သမ္မတရုံးဝန်ကြီးတွေကို သမ္မတလူကြမ်းအဖွဲ့ ရေးတဲ့အခါကျတော့ ခံနိုင်မယ်လို့တော့ မထင်ပါဘူး . . .
ပြည်ခိုင်ဖြိုးအသင်းကြီးတွင် အသင်းကြီး၏ နှောင်းပိုင်းကာလမှသာ ဗဟိုနာယကအဖွဲ့ဝင်အဖြစ် တိုင်းမှူး ဗိုလ်ချုပ် သူရရွှေမန်းပါဝင်လာခဲ့ခြင်း၊ အသင်းကြီး ဖျက်သိမ်းချိန်အထိ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွင် မပါဝင်ခြင်း . . .
ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ဧရာဝတီတိုင်း (အနောက်တောင်တိုင်း စစ်ဌာနချုပ်) တိုင်းမှူး ဗိုလ်ချုပ် တာဝန်မှ ရန်ကုန် မြို့သို့ တပ်မတော်ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ဖြင့် နိုင်ငံတော် အေး ချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင် တာဝန် ပူးတွဲလျက် ပြောင်းရွှေ့ခဲ့ သူဖြစ်ပါသည်။ ယခု ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ တာဝန်အပြင် ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်နေသည်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီး ခင်ညွန့်(ထိုစဉ် က နိုင်ငံတော်ဝန်ကြီးချုပ်)အား တာဝန်မှ အနားပေး၍ ၎င်း၏ တပ်မတော်နှင့် နိုင်ငံ တော် အကြီးအကဲ နံပါတ်(၃)နေရာ ဗိုလ် ချုပ်မှူးကြီး သန်းရွှေက ပေးအပ်လိုက်စဉ်တွင် တိုင်းပြည်၌ လူသိများလာခဲ့ခြင်းဖြစ် သည်။
ကျွန်ုပ်ကြားဖူးသော ဗိုလ်ချုပ် ရွှေမန်း ဆိုသည်မှာ ကျွန်တော်၏ဇာတိကျိုက်လတ် မြို့တွင် နေထိုင်ကြသော ငယ်သူငယ်ချင်း များနှင့် မြို့ခံအချို့ ပြောကြားချက်အရ တိုင်းမှူးဗိုလ်ချုပ်ရွှေမန်း ရာထူးတိုး၍ ရန် ကုန်စစ်ရုံးသို့ ပြောင်းရွှေ့ချိန်တွင် ဧရာဝတီ တိုင်းမြို့နယ်များ၏ထွေ/အုပ်တို့က မြို့မျက် နှာဖုံးများထံမှ အလှူငွေ (နှုတ်ဆက် ကြေး) ကောက်ခံခြင်း၊ မှတ်မိသလောက် တစ်မြို့နယ် (၁၅)သိန်းဝန်း ကျင်ခွဲတမ်း ချခဲ့ကြောင်း၊ တိုင်းလက်ရွေးစင် ဘောလုံးသမားများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး၍ ၎င်း၏ သူရဘွဲ့ရခဲ့သော တိုက်ပွဲဝင်ဒဏ်ရာကို အင်္ကျီချွတ် ပြသရင်း ဖော်ရွေမှု ရှိသူတစ်ဦးဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သွားပြီးနောက် တပ်မတော်တွင် အကြီးအကဲနှစ်ဦးအနားယူသွား၍ အကြီး ဆုံးနိုင်ငံတော် အကြီးအကဲနေရာ ကျန်သူ ဖြစ်ခြင်း ကြောင့် နိုင်ငံတော်သမ္မတနေရာ ရသင့်ပါလျက်မရခဲ့သူဟူ၍ လုပ်ဖော်ကိုင် ဖက်အချို့နှင့် နိုင်ငံရေး အသိုင်း အ၀ိုင်းက ဝေဖန်ပြောဆိုခြင်း ခံခဲ့ရသူ ဖြစ်ခဲ့သည်။…
ထို့အပြင် တပ်မတော်အစိုးရ တန်ခိုး အကြီးဆုံးအချိန်များဖြစ်သည့် ၂၀၀၈-၂၀၀၉ ကာလများတွင် မကြာမီ၌ ဖွဲ့စည်း ပုံအခြေခံဥပဒေအရ လွတ်လပ်၍ တရားမျှ တသော ရွေးကောက်ပွဲများ ပေါ်ပေါက်လာ ပြီး တတိယ လှိုင်း နိုင်ငံရေး အင်အားစု များနေရာရနိုင်မည့် အလားအလာအတွက် ကြိုတင်မြှုပ်နှံပြင်ဆင်ခြင်းကိုလည်း ဗိုလ် ချုပ်ကြီး သူရဦးရွှေမန်းအရှိန်အ၀ါဖြင့် ယခုအစိုးရတွင်း ၀န်ကြီးအချို့ပါဝင် လှုပ်ရှား လျက် နိုင်ငံရေးလှုပ်ရှား မှုများကို သိသိ သာသာရော၊ မသိမသာပါ ပြုလုပ်နိုင်ခဲ့ ကြသည်။ ထို့အပြင် အတည်ပြု၍မရသော သတင်းများအရ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ရှိနေ စဉ်တွင်ပင် ၎င်းနိုင်ငံရေး ပြောင်း လဲမှုအတွက် ကိုယ်စားလှယ်ဖြင့် တွေ့ဆုံဆွေးနွေးမှုပင် ရှိခဲ့ကြောင်း၊ ထိုကိုယ်စားလှယ်မှာ မီဒီယာ တစ်ခု၏ အကြီးအကဲတစ်ဦးဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြီးရွှေမန်း၏ အကြံ ပေးအဖြစ် အနီးကပ်ရှိခဲ့ကြောင်း သတင်း များ ကြားသိခဲ့ရသည်။
အမှန်တကယ် လွှတ်တော်များ ပေါ် လာပြီးအစိုးရဖွဲ့စည်းချိန်တွင် အုပ်ချုပ်ရေး အာဏာပိုင်၊ တိုင်းပြည်တွင် နံပါတ်(၁)ဖြစ်မည့် နိုင်ငံတော်သမ္မတနေရာကို ဗိုလ်ချုပ် ကြီး သူရရွှေမန်းမဖြစ်နိုင်တော့ဟု သိလိုက် ရချိန်၌ ၎င်းနှင့်ကပ်၍ တပ်မတော်အစိုးရ လက်ထက် နိုင်ငံရေး ပြောင်းလဲချိန်နေရာရ ရန် ကြိုးပမ်းခဲ့သော ၀န်ကြီး ဗိုလ်ချုပ် အချို့ ရုပ်ပျက်ဆင်းပျက်ဘက်ပြောင်း၍ နိုင်ငံရေး အကွက်ရွှေ့ခဲ့ကြသည်ဟုလည်း အတွင်း ကျကျနေခဲ့ သူများထံမှ ကြားသိခဲ့ရပြန် သည်။ မောင်ရေစက်၏ ““အသင်းကြီးတွင် ပါဝင်ခဲ့စဉ်က””စာအုပ် ထွက်ရှိချိန်တွင် လက် ပြနှုတ်ဆက်၍ ထွက်ခွာသွားသော ဗိုလ်ချုပ် မှူးကြီးသန်းရွှေရှေ့မျက်နှာဖုံး၊ နောက်ကျော ဖုံး၌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ ထိုင်လျက် သြ၀ါ ဒနာခံနေကြပုံများတွင် ဗိုလ်ချုပ်ကြီးသူရ ရွှေမန်း၏ ဓာတ်ပုံမပါရှိခဲ့။ ပြည်သူ့လွှတ်တော် ရုံးသို့သွားရောက်၍ စာအုပ်လက်ဆောင် ပေးခဲ့ချိန်တွင် (အမည် မဖော်ပြလိုသော) ပြည်ခိုင်ဖြိုးတံဆိပ်ပါသည့် လူကြီးတစ်ဦးက ဗိုလ်ချုပ်ကြီးသူရ ရွှေမန်းသည် တပ်မတော် အစိုးရ လက်ထက်က နံပါတ်(၃)အကြီး အကဲဖြစ်ပါလျက် စာအုပ်မျက်နှာဖုံးတွင် ဓာတ်ပုံမပါကြောင်း၊ ဖြစ်နိုင် လျှင် ဤစာအုပ်တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းဓာတ်ပုံ ပါချင်ကြောင်း ပြောဆိုခဲ့သည်။ ကျွန်ုပ် အနေဖြင့် ပြည်ခိုင်ဖြိုး အသင်းကြီးတွင် သက်တမ်းအစအဆုံးနေခဲ့၊ လှုပ်ရှားခဲ့၍ အသင်းကြီး၏ အကြီးအကဲများ (အမှန် တကယ် အာဏာပိုင်ဗဟိုအလုပ်အမှု ဆောင်အဖွဲ့)ကိုခရေစေ့တွင်းကျနီးပါး သိခဲ့ ပါသည်။ ၀န်ကြီးများ၏ အရှိန်အ၀ါသုံး၍ ၀န်ကြီးဌာနလုပ်ပိုင်ခွင့် အခွင့်အရေးငွေကြေး များဖြင့် အသင်းကြီးကို ထူထောင်ခဲ့သူများ ကိုလည်း သိခဲ့ပါသည်။ သို့သော်လည်း ““အသင်းကြီးတွင် ပါဝင်ခဲ့စဉ်က”” စာအုပ် မျက်နှာဖုံးတွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဓာတ်ပုံမထည့်ခြင်းမှာ နိုင်ငံရေးအရ ကိုယ့်အဓိပ္ပာယ်နှင့် ကိုယ်၊ ကိုယ့်ယူဆချက် နှင့်ကိုယ် စီစဉ် ခဲ့ခြင်းသာဖြစ်ပါသည်။ ဤ ဖြစ်စဉ်များကို ဗိုလ်ချုပ်ကြီးသူရရွှေမန်း သိပုံမပေါ်ပါ။ အနီးကပ်တပည့်များ ဆန္ဒ နှင့်လုပ်ရပ်မျှသာ ဖြစ်ပါလိမ့်မည်။
ပြည်ခိုင်ဖြိုးအသင်းကြီးတွင် အသင်း ကြီး၏ နှောင်းပိုင်းကာလမှသာ ဗဟို နာယကအဖွဲ့ဝင်အဖြစ် တိုင်းမှူး ဗိုလ်ချုပ် သူရရွှေမန်းပါဝင်လာခဲ့ခြင်း၊ အသင်းကြီး ဖျက်သိမ်းချိန်အထိ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွင် မပါဝင်ခြင်း၊ အသင်းကြီးဖျက် သိမ်းချိန်အထိ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဒုတိယဥက္ကဋ္ဌများ (ထိုစဉ်က ကြံ့ခိုင်ရေး အမြင့်ဆုံးအာဏာပိုင်)တွင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့်၊ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန် တို့သာ ဖြစ်ခဲ့ခြင်း၊ ၂၀၁၀ရွေးကောက်ပွဲ ကျင်းပချိန်တွင် လည်း ပါတီဗဟိုအလုပ်အမှုဆောင် ကော် မတီ၌ ကျွန်ုပ်သိသလောက် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းမပါဝင်သေးဘဲ ၂၀၁၀ ရွေး ကောက်ပွဲပြီးမှသာ ဗိုလ်ချုပ်ကြီး သိန်းစိန် ပါတီဥက္ကဋ္ဌ တာဝန်မှ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ရ၍ ဗိုလ်ချုပ်ကြီးသူရ ရွှေမန်းကို ပါတီ ဥက္ကဋ္ဌတာဝန် လွှဲခဲ့ခြင်းသာ ဖြစ်ခဲ့ပါသည်။
အမှန်တကယ်ဖြစ်မူ မီဒီယာများက ၀ိုင်းအော်၍သာပါတီဥက်္ကဋ္ဌတာဝန်ကို နိုင်ငံ တော်သမ္မတက ဗိုလ်ချုပ်ကြီးသူရ ရွှေမန်း အားလွှဲခဲ့ခြင်းဟုယူဆပါသည်။ တပ်မတော် ၏ နိုင်ငံရေးအစဉ်အလာအရ ယူနီဖောင်း ချွတ်လိုက်သော တပ်မတော် အကြီးအကဲ ဟောင်းများသည် နိုင်ငံရေးနေရာတစ်ခုခု အကြီးအကဲနေရာတွင် ရှိနေတတ်ကြပါ သည်။ အစဉ်အလာအရလည်း တပ်မတော် စီနီယာအလိုက် သို့မဟုတ် တပ်မတော် အကြီးအကဲ၏ သဘောကျ နှစ်ခြိုက်သူများ စီနီယာအလိုက် နိုင်ငံရေးနေရာရှိခဲ့ ကြပါ သည်။ ကြံ့ခိုင်ရေးအသင်း တည်ထောင်သူ ဗဟို နာယကကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ကို တစ်သဝေမတိမ်းနာခံခဲ့ကြ သော အစိုးရအဖွဲ့ဝင်များနှင့် တပ်မတော် အကြီးအကဲများ ယခု အစိုးရသစ်လက် ထက်အထိ ရာထူးနှင့် နိုင်ငံရေးနေရာ တည်တံ့ မြဲမြံလျက် ရှိနေကြပါသည်။
ဥပမာအားဖြင့် ဗိုလ်ချုပ်မှူးကြီးသန်း ရွှေ၏ အချစ်တော်များဟု နိုင်ငံရေးအသိုင်း အ၀ိုင်းတွင် သိရှိနေကြသည့် ယခင် တပ်မတော်အစိုးရလက်ထက် စက်မှု (၁) ၀န်ကြီး၊ အစိုးရအဖွဲ့ဝင်များနှင့် ကြံ့ခိုင် ရေးဗဟို အလုပ်အမှု ဆောင်များက ““ဆရာကြီး””ဟု ခေါ်ဆိုရသည့် ကြံ့ခိုင်ရေး ပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း (ဗိုလ်မှူးကြီး-ငြိမ်း) သည် ယခုအစိုးရသစ် လက်ထက်တွင် အသက်(၇၀)ကျော် လာ ပြီဖြစ်၍ ကျန်းမာရေးအရ ၀န်ကြီးနေရာ မရသော်လည်း ပြည်သူ့လွှတ်တော်တွင် ရှေ့ဆုံးတန်းမှထိုင်ရသည့် ရေးရာကော်မတီ ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်များ ပါသည့်ပါတီတွင်လည်း ဗဟိုအလုပ်အမှုဆောင် ကော်မတီ၌ ဒုတိယဥက္ကဋ္ဌများထက် မြင့်သော (ပါတီဥက္ကဋ္ဌနှင့် တန်းတူဟု ယူဆရမည့်နေရာ) ပါတီဗဟိုအတိုင်ပင်ခံနံပါတ်(၁)နေရာ ဖြင့် နိုင်ငံရေး အရ နေရာယူထားနိုင်ခြင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်းအတွက် လာဘ်ကောင်းသည်ဟု ဆို၍ တပ်မတော်မှ သည် နယကအစိုးရ သက်တမ်းအဆုံးတိုင် အောင် အစိုးရအဖွဲ့ဝင် ၀န်ကြီးဖြစ်ခဲ့ပြီး ဗိုလ်ချုပ်(ငြိမ်း)ဖြစ်သည့် ဦးခင်အောင်မြင့် သည် ယခု အစိုးရသစ်လက်ထက်တွင် ၎င်းထက် စီနီယာများ၊ ၎င်းထက် နိုင်ငံရေး အရ ၀ါကြီး သူများရှိပါလျက် အရေးကြီး သော အမျိုးသား လွှတ်တော်(ပြည်သူများ က အထက်လွှတ်တော်ဟု သိရှိနေ သည့်)တွင် ဥက္ကဋ္ဌနေရာဖြင့် ပထမဆုံးပြည်ထောင် စုလွှတ်တော် နာယကကြီး နေရာကို (၂)နှစ်ခွဲတိုင် ထိုင်ရ လျက် ပြည်ထောင်စုလွှတ် တော် အစည်းအဝေးတွင် ယခင်အစိုးရ လက်ထက်က ၎င်းင်းထက်ရာထူးကြီးခဲ့ ကြ သည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များ၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် အကြီးအကဲများ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင် ဆန်းစုကြည် ပါဝင်သည့် ရေးရာကော်မတီဥက္ကဋ္ဌများ၊ အာဏာရ ကြံ့ခိုင် ရေး ပါတီတွင်လည်း ၎င်းထက် တာဝန်ကြီးသော လွှတ်တော်ကိုယ်စားလှယ်များအား လုံးတို့၏ ဦးညွှတ် ဂါရ၀ပြုခံခဲ့ရခြင်းများ တွေ့ရှိခဲ့ရသည်။
အဆိုပါ နိုင်ငံရေးနေရာ ရရှိမှုဖြစ်စဉ် များမှာ ကြုံကြိုက်၍၊ အများရွေးချယ်၍၊ အဆင်သင့်၍ ဖြစ်ပေါ်ခဲ့ခြင်း မဟုတ် ကြောင်း၊ သာမန်လူ၊ သာမန်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များကထိုကဲ့သို့သော နိုင်ငံ ရေးအကြီး အကဲ နေရာများမရနိုင် ကြောင်း ယူဆမိပါသည်။ ကျွန်ုပ်၏ ယူဆချက်များ သည် အာဏာရကြံ့ခိုင်ရေးပါတီ ဗဟို အတိုင်ပင်ခံ (၁)ဦးအောင်သောင်းနှင့် ပါတီ ဗဟိုကော်မတီဥက်္ကဋ္ဌ ဗိုလ်ချုပ်ကြီး သူရရွှေ မန်းတို့ကို တွေ့ဆုံ ဆွေးနွေးခွင့်ရ ပြီးနောက် ပိုမိုခိုင်မာလာပါသည်။
မည်သူများက မည်မျှပင်ယူဆနေကြ ပါစေ မြန်မာ့နိုင်ငံရေး အပြောင်းအလဲများ သည် သူရဲကောင်းဝါဒ (သို့တည်း မဟုတ်) အမျိုးသားရေးခေါင်းဆောင်ဟု ၎င်းတို့ သတ်မှတ် ယုံကြည်နာခံကြသည့်စစ်ခေါင်း ဆောင် (ယခု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ/ ယခင်က ဗိုလ်ချုပ်ကြီးနေ၀င်း)တို့ကြောင့် ပြောင်းလဲခြင်းဖြစ်ခဲ့သည်သာ။
သမ္မတရုံးဝန်ကြီးများကို သမ္မတလူကြမ်းအဖွဲ့ဟုရေးသား ပြောဆိုခြင်းအတွက် ဟက်ဟက်ပက်ပက် ရယ်မော နေခဲ့ပြီး ဗိုလ်ချုပ်ကြီးသူရရွှေမန်းက သမ္မတရုံးဝန်ကြီးတွေကို သမ္မတလူကြမ်း အဖွဲ့ဟု ရေးတဲ့အခါကျတော့ ခံနိုင်မယ်လို့တော့ မထင်ပါဘူး . . . အာဏာတည်ဆောက်တယ်ဆိုတာလည်း လူ့သဘာဝအရ ဖြစ်နိုင်တဲ့ အရာဖြစ်ကြောင်း . . .
ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းကို ရန်ကုန်မြို့နေအိမ်တွင် သွားရောက်တွေ့ ဆုံစဉ်က မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုများ နှင့်စပ်လျဉ်း၍ ပြောကြားခဲ့ရာတွင် နယက အစိုးရမှ အစိုးရသစ်မပြောင်းလဲမီ နောက် ဆုံး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစည်းအဝေး ကျင်းပရာ၌ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အစိုးရသစ်တွင် အစိုးရအဖွဲ့ဝင်နေရာလျာ ထားသူများ၊ လွှတ်တော် အသီးသီးတွင် ဥက္ကဋ္ဌနေရာ လျာထားသူများအားလုံး ခေါ် ယူပြီး နိုင်ငံတော်အလံကို ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌလက်သို့ လွှဲအပ်၍ နိုင်ငံတော် အာဏာကို ပါတီသို့လွှဲပြောင်း ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း မိန့်ကြားခဲ့သည်ဟု ဦးအောင် သောင်းက မြန်မာ သံတော်ဆင့်သို့ ပြော ကြားခဲ့သည်။ ထိုသတင်းကို အစိုးရမီဒီယာ များက မဖော်ပြဘဲ (၂)နှစ်ကျော် အကြာ ဦးအောင်သောင်း ထုတ်ဖော်ပြောကြားမှ သာ မြန်မာသံတော်ဆင့်မှ တစ်ဆင့်ပျံ့နှံ့ သွားခဲ့သည်။
အစိုးရ မီဒီယာနှင့် အာဏာရကြံ့ခိုင် ရေးပါတီမှ သတင်းမထုတ်ပြန်သော နိုင်ငံ ရေးအပြောင်းအလဲ အရေးကြီး သည့် သတင်း ကို ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက စကားစပ်မိ၍ မြန်မာ သံတော်ဆင့် မေးမြန်းမှုအရ ထုတ်ဖော်ပြော ကြားခဲ့ခြင်းသည် နိုင်ငံရေးအရမည် သည့် လှည့်ကွက်ဖြစ်မည်နည်းဟုလည်း တွေးခဲ့ပါ သည်။ ပြောချိန်တန်၍ပြောရခြင်း ဆိုသော် လည်း အစိုးရမီဒီယာများက ထုတ်ဖော်သင့် သည့် မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ သတင်းကို ပုဂ္ဂလိကမီဒီယာမှတစ်ဆင့်ပြော ကြားခဲ့ခြင်းသည် မည်သို့သော နိုင်ငံရေး အယူအဆနှင့် အာဏာရပါတီတွင် မည်သူ များက မည်မျှကြိုးကိုင် ခြယ်လှယ်ခွင့်ရနေ ကြသည်ကို မှန်းဆနိုင် ပါသည်။ အနီးစပ် ဆုံးနိုင်ငံရေး သတင်းအရ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းနှင့် လက်ရှိပါတီ ဗဟို ကော်မတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ နိုင်ငံရေး အယူအဆသဘောထားများ မတူညီကြောင်း ကွဲလွဲလျက်ရှိကြောင်း သိရှိထား ရပါသည်။
ဖြစ်နိုင်ခြေတစ်ခုမှာ ဗိုလ်ချုပ်ကြီးသူရ ရွှေမန်းပါတီ ဥက္ကဋ္ဌတာဝန်ယူထားချိန်တွင် အမေရိကန်ခရီးစဉ်၌ ဖြေဆို ချက်တွင် ကြံ့ ခိုင်ရေးနှင့် NLD ပါတီ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းနိုင်ကြောင်း ထုတ်ဖော်ပြောကြားပြီး နောက် ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း က မြန်မာနိုင်ငံတွင် မြန်မာသံတော်ဆင့် အယ်ဒီတာ အား၎င်းကဲ့သို့ ဥက္ကဋ္ဌသူရ ဦးရွှေ မန်းပြောကြားချက်သည် ပါတီ ဗဟိုကော် မတီဆုံးဖြတ်ချက် မဟုတ်ကြောင်း၊ မိမိ မသိရှိ ကြောင်း၊ ပြောကြားချက်ကို ဖတ်ရှု ရကြောင်းစသည်ဖြင့် ထုတ်ဖော်ပြောကြားခဲ့ခြင်းကြောင့်လည်း ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပါတီဗဟိုအတိုင် ပင်ခံတို့ သဘောထား ကွဲလွဲမှုရှိနိုင်ကြောင်း သုံးသပ်ရပါသည်။
ထိုအထဲတွင် မြန်မာသံတော်ဆင့် သတင်းဂျာနယ်မျက်နှာဖုံး၌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အမျိုးသမီး (၂)ဦးကိုယ်ဟန်ပြအနေအထားဖြင့် ကားပါမစ် ရခဲ့ကြောင်း သတင်းအတွက် ယခင်ကြံ့ခိုင် ရေးပါတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ သမ္မတ ရုံးဝန်ကြီး (၁) ဦးစိုးသိန်းက ၎င်းင်းနှင့်နီးစပ် သော ဂျာနယ်များတွင် ဟက်လိုင်နာ များက တိုက်ခိုက်ခြင်းဖြစ်ကြောင်း တုံ့ပြန်၍ ထို သူများသည်နိုင်ငံရေးနောက်ကြောင်း ပြန် လှည့်လိုသူများ ဖြစ်ကြောင်း စွပ်စွဲပြောဆို ခြင်းကို အာဏာရကြံ့ခိုင်ရေးပါတီ ဗဟို အတိုင်ပင်ခံဦးတင်ထွတ်က ၎င်းတို့အနေ ဖြင့် ဘာလိုင်နာမှ မဟုတ်ကြောင်း၊ ဘယ်သူ့ကိုမှလည်း မဟက်ကြောင်း၊ ဗဟိုအတိုင် ပင်ခံ ဦးအောင်သောင်းက ပြောသူကကော ဘာလိုင်နာလဲဟု ပြန်လည်မေးခွန်းထုတ် ခဲ့ခြင်းများသည် အာဏာရကြံ့ခိုင်ရေးပါတီ ဗဟို ကော်မတီဝင်များ အချင်းချင်း နိုင်ငံရေး အယူအဆမျိုးစုံဖြင့် ရှိနေကြသည်ကို ပါတီဗဟိုကော်မတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်မှု၌ တွေ့မြင်နေရသော အနေ အထားများပင်ဖြစ်ပါသည်။
ကျွန်ုပ်အနေဖြင့်မူ ဦးခင်အောင်မြင့် ပြည်ထောင်စုလွှတ်တော်နာယက ရှိနေစဉ် တွင်ပင်သွား ရောက်တွေ့ဆုံ ဆွေးနွေး မေးမြန်းခွင့်ရပြီး ပြည်သူ့လွှတ်တော် ဥက်္ကဋ္ဌ သူရဦးရွှေမန်းကိုလည်း တွေ့ဆုံ မေးမြန်းဖို့ ကြိုးစားတိုင်း ဥက္ကဋ္ဌကြီးက မအားလပ်လို့ပါ၊ ယခုလို ပြောကြားတာကို ကျေးဇူးတင်ပါ တယ် စသည်ဖြင့်သာ ဥက္ကဋ္ဌသူရဦး ရွှေမန်း၏ အနီးကပ်ပုဂ်္ဂိုလ်များထံမှ ပြန်လည်သိရှိခဲ့ ရသည်။ ဖောက်ခွဲလိုက်သော သတင်းတစ်ခုမှာ ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန်ခရီးစဉ်တွင် NLD ပါတီနှင့် ကြံ့ခိုင်ရေးပူးပေါင်း ၍ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင် ကြောင်း အတွက် သူရဦးရွှေမန်းမြန်မာနိုင်ငံသို့ ပြန် လာလျှင် ဖြေရှင်းရမည်ဟူ၍ ပါတီဗဟို အတိုင်ပင်ခံ ဦးအောင်သောင်းက ရုရှား တွင်ကွန်မြူနစ်ပါတီအကြီးအကဲ ခရူးရှက်ဗ်က ဖိနပ်ဖြင့်စားပွဲကိုပေါက်၍ ပြောကြား ခြင်းကြောင့် ပါတီဗဟိုကော်မတီက ရှုတ်ချ ကန့်ကွက်ခြင်း ဥပမာပေးပြောကြားခဲ့ခြင်း သတင်း ပင်ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီးသူရ ရွှေမန်းကဲ့သို့ တစ်ချိန်က တပ်မတော်အစိုးရ နံပါတ်(၃)အကြီးအကဲကို ပြန်လာလျှင် ပါတီသို့ ဖြေရှင်းရမည်ဟူ၍ ရဲရဲတောက် ပြောကြားခဲ့သောသတင်းအတွက် နိုင်ငံ ရေး အသိုင်းအ၀ိုင်းတွင် တစ်မု ဟုတ် ချင်း ပျံ့နှံ့သွားခဲ့ပြီး ပါတီဗဟိုကော်မတီ၌လည်း ပါတီတွင်း ဒီမိုကရေစီကျင့်စဉ်များအတွက် လှုပ်ရှားမှုများ ရောင်နီသမ်း လာခဲ့သည်။ သို့သော်လည်း ပြောကြားခဲ့သူ ဦးအောင် သောင်းကဗိုလ်ချုပ်ကြီးသူရရွှေမန်း အပေါ် မျက်နှာပူမိကြောင်း၊ ဤမျှလောက် ပြင်း ထန်သောစကားလုံး မဟုတ်ကြောင်း၊ အယူအဆမျှသာဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့ပြီးနောက် ရိုက်ခတ်ခဲ့သော လှိုင်းဂယက်များလည်း ငြိမ်သက်သွားခဲ့ သည်။
ထို့နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီးသူရ ရွှေမန်းအနေဖြင့် ပြည်ထောင်စုလွှတ် တော်နာယက တာဝန်ထမ်းဆောင် ခဲ့ပြီး နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် တပူးတွဲတွဲ မီဒီယာ များကို တွေ့ဆုံလာ ခဲ့သည်။ မြန်မာသံတော်ဆင့်မှ ဦးအံ့ခေါင် မင်း လွှတ်တော်အတွင်းသို့ ၀င်ရောက်၍ မိသားစု စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွှယ်သည့် မေးခွန်းများသည် ကိုယ်ရေးကိုယ်တာ အတွက် ထိခိုက်စေ သည်ဟု ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ကိုယ်ရံတော်အချို့က ယူဆ လာကြသည်။ မြန်မာသံတော်ဆင့်နှင့်ဗိုလ် ချုပ်ကြီးသူရရွှေမန်း သီးခြားတွေ့ဆုံရန် အကြောင်းဖန် လာခဲ့သည်။ မြန်မာသံတော် ဆင့်အနေဖြင့် နိုင်ငံရေးအရ မည်သည့် လှုပ်ရှားမှုမျိုးမျှ မပြုလုပ်ခဲ့ပေ။ ရိုးရှင်းသော မီဒီယာသမားအနေဖြင့်သာ ရပ်တည်ခဲ့ သည်။ မြန်မာ သံတော်ဆင့်ကို စောင့်ကြည့် ဝေဖန် ဖတ်ရှုလျက်ရှိကြသော သူများသည် အနယ်နယ် အရပ်ရပ်မှ စာဖတ် ပရိသတ် များ၊ မြန်မာသံတော်ဆင့်၏ ထမင်းရှင်၊ ကျေးဇူးရှင် ပြည်သူများသာ ဖြစ်သည်။ ဗိုလ်ချုပ်ကြီးသူရ ရွှေမန်းကို မြန်မာသံတော်ဆင့်က တွေ့ဆုံခြင်းမှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် နောက်ကွယ်၌ လှုပ် ရှားမှုများ၊ တစ်နည်းအားဖြင့် မြန်မာ့နိုင်ငံ ရေးဇာတ်ခုံ၏ ကန့်လန့်ကာ နောက်ကွယ် ကဖြစ်ရပ်များကို ကွင်းကွင်း ကွက်ကွက် သိရှိခဲ့ရသည်။ ကျွန်ုပ်အနေဖြင့် ဗိုလ်ချုပ် ကြီးသူရရွှေမန်းကို ကျေးဇူးတင်ကြောင်း၊ လေးစားကြောင်း ထုတ်ဖော်မပြောကြားလိုပါ။ ကျွန်ုပ်၏စာဖတ်ပရိသတ်များ အလိုကျ မေးမြန်းခွင့်ရခဲ့ပြီး ၎င်းတို့ကိုယ်တိုင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းပြောကြားချက်၊ ဖြေဆို ချက်များအပေါ်သဘောထား မှတ်ချက်များ ရှိနေမည်သာ ဖြစ်ပါသည်။
စတင်တွေ့ဆုံစဉ် ယခင်တပ်မတော် အစိုးရအကြီးအကဲတစ်ဦးဖြစ်ခဲ့သည့် ဗိုလ် ချုပ်ကြီးသူရရွှေမန်းက ၎င်းနေ အိမ်ကား ဂိုဒေါင်နှင့်ကပ်လျက် သီးသန့်အဆောက် အအုံငယ်သို့လာရောက် တွေ့ဆုံခဲ့ပြီး ကဲ ဘာလုပ် မလဲ၊ မင်းတို့ ခိုင်းတာ ငါလုပ်မယ်၊ ဒီနေ့တော့ မင်းတို့သဘောပဲဟူ၍ မီဒီယာ သမားများကို ရင်းရင်းနှီးနှီး ပြောကြား ခဲ့ခြင်း၊ လွှတ်တော်အတွင်း ၎င်းအား ဦးအံ့ခေါင်မင်း မေးမြန်းချက်များ အတွက် ဖြေဆိုပြီးနောက် သတင်း ဖော်ပြ ရာတွင် ဖြတ်တောက်စရာ မလို၊ မီဒီယာသဘောအတိုင်းပြုမူရန်သာ ဖြစ်ကြောင်း၊ ကျေးဇူးလည်းတင်ကြောင်း ကိုယ်တိုင်ဆက်သွယ်ပြောကြားခဲ့ခြင်း များ သည် ဗိုလ်ချုပ်ကြီးသူရရွှေမန်း၏သမိုင်း ပင်ဖြစ်ပါသည်။ ကျွန်ုပ် အနေဖြင့်မူ သတင်း စာသမားတစ်ဦး၏ တာဝန်ထမ်းဆောင်ခဲ့ ခြင်းမျှသာ။ ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် တွေ့ဆုံခဲ့ စဉ် မှန်မမှန်တော့ မသိပါ။ ဟက် ဟက်ပက်ပက်ရယ်မော၍ ပြုံးရွှင်သွားသော ကိစ္စရပ်တစ်ခုသာ ရှိခဲ့သည်ဟု ဆိုသည်။ ဤသည်မှာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌကြီး သမ္မတဦးသိန်းစိန်အပေါ် သမ်္မတရုံးဝန်ကြီး များကနိုင်ငံရေး အရ လှည့်ဖြားမှုများ ရှိခဲ့ ခြင်းအတွက် သမ္မတရုံးဝန်ကြီးများကို သမ္မတလူကြမ်းအဖွဲ့ဟု ရေးသားပြောဆို ခြင်း အတွက် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ မှတ် ချက်ပေးပါရန် မေးမြန်းချက်အား တော်ရုံ နှင့်မဖြေနိုင်ဘဲ ဟက်ဟက် ပက်ပက် ရယ် မောနေခဲ့ခြင်းဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီးသူရ ရွှေမန်းက သမ္မတရုံးဝန်ကြီးတွေကို သမ္မတ လူကြမ်း အဖွဲ့ဟု ရေးတဲ့အခါကျတော့ ခံနိုင်မယ်လို့တော့ မထင်ပါဘူး။ အာဏာ တည်ဆောက်တယ်ဆိုတာလည်း လူ့ သဘာဝအရ ဖြစ်နိုင်တဲ့ အရာဖြစ်ကြောင်း၊ အာဏာမရခင် ပူးပေါင်းပြီး အာဏာရပြီး နောက် အာဏာရှိသည့် ဘက်ကို ကူးပြောင်းသည်မှာလည်း လူ့စိတ်သဘာဝ အရသာ ဖြစ်ပြီး ထိုဖြစ်စဉ်များအပေါ်ခံစားချက်မထား ကြောင်းပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။
သမ္မတလူကြမ်းအဖွဲ့ဟု သုံးသပ်ခြင်း ခံရသည့် သမ္မတရုံးဝန်ကြီးများအနေဖြင့် မူတုတ်တုတ်မျှ မလှုပ်ကြဘဲ မီဒီယာရေး သားချက်များအပေါ် လျစ်လျူရှုနေခဲ့ကြ သည်။ ဗိုလ်ချုပ်ကြီးသူရရွှေမန်းအနေဖြင့် မီဒီယာအပေါ် ချုပ်ချယ်ခြင်းမရှိဘဲ ပွင့်ပွင့် လင်းလင်း တွေ့ဆုံရေးသားခဲ့ခြင်းများအား ခွင့်ပြုပေးခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် မီဒီ ယာအပေါ်၊စာနယ်ဇင်းများအပေါ် သဘော ထားအလွန်တရာကြီးမားကြောင်း၊ မြန်မာ့ နိုင်ငံရေးတွင် မီဒီယာနှင့် စာနယ်ဇင်းများ အပေါ် ထိန်းကျောင်းပေးရန် အထင်ရောက် နေကြသည့် ဗိုလ်ချုပ်ကြီးဟောင်းများနှင့် စတုတ္ထ မဏ္ဍိုင်ကို ထိန်းကျောင်းလိုသည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ အယူအဆ ကို ရိုက်ချိုးလိုက်ခြင်းမှာ ဗိုလ်ချုပ် ကြီးသူရ ရွှေမန်းအတွက် နိုင်ငံရေးအလားအလာ ရှေ့သို့ မည်သို့မည်ပုံ ဖြစ်လာနိုင်မည်နည်း ဟု တွေးနေမိ ပါသည်။
မောင်ရေစက်
Myanmartandawsint Newspaper
ကျွန်တော်နှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်း
Reviewed by သစ်ထူးလွင်
on
12:29
Rating: