အိမ်အကူကလေးငယ်အား ညှဉ်းပန်းနှိပ်စက်မှုဖြင့် ဖွင့်ခံရသောအမှု ဥပဒေရုံးသို့တင်မည်

 အိမ်အကူကလေးငယ်၏လက်နှစ်ဖက်ကိုဆီပူအိုးထဲနှစ်ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့၍ အမှုဖွင့်တိုင်ကြားခံထားရသော အိမ်ရှင်လင်မယားအမှုကို မေလ ၂၆ ရက်တွင် ဥပဒေရုံးသို့တင်ပို့မည်ဖြစ်ကြောင်း ဗဟန်းမြို့နယ်ရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်မတ်လက ဗဟန်း မြို့နယ် ကိုယ့်မင်းကိုယ့်ချင်းရပ် ကွက်အတွင်းနေထိုင်သော အိမ် ရှင်လင်မယားနှစ်ဦးက ၎င်း၏အိမ်အကူအလုပ်သမား အသက် (၁၄) နှစ်အရွယ် မနော်ထက်ထက်(ခ) သဲအယ်ဝါးအား ဆီပူအိုးအတွင်း လက်နှစ်ဖက်ဆွဲနှစ်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်း၊  ကတ်ကြေးဖြင့် ထိုးခြင်းစသည့် မတရားနှိပ်စက်မှုများပြုလုပ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

ယင်းကဲ့သို့ပြုလုပ်ခဲ့၍ အိမ် အကူကလေးငယ်မှာ ဒဏ်ရာများ ရရှိ ဆေးကုသရန် ပုသိမ်မြို့ရှိ ဆေးခန်းတစ်ခုသို့ သွားရောက်ပြသခဲ့သည်။  ဆေးခန်းက ရဲ အရေးပိုင်သောဒဏ်ရာများဖြစ်၍ ပုသိမ်ဆေးရုံသို့ပြောင်းရွှေ့ကုသ ခိုင်းခဲ့သည်။ မတ်လ ၂၉ ရက်တွင် ပြစ်မှုဆိုင်ရာပုဒ်မ ၃၂၆/၃၂၅ ဖြင့်အမှုဖွင့်အရေးယူခဲ့ပြီး အခင်းဖြစ်ပွားခဲ့သည့်နေရာမှာ ဗဟန်းမြို့နယ်အတွင်းဖြစ်ပွားခဲ့၍ ဧပြီလ ၂ ရက်ကလွှဲပြောင်း အမှုဖွင့်ခဲ့သည်။ထိုသို့လွှဲပြောင်း အမှုဖွင့်ပြီးနှစ်လနီးပါးခန့်အကြာတွင် သက်ဆိုင်ရာစခန်းစစ်ဆေးချက်နှင့်အတူ ဆေးစာတို့ကို ဥပဒေရုံးသို့တင်ပို့ခြင်းဖြစ်သည်။

‘‘တနင်္လာနေ့ကျရင် ဥပဒေ ရုံးတင်မယ်။ ဥပဒေရုံးကအကြံပြု ချက်နဲ့အညီ တရားရုံးကစွဲချက် တင်လိမ့်မယ်။ ပုသိမ်ဆေးရုံကြီး ကနေ ပြီးခဲ့တဲ့နှစ်ရက်လောက်က မှရတာ။ ဆေးစာနဲ့စခန်းကတရား လိုရော၊ တရားခံရောစစ်ပြီးတော့အခုမှဥပဒေရုံးတင်မှာ’’ဟု အထက်ပါ  တာဝန်ရှိသူကပြောသည်။

အမှုဖွင့်တိုင် ကြားခံထားရ သည့် အိမ်ရှင်လင်မယားသည် ဇနီးဖြစ်သူ၏အမည်မှာ မသီတာ(ခ)သီရိကိုကိုဟုဖော်ပြထား၍ အချို့မှာ အဆိုတော်ဗီဒီယိုသရုပ် ဆောင်သီရိကိုကိုဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

‘‘အရင်က အဆိုတော်လုပ် ရင်တော့မသိဘူး။ အခုတော့မှီခို ပါပဲ။ အဆိုတော်လား၊ဘာလားဆို တာတော့ သေချာမသိဘူး’’ဟု ဗဟန်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

Author: အေးမြတ်သူ
7Day Daily

အိမ်အကူကလေးငယ်အား ညှဉ်းပန်းနှိပ်စက်မှုဖြင့် ဖွင့်ခံရသောအမှု ဥပဒေရုံးသို့တင်မည်  အိမ်အကူကလေးငယ်အား ညှဉ်းပန်းနှိပ်စက်မှုဖြင့် ဖွင့်ခံရသောအမှု ဥပဒေရုံးသို့တင်မည် Reviewed by သစ်ထူးလွင် on 12:51 Rating: 5
Powered by Blogger.