ရာ၌ သံခြေ ချင်းများခတ်ကာ ရုံးထုတ်ခဲ့ပြီး မေလ ၆ ရက်တွင်လည်း ဦးဝင်း ချိုအား သံခြေချင်းများခတ်ကာ ရုံးထုတ်ခဲ့သည်။
‘‘နိုင်ငံရေးအကျဉ်းသားတွေ ကို ရုံးထုတ်တာ သံခြေချင်းတွေ ခတ်ပြီးလုပ်တာကို ပြင်းပြင်းထန် ထန်ကန့်ကွက်ပါတယ်။ ဒါဟာ နိုင်ငံရေးလုပ်နေတဲ့သူတွေမို့တမင် လုပ်နေတာပါ။ နိုင်ငံရေးသမားအကျဉ်းကျတာ ရာဇဝတ်မှုကျူးလွန်တာမဟုတ်ပါဘူး’’ဟု သံခြေချင်းများခတ်ကာ ဆန္ဒပြရာတွင် ဦးဆောင်သူ ကိုဝေဠုကပြောကြား သည်။
ပုဒ်မ ၁၈ ဖြင့် အကျဉ်းကျ ခံရသူ ဦးဝင်းချိုကို သံခြေချင်းခတ်၍ ရုံးထုတ်ခြင်းမှာ အမှုနောက်ထပ်တစ်မှုပေါ်ပေါက်သော ကြောင့်ဖြစ်ကြောင်းအနောက် ပိုင်းခရိုင်တရားရုံးမှ တရားသူကြီး တစ်ဦးက ပြောသည်။
ဦးဝင်းချိုသည် ဖေဖော်ဝါရီ အတွင်းက လယ်ယာမြေပြဿနာ များနှင့်ပတ်သက်ပြီး ဆူးလေ စေတီအနီးတွင် ခွင့်ပြုချက် မ တောင်းခံဘဲ ဆန္ဒပြမှုကြောင့် ပုဒ်မ ၁၈ ဖြင့် အရေးယူခံရခြင်း ဖြစ်သည်။ ဦးဝင်းချိုသည် မတ် လအတွင်း ဖယောင်းတိုင်မီးထွန်း၍ လျှပ်စစ်ဝန်ကြီးဌာနအား ဆန္ဒပြသောကြောင့် ပုဒ်မ ၁၈ ဖြင့် ထပ်မံအရေးယူခံရသည်။
Author: ငြိမ်းချမ်း
7DAY DAILY
သံခြေချင်းဝတ်၍ ဆန္ဒဖော်ထုတ်နေသူများ |
သံခြေချင်းဝတ်ဖြင့်ရုံးထုတ်၍ အနောက်ပိုင်းခရိုင်တရားရုံး ဆန္ဒပြခံရ
Reviewed by သစ်ထူးလွင်
on
08:59
Rating: